နားရွက်ကို နှိပ်ပေးခြင်းဖြင့်ရလာမယ့် ကျန်းမာရေး အကျိုးကျေးဇူးများ

Image:Shutterstock/By juliawhite

ခြေတွေ လက် တွေ ကို နှိပ်တာမျိုးတွေ များပေမယ့် နားရွက်ကို နှိပ် ပေးတာ မျိုး ကတော့ ရှားပါတယ်။တကယ် တော့ နား ရွက်ကို နှိပ် ပေးရင် ကျန်းမာရေး အကျိုး ကျေးဇူးေ တွ အများကြီး ရပါတယ်။ဒီအ ကြောင်းကိုတော့ Brightside မှာ ဖော်ပြထားတာပါ။

ဝိတ်မြန်မြန် ကျစေ

Image:Shuttetstock/By Dmytro Flisak

ဝိတ်ချ နေတဲ့ သူဆိုရင်တော့ နားရွက်ကို နေ့စဉ် ပုံမှန် နှိပ်ပေးပါ။အဲ့လို နှိပ်ပေးရင် ၀ိတ်ကို မြန်မြန် ကျ စေပါတယ်။ အဆီ များတဲ့ အစားအစာတွေ ကို ရှောင်၊လေ့ကျင့်ခန်းလဲ ပုံမှန်လုပ်၊နားရွက် ကိုပါ နှိပ် ပေးရင် တော့ အမြန် ဆုံး ၀ိတ်ကျသွားမှာပါ။

ကြွက်သား နာကျင်မှုကို သက်သာ

နားရွက် ကို နှိပ် ပေး မယ်ဆိုရင် ကြွက်သားတွေ နာကျင် ကိုက်ခဲတာ မျိုးကို သက်သာ စေပါတယ်။နားရွက် ကို နှိပ် ရင် endorphins ဆိုတဲ့ ဟော်မုန်း ထွက်ပါတယ်။အဲ့ဒီဟော်မုန်းက  ကြွက်သားနာကျင်မှုကို လျော့ ကျ စေတာပါ။ နား ရွက် အောက်ပိုင်းကို အဓိက ထား နှိပ် ပေးပါ။သွေးလှည့်ပတ်မှုလည်းပို ကောင်းလာပါလိမ့်မယ်။

READ
လူနာမည်တွေကို ရုတ်တရက် စဉ်းစားမရပဲ မေ့နေရတဲ့ အကြောင်းအရင်းများ

အိပ်ပျော်စေ

Image:Shuttetstock/By Lia Koltyrina

ညဘက် အိပ် မ ပျော်ရင် သက်သောင့်သက်သာ အ နေအထားနဲ့ အိပ်ယာမှာ လှဲ နေပြီး နားရွက် လေး ကို  ဖြည်းဖြည်း ချင်း နှိပ် ပေး ကြည့်ပါ။ ကောင်းကောင်း အိပ် ပျော်သွားပါလိမ့်မယ်။

စိတ်ဖိစီးမှုနဲ့ ခေါင်းကိုက် သက်သာ

ပင်ပန်းလာရင် နားထင် လေးတွေ ကို နှိပ် ပေးသလို မျိုးပဲ နားရွက်ကိုလဲ နှိပ် ပေးကြည့်ပါ။အဲ့ဒီလိုနှိပ် ပေးရင် စိတ် ဖိစီးမှု ကို လျော့ ကျ စေတယ်လို့ လေ့လာမှု တစ်ခုမှာဖော်ပြထားပါတယ်။နားရွက်ကို နှိပ်လိုက်ရင် ဦး ခေါင်း နား တစ် ၀ိုက် က အ ကြော တွေကိုလှုံ့ ဆော်သလိုဖြစ်တဲ့ အတွက် ခေါင်းကိုက်တာကိုလဲ သက်သာ စေ ပါတယ်။

#SHWEMOM

SHARE