ငိုကြွေးခြင်းကြောင့်ရတဲ့ အကျိုးကျေးဇူး (၆)မျိုး

Gorodenkoff/Shutterstock

သင်က အငိုသန်တဲ့သူတစ်ယောက်လား။ ဒါမှမဟုတ် တစ်ခုခုဆို ၀မ်းနည်းပြီး မျက်ရည်လွယ်သူလား။ ရုပ်ရှင်ကြည့်နေရင်း မင်းသမီးသေလည်းငို၊ မင်းသားသေလည်းငို၊ နှစ်ယောက်မညားဘူးဆိုလည်း ငို။ ဘာလာလာ ငိုမယ် ဆိုတဲ့သူလား။

လူတချို့ကတော့ ပြောကြတယ်။ ငိုတာဟာ ပင်ပန်းတယ်တဲ့။ ဘေးကနေ မြင်ရတဲ့သူတွေလည်း စိတ်ဆင်းရဲတယ်တဲ့။ တကယ်တော့ ငိုကြွေးခြင်းမှာ အားသာချက်တွေ၊ ကောင်းကျိုးတွေလည်းရှိနေပါသေးတယ်။ မျက်ရည်တွေရဲ့နောက်မှာ ဖြစ်လာတဲ့ကောင်းကျိုးတွေပေါ့။ အဲဒါတွေက ဘာတွေလဲဆိုတော့….

(၁)။ သက်သောင့်သက်သာဖြစ်စေတယ်

(၂၀၁၄)ခုနှစ်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာတော့ ငိုကြွေးခြင်းဟာ လူကို သက်သောင့်သက်သာ ရှိစေပြီး ငိုကြွေးပြီးသွားတဲ့နောက်မှာလည်း အားတက်လာစေတယ်လို့ ဖော်ပြထားပါတယ်။ များသောအားဖြင့်တော့ လူတွေက ငိုပြီးသွားတဲ့အချိန်ကြရင် “ဒါနောက်ဆုံးပဲ၊ ဒီ့ထက်ပိုကောင်းအောင်လုပ်မယ်၊ နောက်မငိုတော့ဘူး” စသဖြင့် အားတင်းပြီး ကိုယ့်ကိုယ်ကိုယ် ရှေ့ဆက်သွားနိုင်ဖို့ ကြိုးစားကြပါတယ်တဲ့။

READ
အောင်မြင်ချင်သူများအတွက် အရေးကြီးတဲ့ အတွင်းစိတ်ကို အားဖြည့်ဖို့ နည်းလမ်း(၄)မျိုး
RomarioIen/Shutterstock

(၂)။ အခြားသူတွေရဲ့စာနာမှုကိုရတယ်

ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ရှေ့မှာ တစ်ယောက်ယောက်ငိုနေတာကိုတွေ့ရင် ဒီအတိုင်းကြည့်နေကြမှာ မဟုတ်ပါဘူး။ သူတို့က စာနာတဲ့စိတ်နဲ့အတူ ဖေးမ ပေးကြမှာဖြစ်ပြီး သင့်အတွက် မိတ်ဆွေကောင်းတွေရှိနေတယ်ဆိုတာ တွေ့လာရမှာပါ။

(၃)။ နာကျင်မှုတွေကို လျော့ပါးသွားစေတယ်

ဘယ်သူ့ကြောင့် နာကျင်ရတာပဲဖြစ်ဖြစ် ငိုချလိုက်တဲ့အခါ သင့်ရင်ထဲမှာ ခံစားနေရတာတွေ၊ နာကျင်မှုတွေကို လျော့ပါးသွားစေပါတယ်တဲ့။ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာအတွက်ပဲ ငိုကြွေးခြင်းက အထောက်အကူဖြစ်စေတာမို့ ငိုဖို့မရှက်ပါနဲ့။

Halfpoint/Shutterstock

(၄)။ စိတ်ဖိစီးမှုတွေကို လျော့ကျသွားစေတယ်

လူတချို့ကတော့ စိတ်ဖိစီးမှုတွေများလာပြီဆိုရင် ငိုကြွေးတဲ့အထိ ဖြစ်လာကြပြီး အဲဒီလို ငိုလိုက်ပြီးတာနဲ့ စိတ်ဖိစီးမှုတွေက လျော့ကျသွားကြပါတယ်တဲ့။ လေ့လာတွေ့ရှိမှုတွေအရတော့ ငိုကြွေးခြင်းဟာ ခန္ဓာကိုယ်ထဲက ဟော်မုန်းအဆင့်ကို လျော့ကျသွားစေပြီး လူကို ပုံမှန်အတိုင်း ပြန်ဖြစ်လာစေပါတယ်လို့ သိရပါတယ်။

(၅)။ အိပ်လို့ကောင်းတယ်

READ
သင့်အကြိုက်ဆုံး အရောင်က ပြောနေသော သင့်အကြောင်း

(၂၀၁၅)ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရတော့ ငိုကြွေးခြင်းဟာ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ အထောက်အကူ ဖြစ်စေပါသတဲ့။ သူတို့က ကလေးငယ်တွေ ငိုကြွေးပြီးရင် အိပ်ပျော်သွားတတ်တဲ့အချက်ကနေ တစ်ဆင့် လေ့လာခဲ့တာဖြစ်ပြီး အသက်ကြီးသူတွေမှာလည်း ဒီလို ငိုကြွေးပြီးတိုင်း ကောင်းမွန်စွာ အိပ်ပျော်နိုင်တဲ့ အခြေအနေတွေရှိတယ်လို့ တွေ့ရှိခဲ့ကြတာပါ။

Photographee.eu/Shutterstock

(၆)။ ဘက်တီးရီးယားတွေကို ကာကွယ်ပေးတယ်

ငိုကြွေးခြင်းဟာ အဓိက အားဖြင့် မျက်လုံးကို သန့်ရှင်းစေပြီး မျက်လုံးထဲမှာ ၀င်နေတဲ့ ဘက်တီးရီးယား တွေကိုလည်း သတ်ပစ်လိုက်နိုင်တယ်လို့ medicalnewstoday က ဖော်ပြပါတယ်။ ဒါ့အပြင် အမြင်အာရုံကို ပိုမိုကြည်လင်လာစေဖို့ အထောက်အကူပေးနိုင်ပြီး မျက်စိနဲ့ဆိုင်တဲ့ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါသတဲ့။

Linn

Source : medicalnewstoday

SHARE