ရေအေးအေးနဲ့ချိုးရတာကို မကြောက်ပါနဲ့၊ ဒီလိုကောင်းတဲ့အချက်လေးတွေကို သင်ရမှာပါ

VGstockstudio/Shutterstock

ရာသီဥတုက အေးနေလို့ ရေအေးအေးနဲ့ ချိုးရမှာကြောက်နေကြလား။ အိမ်မှာ ရေပူစက်မရှိဘူးဆိုရင်တော့ မတတ်နိုင်ဘူး ချိုးရမှာပဲလေ။ ရေအေးအေးလေးနဲ့ ချိုးရတဲ့အချိန်မှာ ခန္ဓာကိုယ်မှာရတဲ့ ကောင်းကွက်လေးတွေကို သိရင် သင့်အနေနဲ့ ရေချိုးရတာကို ကြောက်နေတော့မှာမဟုတ်ဘူး။ ကဲ…ကောင်းကွက်လေးတွေက ဘာတဲ့လဲ…။

(၁)။ ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကိုကောင်းစေတယ်

ရေအေးလေးနဲ့ရေချိုးခြင်းဟာ သင့်ရဲ့ခန္ဓာကိုယ်ထဲက သွေးဖြူဆဲလ်တွေကို တိုးပွားလာစေပြီး ရောဂါပိုးမွှားတွေကို တိုက်ထုတ်နိုင်စွမ်း ပိုမိုအားကောင်းလာပါတယ်။ လေ့လာတွေ့ရှိမှုတွေအရ ဒီဆဲလ်တွေဟာ ခန္ဓာကိုယ်ထဲကို ၀င်လာမယ့်ရောဂါတွေကို တိုက်ထုတ်နိုင်စွမ်းရှိပြီး ခန္ဓာကိုယ်ကျန်းမာနေဖို့ ကာကွယ်ပေးပါလိမ့်မယ်။

Maridav/Shutterstock
(၂)။ အာရုံစိုက်နိုင်စွမ်းမြင့်တက်စေတယ်

ရေအေးနဲ့ရေချိုးလိုက်ရရင် သင့်ရဲ့စိတ်က လန်းဆန်းသွားပြီး အရာရာအပေါ် အာရုံစိုက်နိုင်စွမ်းက မြင့်တက်လာပါလိမ့်မယ်။ ရေအေးအေးလေးကို (၂)မိနစ်ကနေ (၃)မိနစ်လောက် ချိုးပေးလိုက်ရုံနဲ့ သင့်ရဲ့ခန္ဓာကိုယ်တွင်းအပူချိန်လည်း လျော့ကျသွားမှာဖြစ်ပြီး အာရုံကြောတွေရဲ့အလုပ်လုပ်နှုန်းလည်း ပိုသွက်လာပါလိမ့်မယ်တဲ့။

READ
လေ့လာမှုတွေအရ အဖောက်ပြန်တတ်ဆုံး လူ(၅)မျိုး
(၃)။ သင့်ကို တက်ကြွလှုပ်ရှားလာစေလိမ့်မယ်

မနက်စောစောမှာ ရေအေးအေးလေးချိုးလိုက်တာမျိုးက တစ်နေကုန်အောင် သင့်ကို လန်းဆန်းတက်ကြွနေစေမှာပါ။ လေ့လာတွေ့ရှိမှုတွေအရတော့ ရေအေးအေးနဲ့ချိုးလိုက်ခြင်းဟာ သင့်ခန္ဓာကိုယ်ကြွက်သားတွေကို ပျော့ပြောင်းသွားစေနိုင်ပြီး လန်းဆန်းမှုကို ပေးစွမ်းနိုင်ပါလိမ့်မယ်တဲ့။

SeventyFour/Shutterstock
(၄)။ စိတ်ဖိစီးမှုတွေကို လျော့ကျစေတယ်

သင့်မှာ စိတ်ဖိစီးမှုတွေများနေပြီလို့ ထင်မိတဲ့အချိန်တွေဆိုရင် ရေအေးအေးလေးနဲ့သာ ရေချိုးလိုက်ပါ။ ဒီနည်းလမ်းက သင့်ရဲ့အာရုံကြောစနစ်ကို အကူအညီဖြစ်လာစေမှာဖြစ်ပြီး သင့်ရဲ့စိတ်ဖိစီးမှုတွေကို အတိုင်းအတာတစ်ခုအထိ လျော့ချပေးနိုင်မှာပါ။

(၅)။ အသားအရေကို ကြည်လင်စေတယ်

ရေအေးအေးနဲ့ရေချိုးတာက သင့်ရဲ့အရေပြားကို သိသိသာသာ ကူညီပေးနိုင်တာမျိုးမရှိပေမယ့် ပိုပြီးတော့ ကြည့်ကောင်းလာအောင်တော့ ကူညီပေးနိုင်ပါလိမ့်မယ်။ မယုံရင် မနက်စောစော ရေချိုးပြီးအလုပ်လာတဲ့ လူနဲ့ ရေမချိုးလာတဲ့လူနှစ်ယောက်ကို ယှဉ်ကြည့်လိုက်လေ။ သူတို့က သိသိသာသာ ကွဲပြားနေကြတယ်မို့လား။ ရေအေးအေးက သင့်ရဲ့အရေပြားပေါ်မှာ အဆီပြန်နေမှုကိုလည်း လျော့ကျသွားစေနိုင်ပါသေးတယ်။

READ
ရွှေထက်တန်ဖိုးကြီးသော သစ်မွှေးအကြောင်း ဗဟုသုတ
Makistock/Shutterstock

Linn

Source : msn.com

SHARE