ဖို၊မ ဆက်ဆံခြင်းကြောင့် ရရှိလာနိုင်တဲ့ ကျန်းမာရေးကောင်းကျိုး (၄) ခု

Freepik-freepik

အသုံးချတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေးဆိုသလို ဖို၊မ ဆက်ဆံခြင်းကြောင့် ရရှိလာနိုင်တဲ့ အဓိကကျန်းမာရေးအကျိုးကျေးဇူး (၄) ခုကို ကျန်းမာရေးဗဟုသုတရဖွယ်အဖြစ် ဖော်ပြပေးလိုက်ပါတယ်။ Insider မှ ကိုးကားဖော်ပြပေးထားတာပါ။

Freepik-freepik

(၁) ကောင်းမွန်စွာအိပ်ပျော်စေခြင်း

ဆက်ဆံပြီးချိန်မှာ ထုတ်လွှင့်လိုက်တဲ့ Oxytocin ဓာတ်ဟာ မြန်မြန်ဆန်ဆန်ဆန်နဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင် ကူညီပေးပါတယ်။ သို့ပေမယ့် ဆက်ဆံခြင်းတင်မဟုတ်ဘဲ တစ်ကိုယ်ရေပြီးမြောက်မှုတွေမှာလည်း ဒီချက်ဟာ အကြုံးဝင်ပါတယ်လို့  International Society for Sexual Medicine မှာ ဖော်ပြထားပါတယ်။

Freepik-freepik

(၂) စိတ်ဖိဆီးမှုကို လျော့ကျစေခြင်း

The Journal of Sexual Medicine မှ ဆောင်းပါးတစ်ပုဒ်အရ ဆက်ဆံစဉ်ထွက်ရှိလာတဲ့ ဟော်မုန်းတွေဟာ ခန္ဓာကိုယ်ရဲ့ပင်ပမ်းနွမ်းနယ်မှုတွေကို လျော့ကျစေမှာပါ။ Endorphins လို့ခေါ်တဲ့ နောက်ထပ် ဟော်မုန်းတစ်မျိုးကတော့ စိတ်ကျေနပ်စေခြင်း၊ စိတ်တက်ကြွစေခြင်းနဲ့ ခွန်အားတွေကို ဖြစ်ပေါ်စေတဲ့အတွက် စိတ်ဓာတ်ကျချိန်မျိုးတွေမှာ လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။ MiddlesexMD ရဲ့ တည်ထောင်သူ Barb Depree ကတော့ စိတ်ဖိဆီးမှုလျှော့ချဖို့ဆိုရင် ကျေနပ်မှုအပြည့်အဝပေးနိုင်မယ့် ဆက်ဆံခြင်းမျိုးက အမြန်ဆန်ဆုံးနဲ့ အကောင်းဆုံးနည်းလမ်းပါပဲတဲ့။

READ
ကိုယ်ဝန်ဆောင်ချိန်မှာသုံးတဲ့ပစ္စည်းတွေက ကလေးပေါ်သက်ရောက်မှုရှိနိုင်တယ်လို့ဆို
Freepik- eddows-animator

(၃) နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုခြင်း

မိနစ် ၃၀ စာ ဆက်ဆံမှုပြုလိုက်တဲ့အခါ လူတစ်ယောက်အတွက် ပျမ်းမျှ ၈၅ ကယ်လိုရီ လောင်ကျွမ်းစေပါတယ်တဲ့။ သာမန်လေ့ကျင့်ခန်းလုပ်သလိုပဲ သူဟာလည်း သွေးတိုးခြင်းမှ ကာကွယ်ပေးပြီး နှလုံးရောဂါဖြစ်ခြင်းမှ လျော့ကျစေပါတယ်လို့ Burb Depree က ပြောထားခဲ့ပါသေးတယ်။

Freepik-freepik

(၄) ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်း

၂၀၁၈ ခုနှစ်ထုတ် Journal of Sex Research အရ အတူနေခြင်းဟာ ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေတယ်ဆိုပြီး သိခဲ့ရပါတယ်။ သုတေသီများဟာ ဆက်ဆံခြင်းမပြုတဲ့ အမျိုးသမီးများနဲ့ တစ်ပတ်ကို တစ်ကြိမ်လောက် အဖော်နဲ့အတူနေလေ့ရှိတဲ့ အမျိုးသမီးများနဲ့ နှိုင်းယှဉ်စစ်တမ်းကောက်ကြည့်လိုက်တဲ့အခါမှာ အတူနေလေ့ရှိတဲ့ အမျိုးသမီးများရဲ့ တံတွေးထဲက immunoglobin A ဓာတ်ဟာ ပိုမြင့်တက်နေတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။ ဒါဟာ တောရုံဖျားနာခြင်းမျိုးတွေကို ကာကွယ်ပေးတဲ့ antibody တွေပဲဖြစ်ပါတယ်တဲ့။

အတူနေတဲ့အခါမှာတော့ အကာအကွယ်သုံးပြီးနေခြင်းကတော့ ကျန်းမာရေးနဲ့အညီညွတ်ဆုံးပါဆိုတာကိုတော့ မမေ့ပါနဲ့နော်။

READ
ကိုယ်အလေးချိန်လျှော့ဖို့အတွက် သကြားပါဝင်မှုကိုရှောင်ကျဉ်နိုင်ယမ့် နည်းလမ်း(၅)မျိုး

Penny

 

SHARE