နှစ်သစ်ကူးအကြိုညမှာ ရင့်နင့်ဖွယ်အဖြစ်နဲ့ကြုံခဲ့ရတဲ့ ဂျပန်အမျိုးသမီးလေး

instagram/hanako_abe

ဂျပန်နိုင်ငံက မိသားစုတစ်စုဟာ နှစ်သစ်ကူးအကြိုညမှာ ယာဉ်မတော်တဆမှုနဲ့ ကံဆိုးစွာကြုံခဲ့ရတဲ့ သမီးလေးအတွက် ဝမ်းနည်းပူဆွေးနေကြပါတယ်။ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုနေ အသက်၂၇နှစ်အရွယ် Hanako “Hana” Abe ဆိုသူ အမျိုးသမီးဟာ ဒီဇင်ဘာ၃၁ရက်နေ့တုန်းက မြို့ရဲ့တောင်ဘက်ဈေးရပ်ကွက်မှာဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုထဲပါသွားခဲ့တာပါ။ ယာဉ်တိုက်မှုထဲမှာတော့ Hana အပါအဝင် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by HANA (@hanako_abe)

နောက်ထပ်သေဆုံးသူအမျိုးသမီးကြီးကတော့ အသက်၆၀နှစ်အရွယ် Elizabeth Platt ဆိုသူ ဖြစ်ပါတယ်။ သူမနေထိုင်ရာမြို့ကိုတော့ မသိရသေးပါဘူး။ Hana ဟာ ၂၀၁၈ ခုနှစ်မှာ ဆန်ဖရန်စစ္စကိုပြောင်းရွှေ့လာပြီး JLL အိမ်ခြံမြေအကျိုးဆောင်မှာ အလုပ်လုပ်နေတာဖြစ်ပါတယ်။ သူမနဲ့ Elizabeth Platt တို့ဟာ မစ်ရှင်လမ်း ဒုတိယလမ်းသွယ် လူကူးမျဉ်းကြားမှာရှိနေတုန်း ကားတစ်စီးက ဝင်တိုက်ပြီးထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။ ဝင်တိုက်ခဲ့တဲ့ကားဟာလည်း အခိုးခံလာရတဲ့ကားလို့သိရပါတယ်။

 

View this post on Instagram

 

A post shared by HANA (@hanako_abe)

နယူးရီးယားရက်မှာတော့ ရဲတွေဟာ အဆိုပါယာဉ်တိုက်မှုရဲ့တရားခံ အသက်၄၅နှစ်အရွယ်ရှိတဲ့ Troy McAllister ကိုဖမ်းမိခဲ့တာဖြစ်ပါတယ်။ သူဟာ ခိုးမှုနဲ့ပတ်သက်ပြီး ခံဝန်ရှိထားသူလည်းဖြစ်ပါတယ်။ ကားနဲ့အတူ သေနတ်တစ်လက်၊ မူးယစ်ဆေးဝါးအချို့တို့ကိုပါ ဖမ်းဆီးရရှိခဲ့ပါတယ်။ Troy ဟာ ၂၀၂၀ခုနှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာတို့မှာလည်း အဖမ်းဆီးခံခဲ့ရပါသေးတယ်။

 

View this post on Instagram

 

A post shared by HANA (@hanako_abe)

Troy ဟာ နယူးရီးယားအကြိုနေ့မှာ ကားခိုးမှုတစ်ခုကိုကျူးလွန်ခဲ့ပြီး နောက်ထပ်ကားတစ်စီးကိုဝင်တိုက်ခဲ့တဲ့အပြင် Hana နဲ့ Elizabeth တို့ပါ ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။ Hana ဟာ မိသားစုနဲ့ခွဲပြီး အဝေးမှာလာနေရသူဖြစ်ပါတယ်။ Hana ရဲ့ဖခင်ဟာ နှလုံးခွဲထားတဲ့အပြင် မိခင်မှာလည်း အဆုတ်ကင်ဆာဖြစ်နေတာပါ။ ပြီးခဲ့တဲ့နှစ် ကိုဗစ်ဖြစ်နေတုန်း တစ်နှစ်လုံးမှာတော့ Hana ဟာ အလုပ်ကြိုးစားလုပ်ကိုင်ခဲ့ကာ မိသားစုတာဝန်ယူထားရသူလည်း ဖြစ်ပါတယ်။ အခုအခါမှာတော့ Hana ရဲ့ရုပ်အလောင်းကို ဂျပန်နိုင်ငံဆီပြန်သယ်နိုင်ဖို့ စီစဉ်နေကြကြောင်းလည်း nextshark သတင်းအရ သိရပါတယ်။

READ
ဟီလာရီကလင်တန်ကိုမဲအပြတ်အသတ်နဲ့နိုင်ပြီး သမ္မတဖြစ်သွားတဲ့ဒေါ်နယ်ထရမ့်

ShweMom

SHARE