ဗိုက်မှာစုတဲ့ အဆီတွေက လူကို မြန်မြန် အသက်တိုစေ ဟု လေ့လာတွေ့ရှိ

Image:freepik.com/sarayute-smalldog

ဝမ်းဗိုက်မှာ အဆီ တွေ စုေ နတာဟာ ကျန်းမာရေး အတွက် အနုတ်လက္ခဏာ ပြ နေတယ်ဆိုတာကို တော့ အားလုံးပဲ သိကြမှာပါ။တကယ်လည်း ဟုတ်ပါတယ်။ဗိုက်မှာ အဆီစု တဲ့ လူတွေ ဟာ ကျန်းမာရေး ပြဿနာ တွေ အများ ကြီး ဖြစ်ပေါ် နိုင်တဲ့ အပြင် မြန်မြန် အသက်တို စေနိုင်တယ်လို့ လေ့လာ တွေ့ရှိချက် တစ်ခု မှာ ဖော်ပြခဲ့ ပါတယ်။ဗိုက် အဆီစု မှုနဲ့ အသေ စောမှုတို့ ဆက်စပ်မှုရှိ တယ်ဆိုတဲ့ အ ကြောင်းကိုတော့ CNN မှာ အခုလို ဖော်ပြ ထားပါတယ်။ဗိုက်မှာ အဆီစု နေရင် အသက်တို စေတယ်ဆိုတာ က တော့ ဟုတ်ပါပြီ။ဘယ်လောက် အတိုင်းအတာ အထိ စု ရင် အသက်တို တော့မယ်ဆိုတာကို သိနိုင်လဲ..?

Image:.freepik.com/spukkato

ဒါက တော့ ကိုယ့် ဗိုက်ကို ကိုယ် အလွယ်တကူ ပြန် တိုင်း လို့ ရပါတယ်။အမျိုးသမီးဆိုရင် တော့ (၁၀)စင်တီမီတာ အဆီ တွေစု လာတာနဲ့ အမျှ သေဆုံးမှု နှုန်း (၈) ရာခိုင်နှုန်း၊ အမျိုးသား ဆိုရင် တော့ သေဆုံးမှု နှုန်း (၁၂)ရာခိုင်နှုန်း မြင့်တက် လာစေပါတယ်။တင်ပါးကြီး တာ ပေါင်ကြီးတာ တွေ က တော့ စောစော သေဆုံးမှုနှုန်း နည်းပါး စေတယ်လို့ လည်း BMJ မှာ ထုတ်ပြန်တဲ့ လေ့လာမှု တစ်ခု မှာ ဖော်ပြထားပါ တယ်။ဒီလို ဖြစ်ရတဲ့ အဓိက က တော့ ကိုလက်စ ထ ရော မြင့်တင်မှုနဲ့ သွေးတွင်း သကြား ဓါတ် မြင့် တက် မှု တွေ ကြောင့်လို့ က နဦး လေ့လာ မှုတွေ မှာတော့ ဖော်ပြထားပါတယ်။

READ
ဝိတ်ချလိုသူများအတွက် အရသာလည်းရှိ ဝိတ်လည်းကျစေတဲ့ အသုပ်ပြုလုပ်နည်း
Image:freepik.com/sabelskaya

ဒီလေ့လာ တွေ့ရှိချက် တွေ က တော့ ဆန်းစစ်လေ့လာမှု (၇၂)ခု ပြုလုပ်ပြီးမှ ရလာတဲ့ ရလဒ် အ ဖြေ ပါ။အဲ့ဒီ လေ့လာ ဆန်းစစ်မှုမှာတော့ လူ ပေါင်း (၂.၅)သန်း ပါဝင် ခဲ့ပါတယ်။အဓိက က တော့ သူတို့ရဲ့ ကိုယ်ခန္ဓာ အ လေးချိန် နဲ့ metabolic resistance အတွက် နောက်ဖြစ်လာနိုင်တဲ့ အန္တရာယ်၊ဆီးချို ၊သွေးတိုး၊နှလုံး ရောဂါ  နဲ့ တခြား ရောဂါ တွေ အ ကြောင်းကို ပါ လေ့လာ သုံးသပ်မှုတွေ လုပ်ခဲ့တာပါ။အဆီ တိုင်းတာမှုနဲ့ body mass index (BMI) တို့ ကို တွက်ချက် ပြီး အရွယ် မတိုင်ခင် အ သေ စောနိုင် ချေ ကိုတွက် ချက် ခဲ့ကြတာပါ။ BMI က (18.5) ထက် နည်းရင် underweight ၊ 18.5 -24.9 ဆိုရင် ပုံမှန်၊ 25 – 29.9 ဆိုရင် တော့ ပုံမှန် ထက် များ၊30 အထက် ဆိုရင် တော့ အ၀ လွန် ဆိုပြီး သတ်မှတ်တာပါ။

Image:freepik.com/hanna-kiborg

Body အလယ်ပိုင်းမှာ ရှိတဲ့ စုတဲ့ အဆီ တွေ က သူများနဲ့ မတူတဲ့  visceral fat တွေပါ။သူတို့ တွေ က တော့ အဓိက အားဖြင့် ကိုယ်တွင်း အင်္ဂါ တွေ ဖြစ်တဲ့ အသည်း၊ပန်ကရိယ နဲ့ အူ တွေ အနီး ၀န်းကျင် မှာ သွားစု ကြတာပါ။ Visceral fat တွေကို တော့ ‘active fat’ လို့ လည်း ခေါ်ပါတယ်။သူတို့ က တော့ ဟော်မု န်းရဲ့ လုပ်ငန်း ဆောင်ရွက် ချက် တွေ အ ပေါ် မှာသာ သက် ရောက်မှု တွေ ရှိ စေနိုင်တာ ကြောင့် အန္တရာယ်များပါတယ်။အဲ့ဒီ အဆီ တွေ က ဆီးချို သွေးချိ၊ သွေးတိုး၊ကိုလက်စ ထ ရော များတာ၊နှလုံး၊ကင်ဆာ နဲ့ အယ်လ် ဇိုင်းမား ရောဂါ တွေကို ဖြစ်ေ စနိုင်ပါတယ်။

READ
Six Packအမြန်ဆုံးရဖို့အတွက် ဆောင်ရန်ရှောင်ရန်များ
Image:freepik.com/master1305

Visceral fat တွေ က တော့ လက်မောင်း၊ခြေ ထောက် ၊ပေါင်၊တင်းပါးတို့ မှာ စုတဲ့ အဆီ တွေ နဲ့ မတူ ပါဘူး။အဲ့လို နေရာ တွေ မှာ စုတဲ့ အဆီ တွေ က တော့ ဟော်မုန်းတွေ ကို သက်ရောက်မှု မဖြစ် စေပါဘူး။ဒါ ကြောင့် ဗိုက် မှာ စုတဲ့ အဆီ လောက် သူတို့က အန္တရာယ်မ များပါဘူး။ဗိုက် မှာ စုတဲ့ အဆီ တွေ က တော့ လူကို လုံးဝကြီးကို ရာနှုန်း ပြည့် အန္တရာယ် ဖြစ်စေ၊ဒုက္ခ ရောက် စေပါတယ်။

#SHWEMOM

SHARE