အဆိုးမြင်ဝါဒီသမားတွေမှာတွေ့ရတတ်တဲ့ ရှားရှားပါးပါး ကောင်းကျိုး (၅) ခု

Freepik- cookie_studio

Negative sense ရှိတယ်ဆိုတာ နာမည်သာကြားလို့မကောင်းရင်နေမယ် သူ့မှာလည်း သူ့ကောင်းကျိုးနဲ့သူ ရှိတတ်ပါတယ်။ အဆိုးမြင်ဝါဒီသမားတွေမှာ တွေ့ရတတ်တဲ့ ရှားရှားပါးပါးကောင်းကျိုး (၅) ခုအကြောင်းကို ပြောပြပေးချင်ပါတယ်။ အဲဒါတွေကတော့..

(၁) သတိကြီးတယ်

မကောင်းမြင်ဝါဒီရှိသူတွေဟာ အရမ်းကို အစိုးရိမ်ကြီးကြလို့ပဲဖြစ်ပါတယ်။ အစိုးရိမ်လွန်နေတဲ့အတွက်ကြောင့် ကိစ္စတိုင်းကို တွေးပူပြီး မကောင်းမြင်လာကြရတာပဲဖြစ်ပါတယ်။ စိုးရိမ်တတ်လို့လည်း သတိကြီးကြီးထားတတ်ကြတဲ့အတွက် ဒါဟာလည်း ကောင်းကျိုးတစ်ခုပါပဲ။

Freepik- cookie_studio

(၂) အမှားနည်းတယ်

ကိစ္စတစ်ခုကို ဆုံးဖြတ်တော့မယ်ဆိုရင် မကောင်းမြင်ဝါဒီသမားတွေဟာ မကောင်းတဲ့ဖက်ကပဲ မျိုးစုံအောင်တွေးတတ်ကြတာကြောင့် များသောအားဖြင့် အမှားနည်းတတ်ကြပါတယ်။

(၃) ပြောင်းလဲတိုးတက်မှုတွေဖြစ်စေတယ်

အရာတိုင်းကို မကောင်းတဲ့ဖက်ကပဲမြင်တတ်တဲ့အတွက်ကြောင့် သူတို့ဟာ ကိုယ့်ကိုယ်ကိုလည်း အမြဲတစေ စဉ်းစားသုံးသပ်နေတတ်ကြပါတယ်။ ကောင်းကွက်ထက် လိုအပ်ချက်တွေ၊ မကောင်းတဲ့အကျင့်စရိုက်တွေကိုပဲ မြင်တတ်ကာ ဒါတွေကို မရှိစေချင်တာကြောင့် ကိုယ့်ကိုယ်ကို တိုးတက်အောင် အမြဲကြိုးစားနေတတ်ကြပါတယ်။

(၄) ယုတ္တိအရှိဆုံးအတွေးခေါ်သမားတွေဖြစ်တယ်

မကောင်းမြင်ဝါဒီသမားတွေဟာ မကောင်းတာတွေချည်းပဲ တွေးတောနေတတ်ကြတာမဟုတ်ပါဘူး။ အကောင်းမြင်ဝါဒီသမားတွေလိုလည်း အမြဲတမ်း အကောင်းကြီးမတွေးဘဲ မျှော်လင့်ချက်ကို အလယ်အလတ်လောက်မှာပဲ ထားကာ အဆိုးဆုံးကိုလည်း ကြိုတွေးထားတတ်သူတွေဖြစ်တာကြောင့် ယုတ္တိအဆန်ဆုံးအတွေးအခေါ်သမားတွေပဲဖြစ်ပါတယ်။

READ
ခွင့်လွှတ်နားလည်ပေးခြင်းမှရရှိလာမယ့်အကျိုးကျေးဇူး(၅)ခု

(၅) ကြိုတင်ပြင်ဆင်ပြီးသားဖြစ်တယ်

ရင်လောက်မှန်းမှ ဒူးလောက်ရဆိုတဲ့ စကားကို လက်ကိုင်ထားသူတွေဖြစ်တာကြောင့် တစ်ခုခု ချွတ်ယွင်းမှုတွေ ဖြစ်လာတဲ့အခါမှာတော့ သူတို့ရဲ့မကောင်းမြင်ဝါဒီစိတ်ထားကြောင့်ပဲ စိတ်ထဲ ကြိုတင်ပြင်ဆင်ပြီးထားသလိုဖြစ်နေတတ်တဲ့အတွက် အကျနာလည်း သက်သာတတ်ကြပါတယ်။

Freepik- cookie_studio

penny

 

SHARE