သင့်ဖုန်းမှာ App တွေကို “Dark Mode” ထားသုံးတဲ့အခါ ရလာမယ့် အကျိုးကျေးဇူးများ

Shutterstock / guteksk7

ခုနောက်ပိုင်းမှာတော့ စမတ်ဖုန်းတွေမှာ Dark Mode (Night Mode) သုံးတာတွေ တော်တော်လေး ခေတ်စားလာပါတယ်။ အဓိက ဆော့ဝဲကြီးတွေ ဖြစ်ကြတဲ့ Google, Microsoft, Apple နဲ့ Android တွေမှာလည်း Dark Mode အသီးသီးတွေ ဖန်တီးလာကြပါတယ်။

ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ဖြစ်ပေါ်လာတဲ့ Dark Mode က ဖုန်းအသုံးပြုသူတွေအတွက် ဘယ်လိုကောင်းကျိုးတွေ ရှိလဲဆိုတာ Shwemom ပရိသတ်တို့ သိဖို့ ဖော်ပြပေးလိုက်ရပါတယ်။

Shutterstock / Hadrian

ကျန်းမာရေးအကျိုးကျေးဇူးများ

Dark Mode တွေရဲ့ အကြီးမားဆုံး ကျန်းမာရေးအကျိုးကျေးဇူးကတော့ ဖုန်း screen ကနေ Blue Light ထုတ်လွှတ်မှု လျော့နည်းတဲ့အတွက် အိပ်မပျော်ခြင်းကို လုံးဝမဖြစ်စေပါဘူး။ လူတော်တော်များများကတော့ dark mode ကို မျက်လုံးသက်သာစေဖို့အတွက် သုံးကြတာပါ။ Dark mode က ဖုန်း screen ကို စိုက်ကြည့်ခြင်းကြောင့် ဖြစ်ပေါ်တတ်တဲ့ မျက်လုံးရောဂါတွေကို ကာကွယ်ပေးနိုင်ပြီး အလင်းကြောက်ရောဂါ (Photophobia) ရှိသူတွေအတွက်လည်း ဖုန်းသုံးရာမှာ အတော်အဆင်ပြေစေပါတယ်။

READ
ကိုရီးယားကုမ္ပဏီတစ်ခုနဲ့ Huawei တို့ ပူးပေါင်းထုတ်လုပ်လိုက်တဲ့ စမတ်မျက်မှန်
Shutterstock / Tenebroso

အခြားလက်တွေ့ကျတဲ့အကျိုးကျေးဇူးများ

တော်တော်များများ သိပြီးလောက်ကြပြီဖြစ်ပေမယ့် Dark Mode က ဖုန်းဘက်ထရီစား သက်သာစေပါတယ်။ အမည်းရောင်ဗားရှင်းဖြစ်တဲ့အတွက် Low-light setting နဲ့ အလင်းလျှော့ပြီး သုံးလို့ရတဲ့အတွက် ဘက်ထရီအားကုန် သက်သာစေသလို Pixel တွေ သိပ်အလုပ်မလုပ်ရတဲ့အတွက်လည်း screen ကြောင်တာမျိုးတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် နောက်ခံအဖြူပေါ်မှာ စာလုံးအမည်းနဲ့ သုံးတာထက် နောက်ခံအမည်းပေါ်မှာ စာလုံးအဖြူတွေ သုံးခြင်းက margin နေရာလိုအပ်မှု ပိုနည်းတဲ့အတွက် Dark Mode က Web ဒီဇိုင်နာတွေ၊ app ဒီဇိုင်နာတွေရဲ့ အကြိုက်ပိုဖြစ်ပါတယ်။

Shwemom

SHARE