ကျန်းမာရေးနဲ့သင့်တော်ပြီး ဝိတ်ကျဖို့ အများကြီး အထောက်အကူပြုတဲ့ အုတ်ဂျုံ

pexels/Life of Pix

ကမ္ဘာတစ်လွှားမှာ အုတ်ဂျုံပေါ်အခြေခံတဲ့မနက်စာတွေဟာ အရမ်းကိုပေါ်ပြူလာဖြစ်ပါတယ်။ အုတ်ဂျုံမှာ ကျန်းမာစေတဲ့အမျှင်ဓာတ်၊ ကာဘိုဟိုက်ဒရိတ်နဲ့ ပရိုတိန်းဓာတ်တွေပါဝင်ပါတယ်။ အုတ်ဂျုံထဲမှာတော့ တခြားအာဟာရတွေဖြစ်တဲ့ မဂ္ဂနီဆီယမ်၊ ဇင့်နဲ့ အမျှင်ဓာတ်တွေလည်းပါဝင်ပါတယ်။ အောက်ဘက်မှာတော့ အုတ်ဂျုံရဲ့ကောင်းကျိုးတွေကို insider ကတဆင့် ဖော်ပြပေးလိုက်ပါတယ်။

pexels/Keegan Evans

အုတ်ဂျုံထဲမှာ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အမျှင်ဓာတ်၊ ကာဘိုဟိုက်ဒရိတ်နဲ့ အပင်အခြေခံတဲ့ပရိုတိန်းတွေပါဝင်ပါတယ်။  အုတ်ဂျုံဟာ ဗိုက်ပြည့်တယ်လို့ခံစားရစေပြီး အူသိမ်အူမတွေရဲ့လှုပ်ရှားမှုတွေကိုထိန်းညှိပေးပါတယ်။ ပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်ပါဝင်တဲ့အတွက် ဝမ်းမှန်ဝမ်းပျော့စေပါတယ်။

အုတ်ဂျုံဟာ သွေးတွင်းက သကြားပမာထိုးမတက်သွားအောင်လည်း ကူညီပေးပါတယ်။ ထမင်းစားနေစဉ်နဲ့ ထမင်းစားပြီးချိန်တွေမှာ သွေးတွင်းက သကြားဓာတ်တွေ အရမ်းတက်မသွားအောင် ကူညီပေးပါတယ်။ တာရှည်အဆာခံနိုင်ပါတယ်။

pexels/JÉSHOOTS

အုတ်ဂျုံဟာ အင်ဆူလင်ပမာဏကိုထိန်းညှိပေးပါတယ်။ သွေးထဲကသကြားပမာဏမြင့်တက်သွားနဲ့ ပန်ကရိယဟာ အင်ဆူလင်ကိုထုတ်လုပ်ပေးပါတယ်။ အင်ဆူလင်ဆိုတာကတော့ သွေးတွင်းသကြားဓာတ်ဂလူးကို့စ်ကိုစုပ်ယူရာမှာ အကူအညီပေးတဲ့ဟော်မုန်းဖြစ်ပါတယ်။ အုတ်ဂျုံလိုအစားအသောက်မျိုးကတော့ ဖြည်းဖြည်းချင်းကြေညက်တဲ့အတွက် သွေးတွင်းမှာသကြားဓာတ်တွေ တဖြည်းဖြည်းမြင့်တက်လာတာဖြစ်ပါတယ်။

READ
လေ့ကျင့်ခန်းလုပ်စရာမလိုဘဲ ဗိုက်သား အဆီကျစေမဲ့ ခရမ်းချဉ်သီးဖျော်ရည်

ဆီးချိုသမားတွေအတွက် အထူးသင့်တော်ပြီး နှလုံးရောဂါလို နာတာရှည်ရောဂါသည်တွေအတွက် အုတ်ဂျုံကိုရွှေးချယ်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ အုတ်ဂျုံဟာ ကိုယ်ခံအားစနစ်ကိုထောက်ပံ့ပေးပါတယ်။ ပျော်ဝင်နိုင်တဲ့အမျှင်တစ်မျိုးဖြစ်တဲ့ beta-glucan ကိုတော့ အုတ်ဂျုံတွေမှာတွေ့ရတဲ့အပြင် ၄င်းတို့ဟာ ဂလူးကို့စ်ကိုစုပ်ယူရာမှာ အကူညီပေးတဲ့ဟော်မုန်းတွေလည်း ဖြစ်ကြောင်းလည်း သိရပါတယ်။

ShweMom

SHARE