Credit Card နဲ့ Debit Card တွေသုံးရင် ဘယ်လို အကျိုးကျေးဇူးတွေ ခံစားခွင့်နိုင်ရှိမလဲ …

Freepik/TPF

ဘဏ်နဲ့ ငွေကြေးစနစ်တွေ တိုးတက်လာတဲ့ လက်ရှိခေတ်မှာ လူအတော်များများဟာ Credit နဲ့ Debit Card တွေ အသုံးပြုလာကျပါပြီ။ ဒါပေမယ့် Card တွေ အသုံးအပြုပဲ ငွေသားသက်သက်ကိုပဲ ကိုင်တွယ်ပြီး အသုံးပြု နေတဲ့ လူတွေ အများအပြားလည်း ရှိနေပါသေးတယ်။

Credit နဲ့ Debit Card တွေ အသုံးပြုလို့ ရရနိုင်မယ့် အကျိုးကျေးဇူးတွေ ၊ ခံစားခွင့်တွေ အများအပြား ရှိနေပါတယ်။ ဘယ်လို အကျိုးကျေးဇူးတွေ၊ ခံစားခွင့်တွေလည်းဆိုတာ Shwemom ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

Credit Card ရဲ့ အကျိုးကျေးဇူးများ

(၁) Credit Card ဆိုတာ ဘဏ်ဆီကနေ ချေးယူထားတဲ့ ငွေကြေးပမာဏ တစ်ခုကို Card ထဲထည့်ပြီး အသုံးပြုတာပါ။ ယေဘူယျအား ဖြင့်တော့ အတိုးမဲ့ ချေးငွေလို့ ပြောနိုင်ပါတယ်။

(၂) Credit Card အများစုမှာ Reward Program ဆိုတာ ပါဝင် ပါတယ်။ ကိုယ်အသုံးပြုတဲ့ ငွေကြေးပမာဏ ပေါ်မူတည်ပြီး အမှတ်လေးတွေ ထပ်ပေါင်းပေးမှာပါ။ သတ်မှတ်တဲ့ အမှတ်ပမာဏ ပြည့်ရင်တော့ Discount (သို့မဟုတ်) အခြားခံစားခွင့် တစ်ခုခုကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

READ
သတိပြုသင့်သည့် အယောင်ဆောင်လူသားများ၏အကျင့်စရိုက်များ

(၃) အွန်လိုင်း shopping တွေ ပြုလုပ်ရာမှာ အဆင်ပြေပြေ အသုံးပြုနိုင်ပါတယ်။ ဥပမာအားဖြင့် – Amazon လို ၀က်ဘ်ဆိုဒ်ကနေ ပစ္စည်းမှာတဲ့အခါမျိုးမှာ မိမိရဲ့ Credit Card ကို အသုံးပြုနိုင်ပါတယ်။

(၄) ဘယ်သွားသွား လက်ထဲမှာ ပိုက်ဆံတွေ အများကြီး ကိုင်သွားစရာ မလိုတော့ပါဘူး။ Credit Card လေးရှိရုံနဲ့ အဆင်ပြေပါပြီ။

(၅) Card ကို အသုံးပြုပြီးရင် ကိုယ်သုံးထားတဲ့ ငွေကို ဘဏ်က သတ်မှတ်ထားတဲ့ အချိန်ကာလ တစ်ခု အတွင်းမှာ ဘဏ်ကို ပြန်လည်ပေးသွင်းရမှာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကာလ ကျော်လွန်သွားမှသာ ဘဏ်က သတ်မှတ်ထားတဲ့ အတိုးနှုန်းကို ပေးရမှာပါ။

Debit Card ရဲ့ အကျိုးကျေးဇူးများ

(၁) Debit Card ဆိုတာ ဘဏ်မှာ အပ်နှံထားတဲ့ ကိုယ့်ရဲ့ ငွေကြေးတွေကို ပြန်လည်ထုတ်ယူသုံးစွဲနိုင်တဲ့ Card ပါ။ ကိုယ်ထုတ်ယူတဲ့ ပမာဏပဲ သုံးစွဲနိုင်မှာ ဖြစ်တာကြောင့် ငွေကို ပိုသုံးမိတတ်တာမျိုး မဖြစ်နိုင်တော့ပဲ စီစစ်ပြီး သား ဖြစ်စေမှာပါ။

READ
အနံ့ဆိုးတွေပျောက်ပြီး သဘာဝအတိုင်း ကောင်းမွန်တဲ့ ခံတွင်းရနံ့ရဖို့ နည်းလမ်းများ

(၂) သင့်ငွေကြေးတွေကို ကာကွယ်ပြီးသား ဖြစ်စေပါတယ်။ ဥပမာအနေနဲ့ သင့်ပိုက်ဆံအိတ်သာ ခါးပိုက်နှိုက် ခံရရင် ပါသွားတဲ့ ငွေတွေ ပြန်ရဖို့ လမ်းမရှိတော့ပါဘူး။ ဒါပေမယ့် ငွေသားတွေ အစား Debit Card သာဆို ရင်တော့ သင့်ငွေသား တွေဟာ ဘဏ်မှာပဲ ရှိနေမှာပါ။ ဆုံးရှုံးစရာ လုံးဝမရှိပါဘူး။

(၃) Credit Card လျှောက်မယ်ဆိုရင် သင့်ရဲ့ လစဉ်ပုံမှန်ဝင်ငွေနဲ့ အခြားကိုယ်ရေးအချက်အလက်တွေ အများအပြားကို ဘဏ်က စီစစစ်မှာ ဖြစ်ပါတယ်။ Debit Card လျှောက်ရင်တော့ အဲ့ဒီအခက်အခဲတွေ ဘာမှ ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဘဏ်မှာ ငွေအပ်ပြီး Card လျှောက်လိုက်ရုံပါပဲ။

(၄) ချက်လက်မှတ်တွေ အသုံးပြုစရာ မလိုတော့ပါဘူး။ Debit Card သုံးခွင့်ပေးထားတဲ့ စတိုးဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ ကိုယ့်ရဲ့ Debit Card နဲ့ စိတ်ကြိုက် သုံးနိုင်ပါတယ်။

(၅) ဘယ်သွားသွား ငွေသားအများကြီး ကိုင်သွားစရာ မလိုတော့ပါဘူး။ နီးစပ်ရာ ATM တွေမှာ Debit Card အသုံးပြုပြီး ကိုယ်သုံးချင်တဲ့ ငွေပမာဏ ထုတ်ယူလို့ ရနိုင်ပါတယ်။

SHARE