ကြက်ဟင်းခါးသီးရဲ့ အံ့မခန်း အသုံးဝင်ပုံများ

ကြက်ဟင်းခါးသီးကို တော်တော်များများကမကြိုက်ကြပါဘူး။ ဒါပေမယ့် သူ့ရဲ့အာနိသင်ကိုသိပြီး စားဖြစ်သွားကြအောင်လို့ boldsky.com မှဖော်ပြပေးထားသောအချက်များကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

(၁) အသားအရည်ကိုလှပစေပါတယ်

ခါးသောအရသာရှိတဲ့ ဟင်းသီးဟင်းရွက်တိုင်းက ယေဘုယျအားဖြင့် အသားအရည်ကိုကောင်းမွန်စေပါတယ်။ ကြက်ဟင်းခါးသီးဟာဆိုရင် ရောင်ရမ်းခြင်းကို သက်သာစေပြီးတော့ အရေပြားမှာရှိတဲ့အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးပါတယ်။

(၂)ရောဂါကာကွယ်ပေး

Antioxidants ကြွယ်ဝစွာပါဝင်လို့ သင့်ရဲ့ကိုယ်တွင်း အင်္ဂါတွေကိုသန့်စင်ပေးပါတယ်။ ကြက်ဟင်းခါးသီးဟာ သင့်ရဲ့ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ရောဂါတွေကိုလည်း တိုက်ဖျက်ပေးပါတယ်။

(၃) အသက်ရှုလမ်းကြောင်းနှင့်ဆိုင်သောရောဂါများကို သက်သာစေ

သင်ဟာ ပန်းနာရင်ကျပ် ဒါမှမဟုတ် လည်ချောင်းနာရောဂါ ကိုခံစားနေရတယ်ဆိုရင်တော့ ကြက်ဟင်းခါးသီးကို ပုံမှန်စားသုံးပေးခြင်းအားဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၅) ကင်ဆာကိုတိုက်ဖျက်နိုင်

Antioxidants ကြွယ်ဝလွန်းတဲ့ ကြက်ဟင်းခါးသီးဟာ ကင်ဆာရောဂါကို ကာကွယ်ပေးရုံသာမက ကင်ဆာဆဲလ်တွေ တိုးပွား ပျံ့နှံ့မသွားအောင်လည်း တိုက်ဖျက်ပေးပါတယ်။

READ
သင့်မှာ စိတ်ကျရောဂါရှိနေနိုင်တယ်ဆိုတာညွှန်ပြနေတဲ့အချက်များ

(၆) နှလုံးကို ကျန်းမာစေ

ကြက်ဟင်းခါးသီးဟာ မကောင်းတဲ့ ကိုလက်စထောတွေကို အံ့အားသင့်စရာကောင်းလောက်အောင် လျှော့ချပေးနိုင်ပါတယ်။ နှလုံးသွေးကြောပိတ်တာကိုလည်း ကာကွယ်ပေးပြီး သင့်နှလုံးကိုကျန်းမာစေမှာဖြစ်ပါတယ်။

Em Em(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

SHARE