နိုဝင်ဘာထုတ် Vogue သြစတြေးလျရဲ့ Cover မှာ ပါဝင်ပေးခဲ့တဲ့ Bella Hadid

Image:IG/Bella Hadid/Vogue

Bella Hadid ကတော့ ကမ္ဘာကျော် အမေရိကန် စူပါမော်ဒယ်တစ်ယောက်ပါ။နာမည်ကြီး ဖက်ရှင် Show တွေ မှာ မပါမဖြစ် အမြဲ တွေ့နေရသူပါ။နာမည်ရင်းကတော့ Isabella Khair Hadid ပါ။သူမဟာ (၂၀၁၆) ခုနှစ် တုန်းက ဆိုရင် “Model of the Year”  အဖြစ် မဲပေးရွေးချယ်ခံခဲ့ရသူပါ။အသက်ကတော့ (၂၃)နှစ်ပဲရှိပါသေးတယ်။မကြာသေး ခင်တုန်းကလည်း Golden Ratio အလှအပစံနှုန်းအရ ကမ္ဘာ့ အလှဆုံး အမျိုးသမီး အဖြစ် သတ်မှတ်တာကို ခံ ခဲ့ရပါတယ်။

 

View this post on Instagram

 

i love you guys

A post shared by (@bellahadid) on

Image:IG/Bella Hadid

စူပါမော်ဒယ်အလှလေး Bella Hadid ကတော့ Vogue သြစ တြေးလျ မဂ္ဂဇင်းအတွက် ဓါတ်ပုံရိုက်ကူးပေးခဲ့ ပါတယ်။နိုဝင်ဘာလထုတ်မဂ္ဂဇင်းမျက်နှာဖုံးမှာတော့ သူမရဲ့ အမိုက်စား ပုံရိပ်တွေကို တွေ့ရမှာပါ။ သူမရဲ့ အမိုက်စား မဂ္ဂဇင်း ပုံတွေကိုတော့ ဓါတ်ပုံဆရာ Daniel Jackson, က ရိုက်ကူးပေးထားပြီး Style ကတော့ Christine Centen era ရဲ့ ဖန်တီးပေးမှုပါ။ ပုံတွေထဲမှာတော့ ကောင်းဘွိုင်ဦးထုပ်ဒီဇိုင်းနဲ့ Bella Hadid ကို တွေ့ရမှာပါ။ Black & White ပုံလေးတွေပါ။

READ
စိတ်ပင်ပန်းနေတဲ့အကြောင်းကို ဖွင့်ဟလာတဲ့ မထက်
Image Source: Vogue
Image Source: Vogue
Image Source: Vogue

တခြားမော်ဒယ်တွေနဲ့ မတူပဲ ထူးခြားကွဲ ထွက်နေတဲ့ ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားရတဲ့ အကြောင်းကတော့  သူမရဲ့ မေမေ က ဒတ်ခ်ျ ဖြစ်ပြီး အ ဖေကတော့ ပါလက်စတိုင်းပါ။ မွေးချင်းနှစ်ယောက်ရှိပြီး တစ်ယောက်ကတော့ အားလုံး သိထားတဲ့ စူပါမော်ဒယ် Gigi ပါ။ နောက်တစ်ယောက်ကတော့ မောင်လေးဖြစ်ပြီး Anwar ပါ။ စူပါမော်ဒယ် လေးရဲ့ နှလုံးသားကို အပိုင်သိမ်းထားသူကတော့ အဆိုတော် The Weeknd   ပါ။ (၂၀၁၅)တည်းက တွဲ လာခဲ့ကြတာပါ။ Hadid  ကတော့ The Weeknd  ရဲ့ MV “In the Night”  မှာလည်း ပါဝင်သရုပ်ဆောင်ပေးခဲ့ဖူးပါတယ်။ (၂၀၁၆) Grammy ဆုပေးပွဲရဲ့ ကော်ဇောနီထက်ကိုလည်း နှစ်ယောက်အတူ တက်ရောက်ခဲ့ကြဖူးပါတယ်။

READ
ဒိတ်ဒိတ်ကြဲ သူဌေးတွေနဲ့ လက်ထပ်ခဲ့တဲ့ ကိုရီးယားမင်းသမီးများ
Image Source: Vogue
Image Source: Vogue

(၂၀၁၆)နိုဝင်ဘာမှာတော့ အလုပ်တွေ သိပ်များပြီး တစ်ယောက်နဲ့ တစ်ယောက် အချိန်ပေးဖို့ မဖြစ်နိုင်တော့လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ လမ်းခွဲ ခဲ့ပါတယ်။ Hadid နဲ့ လမ်းခွဲပြီးနောက်မှာတော့ The Weeknd  က Selena နဲ့ တွဲ ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ Selena နဲ့ ပြတ်ပြီး (၂၀၁၈) လောက်မှာတော့ Hadid ဆီကို ပြန်ရောက်လာခဲ့ပါတယ်။ (၂၀၁၉) မှာတော့ ထပ်ပြီး လမ်းခွဲခဲံပါတယ်။ (၂၀၁၉) အောက်တိုဘာမှာတော့ ပြန်ပေါင်းထုပ်ခဲ့ကြပါတယ်။(၂၀၁၅) ကနေ (၂၀၁၉) အထိ ပြတ်လိုက် ဆက်လိုက် ဖြစ်နေတဲ့ စုံတွဲပါ။

Image:IG/Bella Hadid
Image:IG/Bella Hadid

Source:Vogue

SHARE