Ben Affleck ကတော့ ရုပ်ရှင်ချစ်ပရိတ်သတ်တိုင်းနဲ့ ရင်းနှီးပြီးသား မင်းသားတစ်လက်ဖြစ်မှာပါ။ Batman အဖြစ်သရုပ်ဆောင်နေခဲ့တဲ့ Ben Affleck ဟာ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံးကာလတစ်ခုအကြောင်းကို ပရိတ်သတ်တွေသိအောင် ပြောပြလာခဲ့ပါတယ်။ People မဂ္ဂဇင်းမှ ကိုးကားဖော်ပြလိုက်ပါတယ်။
View this post on Instagram
၁၉၉၃ ခုနှစ်တုန်းက Ben Affleck ဟာ ဆယ်ကျော်သက် high school comedy တစ်ကားမှာ O’Bannion အဖြစ် သရုပ်ဆောင်ခဲ့ရပါတယ်။ ဒီကားဟာ အဲဒီအချိန်တုန်းက Ben Affleck လိုမျိုး ဆယ်ကျော်သက်သရုပ်ဆောင်တွေ အများကြီး ပါဝင်ခဲ့တဲ့အတွက်ကြောင့် လူငယ်တွေစုပြီး ရှုတင်နားချိန်တွေမှာဆိုရင် ဆေးခြောက်သောက်တာမျိုးတွေ ရှိလာခဲ့ပါတယ်။ ဒါကြောင့် သူကလည်း လက်တည့်စမ်းချင်၊ အပေါင်းအသင်းတွေကြားထဲမှာလည်း မျက်နှာမငယ်ချင်တာနဲ့ပဲ လိုက်သောက်ခဲ့တယ်တဲ့။
View this post on Instagram
အဲဒီအချိန်ဟာ သူ့အတွက် အဆိုးရွားဆုံးအချိန်ပါပဲဆိုပြီး ပြောပြလာခဲ့တာပါ။ ရိုက်ကွင်းရှိတဲ့အချိန်တိုင်း ဆေးခြောက်သောက်သုံးမှုကြောင့် Ben Affleck ဟာ နေ့တိုင်းနီးပါး ဆွဲသယောင်ဖြစ်လာခဲ့ပြီးတော့ မခံစားနိုင်ဘဲ စိတ်ဂယောက်ဂယက်ဖြစ်တာမျိုးတွေ၊ စိုးရိမ်စိတ်မြင့်မားမာမျိုးတွေတောင်ဖြစ်လာခဲ့ကာ ဘဝမှာ ဆိုးကျိုးတွေ သက်ရောက်လာခဲ့ပါတော့တယ်။
ဒါတောင် ရိုက်ကွင်းကသူငယ်ချင်းတွေနဲ့ပဲ နည်းနည်းသောက်ခဲ့တာပါတဲ့။ နောက်ပိုင်း အရက်ပါသောက်တတ်လာပြီး အရက်လည်း စွဲသွားခဲ့ကာ တော်တော်လေးကို ဘဝက စိတ်ပျက်ဖို့ ကောင်းလာခဲ့တယ်လို့လည်း Ben Affleck က ထပ်ပြောခဲ့ပါတယ်။
View this post on Instagram
မူးယစ်ဆေးကိစ္စကတော့ အဲဒီရိုက်ကွင်းပြီးပြီးချင်းမှာတင် အပြတ်ဖြတ်နိုင်ခဲ့ပေမယ့်လို့ အရက်ကိုတော့ အခု အသက် ၄၈ နှစ်ရောက်တဲ့အထိ မဖြတ်နိုင်တော့ပါဘူးတဲ့။ ဒါပေမဲ့လည်း ငယ်ငယ်တုန်းကလိုတော့ အခုအချိန်မှာ စွဲစွဲလန်းလန်းနဲ့ အလွန်အကျူးသောက်တာမျိုးတွေတော့ မရှိတော့ပါဘူး။ Ben Affleck ရဲ့ နှစ်ဖက်အဖိုးတွေနဲ့ အဖေဖြစ်သူဟာလည်း အရက်စွဲတဲ့ပြဿနာရှိခဲ့တဲ့အတွက် အဲဒီရဲ့ဆိုးကျိုးတွေဆိုတာ သူနဲ့သိပ်တော့ မစိမ်းလှပါဘူး။ ဒါကြောင့်လည်း အရက်ရဲ့ကျေးကျွန်ဆိုတဲ့ဘဝကနေပြီး အမြန်ဆုံး ကိုယ်လွန်ရုန်းနိုင်အောင် ကြိုးစားခဲ့တာပါလို့ ပြောပြလာခဲ့ပါတယ်။
Penny