လင်မယားချင်းတောင် လူမျိုးရေးခွဲခြားတယ်ဆိုပြီး လျော်ကြေးတောင်းခဲ့တဲ့ ဖြစ်ရပ်

Twitter- Duncan Bendall

ခင်ပွန်းသည်ဟာ ဇနီးကို လူမျိုးရေးသခွဲခြားလို့ဆိုပြီး လျော်ကြေးတောင်းခဲ့တယ်ဆိုတဲ့အကြောင်း News. AU မှာ ဖတ်လိုက်ရပါတယ်။ ဖြစ်ပုံကဒီလိုပါ။

အမျိုးသမီးက ဗြိတိန်သူ၊ အမျိုးသားက သြဇီသား။ နှစ်ယောက် အကြောင်းပါလို့ လက်ထပ်ခဲ့ကြပြီးနောက် စပ်တူ ကုပ္မဏီတစ်ခုထောင်ခဲ့ပါတယ်။ တကယ်တော့ ကုမ္ပဏီကို ခင်ပွန်းသည်ဖြစ်တဲ့ Duncan Bendall က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး နောက်မှ အမျိုးသမီး Fiona Bendall က ဆဒ်နီကိုလိုက်နေကာ ကုမ္ပဏီကို ကူညီပြီး အာားဖြည့်ပေးခဲ့တာပါ။

Twitter- Duncan Bendall

ဘယ်လိုပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် Duncan နဲ့ Fiona တို့စုံတွဲဟာ လန်ဒန်ကို ခဏလေးပြန်သွားတုန်း အဆင်မပြေဖြစ်ကာ အိမ်ထောင်ကွဲတဲ့အဆင့်ထိ ရောက်သွားခဲ့ကြပါတယ်။ နောက်ပိုင်း အမ်ထောာင်ရေးအဆင်မပြေမှုတွေဖြစ်ပေမယ့်လို့ Duncan ဟာ Fiona ကို လန်ဒန်ရုံးခွဲဖွင့်ဖို့အတွက် ဝန်ထမ်းတွေနဲ့မိတ်ဆက်တာတွေ၊ လုပ်ငန်းနေရာအခြေကျတာမျိုးတွေမှာ လက်တွဲခေါ်ခဲ့ပေမယ့် Fiona ဟာ ပြဿနာတွေရှာခဲ့ပါတယ်တဲ့။

READ
Video Call meeting မှာ ပုံစံတကျမနေတတ်လို့ အလုပ်အထုတ်ခံခဲ့ရတဲ့ ဂျပန်အမျိုးသား

အထူးသဖြင့် သြဇီကဝန်ထမ်းတွေပေါ်မှာ Fiona ရဲ့ ဆက်ဆံပုံက တော်တော်လေးကို အဆင်မပြေခဲ့တာပါတဲ့။ အပြုအမူအပြင် အပြောအဆိုကပါ သြစတေးလျလူမျိုးတွေကို နှိမ်ချပြီးတော့ ရွံစရာကောင်းတယ်တို့ ဘာတို့တောင် ပြောခဲ့တဲ့အတွက် ဝန်ထမ်းတွေဖက်ကနေပြီး Duncan ရဲ့ ခွင့်ပြုချက်နဲ့ Fiona ကို တရားစွဲခဲ့ပါတော့တယ်။

 

ဒီအပြင် Fiona ဟာ Duncan အပေါ်မှာလည်း ညှင်းပမ်းနှိပ်စက်တဲ့ ပုံစံမျိုးဖြစ်နေတဲ့အတွက်ကြောင့် ဒါတွေကိုပါပေါင်းပြီး တရာစွဲဆိုမှုတွေ လုပ်ခဲ့ပါတယ်။ အထူးသဖြင့် လူမျိုးရေးခွဲခြားဆက်ဆံခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ တရားစွဲခဲ့တာပါ။ တကယ်တော့ Fiona Bendall ဆိုတာလည်း နယ်နယ်ရရအမျိုးသမီးတစ်ဦးတော့မဟုတ်ပါဘူး။ Social influencer တစ်ဦးဖြစ်တဲ့အပြင်ကိုမှ 2019 ခုနှစ်ရဲ့ NSW Business Woman of the Year Award ကိုလည်း ရခဲ့ဖူးသူတစ်ဦးပါ။

READ
ဒိုမီနိုပီဇာဆိုင်မှာ ဗြောင်ကျကျချစ်တင်းနှောတဲ့စုံတွဲ၊ ထောင်ကျမည့်အရေး ရင်ဆိုင်နေရ

လက်ရှိမှာတော့ Fiona က စွဲချက်ကို ငြင်းဆန်ထားခဲ့ပေမယ့်လို့ Duncan ကို ပို့ခဲ့တဲ့ email တွေထဲမှာတော့ သြစတေးလျစစ်တပ်ကိုမုန်းတဲ့အကြောင်းနဲ့ “And DO NOT say you are a founder in MY business MY efforts ever again You Leech – you don’t even believe in women or have ever struck your neck out.” သဖြင့် ရိုင်းဆိုင်းတဲ့ စကားတွေကိုလည်း ပြောခဲ့ပါတယ်။

Twitter- Duncan Bendall

penny

SHARE