Batman အဖြစ် နောက်ဆုံးတစ်ကြိမ် ထပ်မံမြင်တွေ့ခွင့်ရဦးမယ့် Ben Affleck

[email protected] benaffleck

Batman မင်းသားကြီး Ben Affleck ကိုတော့ လူတိုင်းထက်စာလို့ရှိရင် စူပါဟီးရိုးပရိသတ်တွေ တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ Batman Vs Superman, Justice League, Daredevil, Suicide Squad အစရှိတဲ့ စူပါဟီးရိုးဇာတ်ကားတွေမှာ Batman အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သလို Good Will Hunting, The Town, The Accountant, Pearl Harbor, Armageddon, Live by Night အစရှိတဲ့ နာမည်ကြီးဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဝါရင့်မင်းသားကြီး တစ်ယောက်ပဲ ဖြစ်ပါတယ်။ အခုလည်း Ben ဟာ Batman နေရာကနေ နောက်ဆုံးအနေနဲ့ ၂၀၂၂ ခုနှစ်မှာ ထွက်ရှိမယ့် Flash ရဲ့ ဇာတ်ကားမှာ ပါဝင်သွားမှာဖြစ်ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဒါ့အပြင် အဆိုပါ Flash ရဲ့ ဇာတ်ကားအသစ်ထဲမှာ Ezra Miller ကိုလည်း Flash နေရာမှာ ပြန်လည်တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Flash ဟာ အခြား parallel universe တွေကို သွားရောက်လည်ပတ်တဲ့အခါမှာ မတူညီတဲ့ ကမ္ဘာက မတူညီတဲ့ စူပါဟီးရိုးတွေကို တစ်ယောက်ချင်းသွားတွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၈၉ ခုနှစ်က Time Burton ရိုက်ကူးခဲ့တဲ့ Batman ဇာတ်ကားထဲက Batman မင်းသားကြီး Micheal Keaton ကိုလည်း အဆိုပါဇာတ်ကားထဲမှာ Batman ကြီးအဖြစ် ပြန်လည်မြင်တွေ့ရမှာပဲ ဖြဟ်ပါတယ်။

READ
“လျှာနဲ့သွား” ရိုက်ကွင်းပုံရိပ်များ
Imdb_TheBatman

၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Justice League ဇာတ်ကားဟာလည်း ထင်မလောက် မအောင်မြင်ခဲ့တဲ့အတွက်ကြောင့် Ben ဟာ နောက်ထပ် Batman ဇတ်ကောင်နေရာမှာ ထပ်ပြီး သရုပ်ဆောင်မလုပ်တော့ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ကြေညာခဲ့ပါသေးတယ်။ “ ကျွန်တော် Batman နေရာမှာ ထပ်ပြီးသရုပ်မဆောင်တော့ဖို့ ဆုံးဖြတ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် လုပ်ဖော်ကိုင်ဖက်တွေကြောင့် Flash ရဲ့ ဇာတ်ကားမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်”လို့ Ben က ပြောကြားခဲ့ပါတယ်။

 

View this post on Instagram

 

Get ready…November 17. #JusticeLeague

A post shared by Ben Affleck (@benaffleck) on

Pyi Hein Kyaw

SHARE