သိပ္ပံပညာ ရှုထောင့်အရ တရားထိုင်ခြင်းကြောင့် ရရှိနိုင်တဲ့ ကောင်းကျိုး (၅)မျိုး

Image: kalyanayahaluwo

တရားထိုင်ခြင်းက ဘာသာရေး အရ ရော ကျန်းမာရေး အတွက် ပါ ကောင်းတဲ့ အ လေ့အကျင့်တစ်ခုပါ။မနက် စောစော ပုံမှန် တစ်နေ့ကို အနည်းဆုံး(၁၅)မိနစ်  နာရီ ၀က် လောက် တရားထိုင် ပေးသင့်ပါတယ်။ တရား ထိုင်ခြင်းက နေ ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင် လဲဆို တာကို သိပ္ပံပညာ ရှု ထောင့် ကနေ positivepsychology မှာ အခုလို ဖော်ပြထားပါတယ်။

(၁)အသိဥာဏ်ပညာတွေ ပွင့်လန်းစေ

Image:freepik.com/arthurhidden

သု တေသီ တွေကလည်း ဒီအချက် ကို လက်ခံ သ ဘော တူ ထားကြပါတယ်။လေ့လာမှု မှာတော့ တရားထိုင် ခြင်းက စိတ်ကို တည်ငြိမ် အေး ချမ်းလာအောင် ကျင့် တဲ့ အကျင့် တစ်ခု အဖြစ် လက်ခံ ထား ကြပါတယ်။ဒီလို ပြု လုပ် ပေးခြင်းအားဖြင့် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ တွေ အထူးသဖြင့် ပြဿနာကို ဖြေရှင်းနဲ့ problem-solving Skill နဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်း  တွေကို မြင့်တက် စေပါတယ်။

(၂)စိတ်ဖိစီးမှုတွေကို လျော့ ကျ စေ

Image:.freepik.com/wayhomestudio

စိတ် ဖိစီးမှုတွေ ကိုလည်း တရားထိုင်ခြင်းက လျော့ ချ ပေးနိုင်ပါတယ်။စိုးရိမ်ပူပန် စိတ်တွေ က ခန္ဓာကိုယ်ရဲ့ ကိုလက်စ ထ ရော Level နဲ့ Stress Level ကို မြင့်တက် စေပါတယ်။ဦးနှောက်ဆိုင်ရာ လေ့လာ မှု တွေ မှာတော့ အဲ့ဒီလို တွေ မြင့်တက်လာပြီဆိုတာနဲ့ Nervous system ကို သွားပြီး Activate ဖြစ် စေပါတယ်။ဒါကြောင့် တစ်ချို့ စိတ်အရမ်းဖိစီးလာရင် ဦးနှောက် သွေး ကြော ပြတ် တာ မျိုးတွေ ဖြစ် သွားတာပါ။တရားထိုင်ခြင်းက တော့ စိတ်ကို တည်ငြိမ် အေး ချမ်းစေ ပြီး အ ပေါ်မှာ ပြော ခဲ့တဲ့ ကိုလက် စ ထ ရောနဲ့ Stress ဟော်မုန်းတွေ မြင့်တက်လာ ခြင်းကို တားဆီး ပေးနိုင်ပါတယ်။စိတ်ကျ ရောဂါ ဖြစ် မလာအောင်၊ဖြစ် နေရင်လည်း ကုစား ပေးနိုင်ပါတယ်။

READ
နှာခေါင်းပိတ်နေတဲ့အခါ ဘယ်လိုအိပ်ပျော်အောင် အိပ်ကြမလဲ …

(၃)စိတ်နဲ့ ရုပ် ကျန်းမာရေး အတွက် ကောင်းစေ

Image: pixabay/kalyanayahaluwo

လူတွေမှာက စိတ်ကျန်းမာရေးနဲ့ ရုပ်ကျန်းမာရေး ဆိုပြီး နှစ်မျိုးခွဲ လို့ ရပါတယ်။စိတ် မကျန်းမာရင် တော့ ရုပ် ကျန်းမာ ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပဲ စိတ် ထောင်းကိုယ် ကြေ ဖြစ် နေမှာ သေချာပါတယ်။ေ လ့လာ မှုတွေ မှာတော့ ပုံမှန် တရားထိုင်ခြင်းကလူ တွေရဲ့ စိတ်ကို ကိုယ့်ကိုယ်ကို အ ကောင်းမြင်၊ တန်ဖိုးထားစိတ် တွေကို မြင့်တက် လာ စေတယ်လို့ ဆိုပါတယ်။ကိုယ့် ရဲ့ စိတ်ခံစားချက် Emotion နဲ့ လုပ်ရပ် Action အ ပေါ် ထိခိုက် စေမယ့် အ တွေး တွေကို ဟန့်တားနိုင်စွမ်းတွေပါ မြင့် တက်လာ စေပါတယ်။

READ
အသက်တွေကြီးလာရင် ပိုပြီးအထီးကျန်လာကြတာ ဘာကြောင့်လဲ

(၄)အာရုံ စူးစိုက်နိုင်စွမ်း ကောင်းစေ

Image:freepik.com/yanalya

အလုပ်မှာ အာရုံစိုက်လို့ မရ ဘူးဆိုတဲ့ စကားမျိုးတွေကို ခဏခဏ ကြားဖူးကြမှာပါ။ကိုယ့်ရဲ့ စိတ် တွေ က အာရုံ စူးစိုက် နိုင်စွမ်း လျော့ နည်း နေမယ်ဆိုရင် တော့ အ ကောင်းဆုံး ကုထုံး အ နေနဲ့ တရားထိုင် ကြ ည့်ပါ။တရားထိုင်ခြင်းက စိတ်ရဲ့ အာရုံစူးစိုက်နိုင်စွမ်းကို  တိုးတက် စေပါတယ်။၏

(၅)နာကျင်မှုကိုပါ သက်သာစေ

Image:freepik.com/pressfoto

ဘာသာရေး နည်း အရပါ ဒီအချက်ကို လက်ခံထားပါတယ်။ဝေဒနာကို မြင် အောင်ရှု ရမယ်ဆိုတဲ့ စကား မျိုး ကို တရား ထိုင်တဲ့ အခါ မှာ မကြာခဏ ကြားဖူးကြမှာပါ။သိပ္ပံ နည်းအရ လည်း တရားထိုင်ခြင်းက ဝေဒနာကို သက်သာ စေတယ်ဆိုတဲ့ အချက်က မှန်ကန် တယ်လို့ လက်ခံ ထားပါတယ်။ National Center for Complementary and Integrative Health (NCCIH) ရဲ့ လေ့လာ တွေ့ ရှိချက် အရ  တရားထိုင် စိတ် ငြိမ်းချမ်း အောင် နေ ခြင်းက ခန္ဓာကိုယ်နာကျင်ခံစားမှုတွေကို ဆေးဝါး နဲ့ ကုစား စရာ မလိုပဲ  ပျောက်ကင်းစေတယ်လို့ ဆိုပါတယ်။ခေါင်းကိုက်တာ၊အရိုးအဆစ် နာကျင်ကိုက်ခဲတာ၊တခြားနာကျင်မှု ဝေဒနာတွေကို တရားထိုင် ခြင်းက ပျောက် ကင်းစေတယ်ဆိုတဲ့ အချက်ကို ပညာရှင် တွေ က တွေ့ရှိခဲ့ပါတယ်။

#SHWEMOM

 

SHARE