မနက်စောစောအိပ်ယာထသူတွေရရှိမယ့် ကောင်းကျိုး(၅)မျိုး

Dragon Images/Shutterstock

သင်က မနက်ဆိုရင် နေမြင့်အောင် အိပ်တတ်ပြီး အလုပ်သွားဖို့ မဖြစ်မနေထရတော့မယ်ဆိုမှ အိပ်ယာကနေ ပျင်းပျင်းရိရိနဲ့ ထတတ်သူလား။ ဒီလိုမှမဟုတ်ပဲ မနက်ဆို စောစောနိုးနေတတ်ပြီး လုပ်စရာအလုပ်တွေကို စလုပ်နေတတ်သူလား။

တကယ်လို့သာ သင်က မနက်စောစောထပြီး အလုပ်လုပ်တတ်တဲ့သူတစ်ယောက်ဆိုရင် သင်ရရှိနိုင်မယ့် ကောင်းကျိုး(၅)မျိုး ရှိပါတယ်။ ဘာတွေလဲဆိုတော့……

(၁)။ တခြားသူတွေထက် ပိုပြီးတော့ ပျော်ရွှင်ရမယ်

(၂၀၁၂)ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ မနက်စောစောထလေ့ရှိသူတွေဟာ အိပ်ယာထ နောက်ကျသူတွေထက် ပိုပြီးတော့ ပျော်ရွှင်မှုကို ခံစားရလေ့ရှိပါတယ်။ သူတို့မှာ အကောင်းမြင်စိတ်တွေ တိုးလာတယ်၊ ဒေါသစိတ်တွေကို သူများတွေထက်ပိုပြီး လျော့ချနိုင်တယ်။ ဒါ့အပြင် လုပ်ငန်းခွင်မှာလည်း ပျော်ပျော်ရွှင်ရွှင် ဖြစ်နေလေ့ရှိတယ်လို့ သိရပါတယ်။

oatawa/Shutterstock
(၂)။ ၀ိတ်ကျနိုင်တယ်

သင်က ၀ိတ်ချဖို့ ကြိုးစားနေတဲ့သူဆိုရင် မနက်စောစောထတာက ၀ိတ်ကျဖို့အတွက် အကောင်းဆုံးအထောက်အပံ့ကိုပေးပါတယ်။ ကျန်းမာရေးဆိုင်ရာ ဂျာနယ်တစ်ခုရဲ့ လူပေါင်း (၉၀၀၀၀)ကို စစ်တမ်းကောက်ယူခဲ့မှုမှာ မနက်စောစော ထသူတွေက ပုံမှန်အချိန်တွေမှာ အိပ်ယာထသူတွေထက် ခန္ဓာကိုယ်အလေးချိန် ပိုကျသွားလေ့ရှိပါတယ်တဲ့။

READ
သင့်ရဲ့လူမှုကွန်ယက်ပေါ်မှာ ငွေကြေးနဲ့သက်ဆိုင်တာ ဘာမှမတင်သင့်တဲ့အကြောင်း
(၃)။ စိတ်ကျန်းမာရေးအတွက် အထောက်အကူဖြစ်တယ်

မနက်စောစောထလေ့ရှိတဲ့သူတွေဟာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို အလွယ်တကူ ဖြစ်လေ့ဖြစ်ထ မရှိပါဘူး။ စိတ်ဓာတ်ကျတာတို့၊ အရှုံးသမားလို ခံစားရတာတို့ စတဲ့အချက်တွေကို မနက်စောစောထသူတွေဆီမှာ မတွေ့ရဘူးလို့ (၂၀၁၅)ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုက ဖော်ပြပါတယ်။

Daxiao Productions/Shutterstock
(၄)။ ဆီးချိုနဲ့နှလုံးရောဂါဖြစ်ပွားဖို့ ရာခိုင်နှုန်းနည်းတယ်

ကိုရီးယားနိုင်ငံထဲက သက်လတ်ပိုင်း လူရွယ်တွေကို စမ်းသပ်မှုအရတော့ မနက်စောစော ထလေ့ရှိသူတွေဟာ ဆီးချိုရောဂါ ဖြစ်ပွားဖို့ ရာခိုင်နှုန်းနည်းပြီး နှလုံးနဲ့ ပတ်သက်တဲ့ရောဂါတွေလည်း ဖြစ်ပွားလေ့မရှိပါဘူးတဲ့။ မနက်စောစောထသူအများစုဟာ ကိုယ်လက်လေ့ကျင့်ခန်းဆိုင်ရာ ကိစ္စတွေမှာလည်း အာရုံစိုက်တတ်သူတွေမို့ သူတို့က ပုံမှန်အိပ်ယာထသူတွေထက်ပိုပြီး ကျန်းမာနေလေ့ရှိပါတယ်။

(၅)။ လုပ်ငန်းခွင်မှာ အလုပ်တွေပိုလုပ်နိုင်တယ်

ဒီလိုဆိုတော့ မနက်စောစောထတာဟာ ကျန်းမာရေးအတွက်ပဲ ကောင်းတာမဟုတ်ပဲ လုပ်ငန်းခွင်အတွက်ပါ ကောင်းတယ်ဆိုတဲ့သဘောပါနော်။ မနက်ခင်း ဟာ ဦးနှောက်ကို ပိုမိုအလုပ်လုပ်စေပြီး စာကျက်ရင်ပဲဖြစ်ဖြစ်၊ အလုပ်လုပ်ရင်ပဲဖြစ်ဖြစ် ပိုမိုမှတ်မိစေသလို၊ စိတ်ကူးသစ်တွေကိုလည်း တိုးပွားစေပါသတဲ့။

READ
Fb မှာ ဒီFriend Request (၇)မျိုးကို လက်ခံမိရင် ကြုံရမဲ့နောက်ဆက်တွဲပြဿနာများ
KieferPix/Shutterstock

Linn

Source : insider.com

SHARE