Comic စာအုပ်ဆိုင်ထဲ ဝတ်စုံပြည့်ဝတ်ပြီး ရုပ်တည်ကြီးနဲ့ ဝင်သွားခဲ့ဖူးတဲ့ Doctor Strange

[email protected] benedictcumberbatch_221b

Doctor Strange လို့ပြောလိုက်တာနဲ့ စူပါဟီးရိုး ပရိသတ်တွေကော၊ Marvel ပရိသတ်တွေကော ကျိန်းသေအကြိုက်တွေ့ကြမယ့် ဇာတ်ကောင်တစ်ကောင်ပါပဲ။ Doctor Strange နေရာမှာ သရုပ်ဆောင်တဲ့ Benedict Cumberbatch ကြီးကတော့ အမြဲလိုလို ရုပ်တည်ကြီးနဲ့ သရုပ်ဆောင်တဲ့ အင်္ဂလိပ်သရုပ်ဆောင်ကြီးပါ။ အစတော့ Benedict တစ်ယောက် Doctor Strange နေရာမှာ သရုပ်ဆောင်မယ်ဆိုတဲ့ သတင်းလည်းကြားရော Benedict ရဲ့ ပရိသတ်တွေ တော်တော်လေးကို ပျော်ခဲ့ကြပါတယ်။

https://www.instagram.com/p/B0A0rkQFGIH/

အခုလည်း Doctor Strange ဇာတ်ကား ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Scott Derrickson ဟာ Doctor Stranger ဇာတ်ကား ရိုက်ကူးနေတဲ့အချိန်မှာ Benedict ရဲ့ ဗီဒီယိုဖိုင်တစ်ခုကို ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေခဲ့ကြောင်း Screen Rant သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဗီဒီယိုထဲမှာတော့ Benedict ကြီးဟာ Doctor Strange ဇာတ်ကားရိုက်ကူးနေတုန်း ရှုတင်နားတဲ့ အချိန်မှာ ဝတ်စုံအပြည့်ဝတ်ပြီး ရိုက်ကွင်းအနီးအနားရှိ Comic စာအုပ်ဆိုင်တစ်ဆိုင်ကို သွားရောက်လည်ပတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Benedict တစ်ယောက် ဆိုင်ထဲဝင်သွားတဲ့အချိန်မှာတော့ ဆိုင်ထဲမှာ Comic စာအုပ်လာဝယ်နေတဲ့ လူတော်တော်များများက အံ့သြသွားကြပါတယ်။ ဆိုင်ရှင်အမျိုးသားကတော့ သူ့စာအုပ်ဆိုင်ကို  Doctor Strange တစ်ယောက် အရေးတယူလုပ်ပြီး လာလည်တဲ့အတွက် တော်တော်ပျော်သွားတဲ့ပုံပါပဲ။

READ
အမိုက်စား Abs ကို ထုတ်ပြထားတဲ့ M ဆိုင်းလုရဲ့ ဖက်ရှင်ပုံရိပ်များ

https://www.instagram.com/p/BxczAGHAByg/

“ဒီဗီဒီယိုလေးကို တင်ရတဲ့ ရည်ရွယ်ချက်ကတော့ Doctor Strange ပရိသတ်တွေ စိတ်ထဲမှာ Doctor Strange ဇာတ်ကားနဲ့ ပတ်သတ်ပြီး မှတ်မှတ်ရရလေး ပြန်ဖြစ်သွားဖို့အတွက်ပါပဲ။ လက်ရှိကတော့ COVID 19 ဖြစ်နေတဲ့ကာလဖြစ်တာကြောင့် Doctor Strange in the Multiverse of Madness ဇာတ်ကားကို ရိုက်ကူးဖို့ တော်တော်ခက်ခဲပါတယ်။ ဘာပဲဖြစ်ဖြစ် မကြာခင်အချိန်မှာ ရိုက်ကူးတော့မှာဖြစ်တာကြောင့် အနည်းဆုံး ၂၀၂၂ ခုနှစ်ထဲမှာ ပရိသတ်တွေ ကြည့်နိုင်အောင် ကျွန်တော်တို့ ကြိုးစားသွားမှာပါ” လို့ Scott က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE