မလုံ့တလုံပုံတွေတင်တဲ့အင်စတာဂရမ်မော်ဒယ်လေး ရဲ့အကောင့်ပိတ်သိမ်းခံရ

Twitter "Dexerto"

အင်စတာဂရမ်မှာနာမည်ကြီးနေတဲ့ အသက်(၁၉)နှစ်အရွယ် အင်စတာဂရမ်မော်ဒယ်လေး Belle Delphine ဟာ ဇူလိုင်လတုန်းက သူမရဲ့အင်စတာဂရမ်အကောင့် ပိတ်သိမ်းခြင်းခံရပါတယ်။ Belle Delphine ဟာ ရေငတ်နေတဲ့ဂိမ်းသမားကောင်လေးတွေအတွက်ရည်ရွယ်ပြီး ချိုးရေထည့်ထားတဲ့ဗူးတွေကို အင်စတာဂရမ်ကနေရောင်းချခဲ့ပါတယ်။ဒီရေတစ်ဘူးကို အမေရိကန်ဒေါ်လာ(၃၀)ပေးဝယ်ရပါတယ်။ဒီရေဘူးရောင်းတဲ့ပို့စ်ကိုတင်ပြီး တစ်ပတ်အကြာမှာ သူမရဲ့အင်စတာဂရမ်အကောင့်ပိတ်သိမ်းခံခဲ့ရတာပါ။

Belle Delphine ဟာ (၂၀၁၅)ခုနှစ်ကတည်းက အင်စတာဂရမ်ပေါ်မှာ သူမရဲ့မလုံ့တလုံဝတ်စား ထားပြီးရိုက်ထားတဲ့ပုံတွေနဲ့နာမည်ကြီးလာတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

 

သူမရဲ့အကောင့်ကို မပိတ်သိမ်းခင်မှာ သူမရဲ့အင်စတာဂရမ်ဟာ follower(၄.၅)သန်းဝန်းကျင်လောက်ရှိပါတယ်။နောက်ထက်တစ်ခုကတော့ Belle Delphine ရဲ့ညစ်ညမ်း HD ဓာတ်ပုံတွေကိုတွေကြည့်နိုင်ဖို့ Patreon ကုမ္ပဏီမှာ ဘယ်သူမဆို တစ်လကိုအမေရိကန်ဒေါ်လာ(၂၅)ဒေါ်လာအပေါင်အဖြစ်ပေးရပါတယ်။ဒီလုပ်ဆောင်ချက်ကို ထောက်ခံသူအယောက်(၄၄၀၀)နီးပါးရှိပါတယ်။ဒေါ်လာ(၅၀)ပေးသူကို သူမရဲ့ Snapchat ထဲကိုဝင်ခွင့်ပေးခဲ့ပါတယ်။ သူမဟာ စကားခပ်ကြမ်းကြမ်းတွေကိုသုံးပြီး ဆိုရှယ်မီဒီယာမှာဖော်ပြလေ့ရှိပါတယ်။

စည်းမျဉ်းစည်းကမ်းတွေကိုချိုးဖောက်တယ်လို့မှတ်ယူတဲ့ ဓာတ်ပုံတွေဝေမျှတဲ့ app လို့သတ်မှတ်ပြီး ဇူလိုင်လတုန်းက သူမရဲ့အင်စတာဂရမ်အကောင့်ပိတ်သိမ်းခြင်းခံရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ကုမ္ပဏီကဘာမျှပြောကြားခြင်းမရှိပါဘူး။

Thae

SHARE