သင် မသိသေးတဲ့ နမ်းရှိုက်ခြင်းကြောင့် ရရှိတဲ့ အကျိုးကျေးဇူးများ….

Image by adamkontor from Pixabay

လူတိုင်း တစ်စုံတစ်ဦးနဲ့ ချစ်စိတ်တွေထုံလွှမ်းနေလို့ပဲဖြစ်စေ၊ သာမန် လုပ်ရိုးလုပ်စဉ်အရ ဖြစ်စေ နမ်းဖူးကြမယ်ထင်ပါတယ်။ နမ်းရှိုက်ခြင်းဟာ ကျန်းမာရေးအတွက် တကယ်ကို ကောင်းမွန်စေတယ်ဆိုတာရော သိပါသလား…။

များစွာသော ပရော်ဖက်ရှင်တွေရဲ့ အဆိုအမိန့်တွေအရတော့ နမ်းရှိုက်ခြင်းဟာ တစ်ကိုယ်ရည်ဖြစ်တည်မှုအပေါ်မှာ ကောင်းမွန်တဲ့ သက်ရောက်မှုတွေ ရှိစေတယ်လို့ သိရတယ်။ ဘယ်လိုတွေများလဲ.. ကြည့်ရအောင်..။

၁။ နမ်းရှိုက်ခြင်းက အနှောင်အဖွဲ့ဖြစ်စေ

နမ်းရှိုက်ကြတဲ့အခါမှာ အောက်ဆီတိုစင်ဆိုတဲ့ ဟော်မုန်းက ထွက်လာတယ်၊ နောက်ပြီး အဲ့ဒါကပဲ တစ်ဦးနဲ့ တစ်ဦး ချက်ချင်း နီးကပ်တဲ့ ခံစားမှုတွေကို ဖြစ်ပေါ်စေတယ်။ တခြားသော မေတ္တာပြ အရာဝတ္ထုတွေထက် နမ်းရှိုက်ခြင်းက အနှောင်အဖွဲ့တွေကို ပိုတွယ်စေတယ်။

၂။ အနမ်းတွေက ဖိစီးမှုဒဏ်ကနေ သက်သာစေတယ်။

ဖိစိမှုတွေများနေပါသလား။ တစ်စုံတစ်ယောက်ကို နမ်းချပစ်လိုက်ပါ။ လေ့လာမှုတွေရဲ့ ဖော်ပြချက်အရ ဖိစိမွန်းကြပ်နေတဲ့အခါ အနမ်းတွေက တကယ်ကိုပဲ သက်သာရာရစေဖို့ အထောက်အကူပြုတယ်လို့ သိရပါတယ်။

READ
ပျော်ရွှင်မှုကို အလွယ်ရှာဖွေနည်း(၇)နည်း
Image by Free-Photos from Pixabay
၃။ အနမ်းတွေက ကိုယ့်ရဲ့ တန်ဖိုးထားမှုတွေကို မြှင့်တင်ပေးတယ်။

ကိုယ့်ကို ပျော်ရွှင်မှုတွေပေးတယ်၊ ဖိစီမှုတွေကို လျှော့ချပေးတယ်၊ ဒီ့အပြင် ကိုယ့်ကိုကိုယ် တန်ဖိုးမှုတွေ မြင့်မားလာတယ်။ ၂၀၁၆ ခုနှစ်တုန်းက ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတစ်ရပ်မှာဆိုရင် နမ်းရှိုက်တာနဲ့ ပတ်သက်ပြီး မကျေနပ် မပျော်ရွှင်တဲ့ သူတွေဟာ ဓာတ်မတည့်တဲ့ ကော်တီဇုန်းများနေတာဖြစ်တယ်။ အဲ့ဒီ့ဓာတ်ကို အနမ်းတွေနဲ့ပဲ တဖြည်းဖြည်းလျှော့ချလို့ရပါတယ်။

၎။ အနမ်းတွေက ကိုယ်ခံစွမ်းအားကို တိုးမြင့်စေတယ်။

အနမ်းတွေက ကိုယ်ခံစွမ်းအားကို မြှင့်တက်စေပြီး ရောဂါဘေးဘယတွေမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ နောက်ပြီး အာလဂျီရှိတဲ့သူတွေဆို မိနစ် သုံးဆယ်လောက် နမ်းပေးရင် ဖြစ်ပွားမှုနှုန်းလျော့ကျစေတယ်လို့ သိရတယ်။ ဒီ့အပြင် သွေးလည်ပတ်မှုကောင်းစေပြီး သွေးပေါင်လည်း မှန်မှန်ရှိစေပါသတဲ့။

၅။ လူကို ပိုပြီး နိုးကြားစေတယ်။

အဒရီနယ်လင်းတွေ နော်အဒရီနယ်လင်းတွေကို လှုံ့ဆော်မှုပေးတဲ့အတွက် ပိုပြီး နိုးကြားနေစေတယ်။ နှလုံးခုန်နှုန်းတွေ၊ သွေးလည်ပတ်နှုန်းတွေကို မြန်စေတယ်၊ ကဖိန်းဓာတ် ထက်တောင်မှ ထိရောက်မှုရှိနေတာကိုတွေ့ရတယ်။

READ
ဘ၀ကိုမတိုးတက်စေသော အမူအကျင့်များ
Image by Free-Photos from Pixabay
၆။ ကိုလက်စထရော တွေကိုလျှော့ချပေးတယ်။

အနမ်းတွေက ဖိစီးမှုတွေကို တောင်လျှော့ချနိုင်ပါတယ်ဆို… ဖိစီးမှုတွေရဲ့ အကျိုးဆက်တစ်ခုလို့ ဆိုနိုင်တဲ့ ကိုလက်စထရောတွေက ပါ လျှော့ချပေးနိုင်တယ်လို့ Mental Floss ရဲ့ ဖော်ပြမှုအရ သိရပါတယ်။

၇။ ကြွက်သားတွေကို သန်မာစေတယ်။

မျက်နှာပြင်ပေါ်က ကြွက်သားတွေ သန်မာဖို့ကလည်း လွန်စွာမှ အရေးကြီးပါတယ်။ နမ်းတဲ့အခါမှာဆို မျက်နှာပေါ်က ကြွက်သား အခု ၃၀ လောက်ဟာ လှုပ်ရှားရတဲ့အတွက် ပါးပြင်တွေဟာ တင်းရင်းကောင်းမွန်လာမှာ ဖြစ်တယ်။

၈။ နာကျင်မှု ဝေဒနာကို ပြေလျော့စေတယ်။

သွေးလည်ပတ်မှုကို ကောင်းစေတဲ့အတွက် အနမ်းတွေဟာ နာကျင်မှုတွေကို ပြေပျောက်စေပါတယ်။ အမျိုးသမီးတွေ ဓမ္မတာကိုက်ခဲချိန်နဲ့ ခေါင်းမူး ခေါင်းကိုက်နေချိန်များမှာ အနမ်းတွေက သက်သာစေပါသတဲ့….။

Matthew 

SHARE