တရားထိုင်ခြင်းကြောင့် ရမယ့် အကျိုးကျေးဇူး (၅)ချက်

တရားထိုင်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို သိလာကြတာနဲ့အမျှ တရားထိုင်ကျင့်ကြတဲ့လူဦးရေလည်း တိုးပွားလာနေပါတယ်။ တရားထိုင်ခြင်းက အတွေးတွေကို မှန်စေပြီး စိတ်ကိုလည်း အနားရစေတဲ့ လေ့ကျင့်စဉ်တစ်မျိုးပါ။ အောက်မှာဖော်ပြမှာကတော့ သိပ္ပံပညာအရ အတည်ပြုပြီးဖြစ်တဲ့ တရားထိုင်ခြင်းရဲ့ အကျိုးကျေးဇူး (၅)ချက်ဖြစ်ပါတယ်။

စိတ်ဖိစီးမှုကို လျော့ကျစေတယ်။

တရားထိုင်သူလူအများစုရဲ့ အဓိကရည်ရွယ်ချက်ကတော့ စိတ်ဖိစီးမှုလျှော့ချဖို့ဖြစ်ပါတယ်။ စိတ်ဖိစီးမှုရှိခြင်းက အိပ်ရေးပျက်ခြင်းတွေကိုလည်း ဖြစ်စေပြီး နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ သွေးတိုးခြင်းနဲ့ စိတ်ကျရောဂါဖြစ်ခြင်းတို့ ဖြစ်လာစေပါတယ်။ လူပေါင်းထောင်ကျော်ကို (၂)လခန့်ကြာအောင် စမ်းသပ်ခဲ့ရာမှာတော့ တရားထိုင်ခြင်းက စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

Flickr

စိတ်ကျန်းမာရေးကို အထောက်အကူပြုတယ်။ 

တရားထိုင်ခြင်းက အကောင်းမြင်စိတ်ကိုလည်း ဖြစ်ပေါ်စေပြီး စိတ်ကျရောဂါကို ကုသပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ဖြစ်တဲ့ ဆိုင်တိုကင်ဟော်မုန်းဟာ စိတ်ကျဝေဒနာကို ဖြစ်စေနိုင်ပြီး တရားထိုင်ခြင်းက ဆိုင်တိုကင်ကို လျှောချပေးနိုင်တဲ့အတွက် စိတ်ကျဝေဒနာဖြစ်ခြင်းမှ ကင်းဝေးစေပါတယ်။

အာရုံစူးစိုက်မှုအားကောင်းစေတယ်။

တရားထိုင်ခြင်းက လူတစ်ယောက်ရဲ့ စိတ်အာရုံအတွက် အာဟာရကဲ့သို့ဖြစ်ပြီး အာရုံစူးစိုက်မှုကို အားကောင်းလာစေပါတယ်။ လုပ်ငန်းခွင်များမှာ စမ်းသပ်ချက်အရ တရားထိုင်သူတွေက တရားမထိုင်သူတွေထက် လုပ်ငန်းဆောင်တာကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ကြပါတယ်။

READ
တက်တူးချစ်သူတွေ လက်မှာထိုးနိုင်မယ့်တက်တူးအမိုက်စားများ
Flickr

မှတ်ဥာဏ်ဆုံးရှုံးမှုကို လျော့ကျစေတယ်။

တရားထိုင်ခြင်းက စိတ်ကိုနုပျိုငယ်ရွယ်စေတာကြောင့် အသက်ကြီးလာတဲ့အခါ မှတ်ဥာဏ်ဆုံးရှုံးတာမျိုးတွေကို မဖြစ်စေပါဘူး။ အသက်ကြီးရင့်ခြင်းကြောင့် မှတ်ဥာဏ်ပျောက်ဆုံးမှုကို သက်သာစေတဲ့အပြင် အတိတ်မေ့ရောဂါကိုပါ သက်သာစေပါတယ်။

ကောင်းစွာအိပ်စက်စေတယ်။

တရားထိုင်ခြင်းက အိပ်မပျော်တဲ့ရောဂါကို သက်သာပျောက်ကင်းစေပါတယ်။ တရားထိုင်ပါက အိပ်မပျော်စေတဲ့ အတွေးတွေကို မတွေးမိစေတော့ဘဲ ခန္ဓာကိုယ်ကိုလည်း ဖြေလျှော့ပေးတာကြောင့် ကောင်းစွာအိပ်ပျော်စေပါတယ်။

White (Shwemom)

Ref: HealthLine

SHARE