“မိန်းမရှိခိုး သွားမကျိုး” ဆောင်ပုဒ်ကို လိုက်နာသူတွေရဲ့ ကောင်းကျိုးများ

သင့် သူငယ်ချင်းတွေထဲမှာ “မိန်းမရှိခိုး သွားမကျိုး”ဆိုတဲ့ ဆောင်ပုဒ်ကို လိုက်နာသူတွေ၊ တနည်းအားဖြင့် ဘော်ဒါအချင်းချင်းက မယားကြောက် လို့ခေါ်တဲ့ မိန်းမကြောက်ရသူတွေ ရှိကြလား။ အတူတူ သောက်နေကြတုန်း မိန်းမက ဖုန်းဆက်ခေါ်တာနဲ့ အိမ်ကို ထပြေးသွားတဲ့သူတွေ၊ ဒါမှမဟုတ် တစ်နေရာရာသွားဖို့ ချိန်းကြတဲ့အခါ မိန်းမက ခိုင်းထားတာလေးရှိလို့ ဆိုပြီး အကြောင်းပြချက်ပေးတတ်တဲ့သူတွေပေါ့။ အဲဒီလို လူတွေဆိုရင် မယားကြောက် လို့ အားလုံးက ခေါင်းစဉ်တပ် တတ်ကြပါတယ်။ အိမ်မပိုင်ရင်ဂေါ်လီမလုပ်နဲ့ ဘာညာပေါ့။ ဒါပေမယ့်လည်း မိန်းမကိုကြောက်ရတဲ့သူတွေမှာလည်း သူတို့ရဲ့ကောင်းကွက်လေးတွေရှိတယ်နော်။ “မိန်းမရှိခိုး သွားမကျိုး” ဆောင်ပုဒ်ကို အတိအကျလိုက်နာသူတွေရဲ့ ကောင်းကျိုးများပေါ့။ ဘာတွေလည်းဆိုတာ သိချင်ရင်တော့ ဖတ်ကြည့်လိုက်လေ…။

sorendreier.com

(၁)။ ခဏခဏရန်ဖြစ်နေရမယ့် အိမ်ထောင်ရေးမျိုးကို ရှောင်ရှားနိုင်မယ်

စဉ်းစားကြည့်လေ။ မိန်းမကြောက်ပါတယ်ဆိုမှတော့ ဘယ်လိုလုပ်ပြီး မိန်းမနဲ့ ရန်ဖြစ်ရဲမှာလဲ။ မိန်းမက ဒါပဲဆို ဒါပဲလုပ်နေရပါတယ်ဆိုမှ။ ဒီတော့ တခြားအိမ်ထောင်တွေလို လင်မယားချင်း ခဏခဏ ရန်ဖြစ်တာမျိုးကို ရှောင်နိုင်မယ်မဟုတ်လား။ မကျေနပ်ဘူးဆိုရင်လည်း စိတ်ထဲမှာပဲ သိမ်းထားပြီး ဘယ်သူမှ မရှိတဲ့နေရာမျိုးမှာ “မိန်းမကို မုန်းတယ်” ဆိုပြီး သွားအော်နေတာမျိုးပဲ လုပ်ဖြစ်မှာပါ။ LOL ….

READ
ဟော်လိုဝိန်းပွဲတော်ဆင်နွှဲဖို့ ပြင်ဆင်နေသူတွေအတွက် ထူးခြားတဲ့ဝတ်စုံဒီဇိုင်းများ

 

Youtube

(၂)။ မိန်းမကွယ်ရာမှာ မဟုတ်တာလုပ်ဖို့ တခြားသူတွေထက် ပိုပြီးအခွင့်အရေးရမယ်

မိန်းမတွေက သူတို့ရဲ့ယောက်ျားက သူတို့ကိုကြောက်တယ်၊ သူတို့ပြောတဲ့အတိုင်းလုပ်တယ်လို့ ထင်နေရင် သူတို့ယောင်္ကျားအပေါ် ယုံကြည်မှု ပိုထားတတ်ကြပါတယ်။ သူတို့မသိအောင် ဘာမှ လုပ်ရဲမှာ မဟုတ်ဘူးလို့လည်း ထင်ကြတယ်။ အဲဒီအခြေအနေကပဲ မိန်းမကွယ်ရာမှာ မဟုတ်တာ တစ်ခုခု လုပ်ချင်ရင် တခြားသူတွေထက် ပိုပြီး အခွင့်အရေးရှိနေတာပါ။

(၃)။ မိန်းမ အလိုလိုက်တာခံရတယ်

အဲဒါကတော့ မိန်းမကြောက်တဲ့သူတွေရဲ့အထူးအားသာချက်ပေါ့။ မိန်းမတွေက သူတို့သူငယ်ချင်းတွေရှေ့မှာသာ “ငါ့ယောင်္ကျားကတော့ ငါ့စကားတစ်ခွန်းပဲ” ဘာညာ လုပ်ပြီး ဂုဏ်ယူချင်ကြတာ။ တစ်ဖက်မှာတော့ သူတို့ရဲ့စကားကို နားထောင်တာက သူတို့ကို ချစ်လို့ပဲဆိုတာ သိထားကြပါတယ်။ အဲဒါကြောင့် ယောင်္ကျားဖြစ်တဲ့သူ တစ်ခုခုလိုချင်ပြီဆို သူတို့မှာ ပိုက်ဆံလေးရှိတာနဲ့ ၀ယ်ပေးတတ်ကြတယ်။ သူတို့စကားကိုသာနားထောင် လိုချင်တာတွေ အကုန်ရမယ်ဆိုတဲ့ အကွက်မျိုးလေ။

distractify.com

(၄)။ အိမ်မှုကိစ္စတွေအကြောင်း သင်တန်းတက်စရာမလိုပဲ နားလည်လာတယ်

READ
အွန်လိုင်းကနေချက်ချင်းဝယ်ယူလို့ရတဲ့ လုံးချင်းအိမ်တွေကို Amazon ရောင်းပြီ

သိပါတယ်။ ဒီလို သင်တန်းမျိုးတော့ ဘယ်သူမှ မတက်ချင်ဘူးဆိုတာ။ LOL ။ ဒါပေမယ့် မိန်းမကြောက်တဲ့သူ တော်တော်များများက မိန်းမကို မှီခိုနေရတဲ့သူ၊ မိန်းမက သြဇာလွှမ်းမိုးတာ ခံရတဲ့သူတွေ ဖြစ်ကြပြီး တဖြည်းဖြည်းနဲ့ အိမ်မှုကိစ္စတွေ လုပ်တတ်ကုန်ကြပါတယ်။ အစကတော့ ဘယ်တတ်မလဲလေ။ မိန်းမယူလိုက်ပြီးတော့မှ “ကိုရေ၊ မောင်ရေ ထမင်းလေး ချက်လိုက်ပါဦး” ဆိုတော့ ကြိုးစားပြီး ထမင်းလေး ချက်ကြည့်။ “ဟင်းအိုးလေး ကြည့်ထားပါဦး” ဆိုရာကနေ ဟင်းတွေချက်တတ်။ အမလေး… တဖြည်းဖြည်းနဲ့ ကျွမ်းကျင်လာလိုက်မယ်ဖြစ်ချင်း။

(၅)။ ကိုယ်တစ်ခုခုကိုငြင်းချင်ရင် မိန်းမကို အကြောင်းပြလို့ရတယ်

ဒီအကွက်က ဘော်ဒါတွေကြားထဲမှာ သုံးလို့ သိပ်ကောင်းတဲ့အကွက်ပေါ့။ ကိုယ်မသွားချင်တဲ့နေရာတစ်ခု၊ ကိုယ်စိတ်မပါတာ တစ်ခုခုကို လုပ်ကြဖို့ ရှိတယ်ဆိုရင် “ငါ့မိန်းမက အဲဒါမျိုးတွေ မကြိုက်ဘူး” ဆိုပြီး ငြင်းလိုက်ရုံပဲလေ။ ဘော်ဒါတွေဖက်က ကြည့်ရင်လည်း ကိုယ့်ကို မယားကြောက်ကြီးလို့ သတ်မှတ်ထားတဲ့အတွက် လွယ်လွယ်လေး နားလည်ပေးကြမှာပါပဲ။ မိန်းမကို လူဆိုးဖြစ်အောင် ဆွဲသွင်းတဲ့ အကွက်တွေပေါ့…။

Linn

SHARE