အားပါးတရ ရယ်မောခြင်းကပေးစွမ်းနိုင်တဲ့ အံ့မခမ်းအကျိုးကျေးဇူး (၆) ခု

Freepik- freepik

လူသားတိုင်ဟာ တစ်နေ့မှာတစ်ခေါက် ငိုဖို့ဆိုတာ မဖြစ်နိုင်ပေမယ့်လို့ တစ်နေ့မှာ တစ်ခေါက်တော့ အနည်းဆုံးရယ်တတ်ကြပါတယ်။ ရယ်မောခြင်းနဲ့ မကင်းနိုင်တဲ့ လူသားတွေဖြစ်တာကြောင့် လူတစ်ယောက်က ဟက်ဟက်ပက်ပက်ရယ်မောခြင်းကြောင့် ဘယ်လိုမျိုး အကျိုးကျေးဇူးတွေရနိုင်သလဲဆိုတာကို ကြည့်လိုက်ကြရအောင်။

(၁) ဗိုက်ကြွက်သား

ရယ်လိုက်တဲ့အခါ ဗိုက်ကိုညှစ်ညှစ်ပြီး ရယ်ရတာဖြစ်တဲ့အတွက် ရယ်မောခြင်းဟာ ဗိုက်ကြွက်သားတွေအတွက် အကောင်းဆုံးလေ့ကျင့်ခန်းပါပဲတဲ့။ အရယ်သန်တဲ့လူတွေဟာ အပေါ်ယံမှာ အဆီတွေရှိပါစေဦးတော့ အောက်မှာတော့ မာဆယ်တွေ ကွဲနေတတ်တယ်လို့ ဆိုကြသတဲ့။

Freepik- wayhomestudio

(၂) အကောင်းမြင်စိတ်ကိုမြှင့်တင်ခြင်း

တစ်ခါရယ်မောလိုက်တိုင်း၊ ရယ်မောတဲ့အသံကို တစ်ခါကြားလိုက်တိုင်း သင်ဖြစ်နေတဲ့ မကောင်းမြင်စိတ်တွေဟာ ကောင်းဖက်ကိုပြောင်းသွားပြီး စိတ်ခံစားမှုဟာလည်းပဲ အကောင်းဆုံးကို ပြန်ရောက်သွားနိုင်ပါတယ်။

(၃) Stress Hormone

အားပါးတရျရယ်မောလိုက်ရင် စိတ်အမောတွေလည်း ပြေစေပြီးတော့ လက်တလောဖြစ်နေတဲ့ စိတ်ဖိဆီးမှုနဲ့ စိတ်ဓာတ်ကျခြင်းတွေကိုလည်း လျေျာ့ကစေပါတယ်။ ဒီအပြင် ကိုယ်ခံအားကိုပါကောင်းစေပါသေးတယ်တဲ့။

Freepik- freepik

(၄) နှလုံးကျန်းမာရေး

READ
အနံ့ပျောက်လက္ခဏာရဲ့ ဆိုးရွားလွန်းပုံကိုပြောပြခဲ့တဲ့ COVID+ အမျိုးသား

ရယ်မောခြင်းဟာ အကောင်းဆုံးသော သွေးလှည့်ပတ်မှုအကောင်းဆုံးသော လေ့ကျင့်ခန်းတစ်ခုပါပဲ။ အသက်ရှူလေ့ကျင့်ခန်းတစ်ခုဖြစ်တဲ့အတွက် နှလုံးက ပြွန်တွေနဲ့ သွေးကြောတွေကို သွေးလှည့်ပတ်မှုအားကောင်းစေတဲ့အတွက်ကြောင့် နှလုံးကျန်းမာရေးအတွက်လည်း ကောင်းကျိုးတွေဖြစ်လာစေမှာပါ။

(၅) T-cell တွေကို လှုံ့ဆော်ခြင်း

ခန္ဓာကိုယ်ရဲ့ ခုခံအားကို ဖြစ်စေတဲ့ T-cell တွေကို ရယ်မောခြင်းမှ လှုံ့ဆော်ပေးပါတယ်။ ဒီအတွက်ကြောင့် သာမန်ဖြစ်လာတတ်တဲ့ ဖျားနာခြင်း နှာစေးချောင်းဆိုးခြင်း စတာတွေကိုပါ မဖြစ်စေတော့ပါဘူး။ ရယ်တဲ့လူက ပိုအသက်ရှည်တယ်ဆိုတာ ကြားဖူးတယ်မဟုတ်လား။

Freepik- wayhomestudio

(၆) သွေးဖိအားလျော့စေတယ်

ရယ်မောခြင်းဟာ သင့်ကို သွေးတိုးတာ လျော့စေတယ်ဆိုတာ သိင်သိပါသလား။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်လောက်တော့ ရယ်မောရင်း သွေးဖိအားကို ထိန်းသိမ်းကြပါစို့။

penny

SHARE