ဇာတ်ကားသစ်အကြောင်း အရိပ်အမြွက် ထုတ်ပြောလိုက်တဲ့ Bella Thorne

Image:IG/Bella Throne

Bella Thorne   ကတော့ အသက် (၂၂)နှစ်အရွယ် မင်းသမီး ချောလေးပါ။Disney Channel  ရဲ့  မင်းသမီးလေး ဖြစ်ခဲ့ဖူးပါတယ်။နောက်ပိုင်းမှာ တော့ သူမယုံကြည်ရာ ကို ရွေးချယ် နိုင်ဖို့ အတွက် Porn လောကထဲကို ခြေစုံပစ်ဝင် ရောက်ခဲ့ပါတယ်။မနှစ်က မှ စပြီး သူမရဲ့ Career Life ကို ရဲရဲ ၀ံ့ဝံ့ ပြောင်းလဲ ပစ်ခဲ့တာပါ။သူမရဲ့ ပထမဆုံး လူကြီးကား   Her & Him ကို လည်း ရိုက်ကူးခဲ့ပါတယ်။

Image:IG/Bella Throne
Image:IG/Bella Throne

အခုဆိုရင်တော့ Bella Thorne တစ်ယောက် နောက်ထပ် ဇာတ်ကားသစ်ရိုက်နေပါတယ်။ဇာတ်ကားသစ်ကိုတော့ LA မှာ ရိုက်နေတာပါ။သူမနဲ့ အတူ  Zendaya  လည်း အတူ သရုပ်ဆောင်နေပါတယ်။Bella ကတော့ သီလရှင်ပုံစံ ၀တ်ထားပြီး သူမရဲ့ IG မှာလည်း ပုံတင်ထားပါတယ်။ Habit ဆိုတဲ့ သူမရဲ့ Project အတွက် ရိုက်နေတာပါ။

 

View this post on Instagram

 

Nun -ya-business New week new movie 🌹

A post shared by BELLA (@bellathorne) on

Image:IG/Bella Throne

IG က ပုံမှာတော့ “Nun -ya-business New week new movie,”  ဆိုပြီး နှင်းဆီ Emoji တွေနဲ့ အတူ Caption ရေးထားပါတယ်။သူမရဲ့ လည်ပင်းမှာတော့ လက်ဝါးကပ်တိုင် ရွှေဆွဲ ကြိုးကို ဆွဲ ထားပါတယ်။Bella ကတော့ သူမရဲ့ အလုပ်နဲ့ ပတ်သက်ပြီး တရားဝင် အတည်ပြု ထုတ်ပြောတာမျိုးတော့ မရှိသေးပါဘူး။ဒါပေမယ့် နှင်းဆီ Emoji ကတော့ Masquerade ထဲက Rose ဆိုတဲ့ သူမရဲ့ ဇာတ်ကောင်ကိုပဲ အရိပ်အမြွတ်   ပြောချင်တာလား ဆိုပြီး ထင် ကြေး ပေး ပြော နေကြပါတယ်။Bella ရဲ့ ပရိသတ်တွေ အတွက် တော့ The Babysitter 2 ၊ thriller Girl, TV series Paradise City ၊ အက်ရှင်ဟာသ  Chick Fight ဆိုတဲ့ ဇာတ်ကားသစ်တွေ ထွက်ဖို့ရှိပါတယ်။

Source:themirror

READ
လင်ယူသားမွေးအကြောင်း မေးတဲ့ အင်တာဗျူးသမားကို Taylor Swift တုံ့ပြန်

 

SHARE