ဆွဲဆောင်မှုရှိရင်ယောက်ျားမိန်းမမရွေးကြိုက်တယ်ဆိုတဲ့ Midtnight Sun မင်းသမီးလေး

@bellathrone/Instagram
Midnight Sun/Universal Pictures

Midnight Sun ထဲက နေထိလို့မရတဲ့ မိန်းကလေးနေရာကနေ သရုပ်ဆောင်ထားခဲ့တဲ့ Bella Thorne ကို အားလုံးမှန်မိကြမယ်ထင်ပါတယ်။

@bellathrone/Instagram

ဒီနောက်ပိုင်းမှာလည်း Bella Thorne လေးဟာ bisexual လိုလို၊ လိင်တူစိတ်ဝင်စားသူတစ်ယောက်လိုလို သတင်းတွေတောက်လျှောက်ထွက်ခဲ့ပါသေးတယ်။

@bellathrone/Instagram

သူမရဲ့လိင်စိတ်တိမ်းညွန့်မှုနဲ့ပတ်သက်ပြီး Insider မှာ အခုလိုဖော်ပြထားခဲ့ပါတယ်။ မကြာသေးခင်ကပဲ Bella Thorne The Life of a Wannabe Mogul: Mental Disarray ဆိုတဲ့ ကဗျာစာအုပ်တစ်အုပ်ထွက်လာခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Insider သတင်းဌာနနဲ့ အင်တာဗျူးလုပ်ခဲ့စဉ်မှာတော့ Bella Thorne လေးဟာ ဆွဲဆောင်မှုရှိသူမှန်သမျှကို ကြိုက်တယ်ဆိုပြီးဖြေခဲ့ပါတယ်။

 

 

View this post on Instagram

 

All your thoughts about my book are making my head spin 😍😍 I love u guys 🔥🔥🔥🔥🔥🔥#thelifeofawannabemogul 4 DAYS 7/23

A post shared by BELLA (@bellathorne) on

အရင်တုန်းကလည်း သူမကို bisexual လိုလို homosexual လိုလို ထင်ခဲ့ကြတာနဲ့ပတ်သက်ပြီး Bella Thorne က သူမဟာ ဘာမှမဟုတ်ဘဲ pan sexual တစ်ယောက်သာဖြစ်တယ်လို့ tweet လုပ်ခဲ့ပါသေးတယ်။ Pan sexual ဆိုတာ ရှင်းရှင်းပြောရရင်တော့ ယောက်ျားစိတ်၊ မိန်းမစိတ်စစ်စစ်၊ လိင်တူကြိုက်သူ၊ bisexual စတဲ့ ဘယ်လိုပဲလိင်စိတ်တိမ်းညွန့်ညွန့် ချစ်မိရင်အဆင်ပြေတဲ့ သူတွေပဲဖြစ်ပါတယ်။

READ
လုံးဝ အလွင့်ဖြစ်နေတဲ့ ပရိသတ်အချစ်တော် သင်ဇာဝင့်ကျော်
@bellathrone/Instagram
@bellathrone/Instagram

Bella Thorne ကတော့ အင်တာဗျူးမှာ “I like sexy. I love skin, like I love seeing skin. I like sexy, I like sexy girls, I like sexy guys. I like sexy in general, you know?” ဆိုပြီး ပြောခဲ့ပါတယ်။ Bella Thorne ဟာ ခဏတိုင်းလိုလိုပဲ သူမရဲ့ ချစ်သူတွေနဲ့ပတ်သက်ပြီး ဘာမှဖုံးကွယ်ထားခြင်းမရှိဘဲ ပရိတ်သတ်တွေကို ပွင့်ပွင့်လင်းလင်းချပြပေးခဲ့သူလေးပါ။

ငယ်စဉ်ဘဝက လိင်အကြမ်းဖက်ခံရဖူးတာကစလို့ အခု ၂၁ နှစ်အရွယ်အထိ ဘယ်လိုရပ်တည်လာခဲ့တယ်ဆိုတာနဲ့ပတ်သက်လို့ ရခဲ့သမျှ ဒဏ်ရာတွေ၊ စိတ်ဓာတ်ကျမှေုတွေနဲ့ပတ်သက်လို့ သူမအခုရေးထားတဲ့ စာအုပ်ထဲမှာ စာသားတွေနဲ့ ပုံဖော်ထားခဲ့ပါတယ်။

Penny

SHARE