ဖိနပ်ထဲ ဆပ်ပြာခဲထည့်ခြင်းအကျိုး အပါအ၀င် ဆပ်ပြာရဲ့အဖိုးတန်အသုံးဝင်ပုံများ

brightside

ရှေးဟောင်းအီဂျစ်လူမျိုးတွေကစလို့ ယနေ့ထက်တိုင် ဆပ်ပြာတုံးတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြဆဲပါ။ ဆပ်ပြာတုံးတွေကို တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက်တင်မကပဲ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ပါ အသုံးပြုနိုင်ပါတယ်။ အောက်မှာတော့ Brightside သတင်းကနေတဆင့်တွေ့ရတဲ့ သာမန်ရိုးကျဆပ်ပြာတစ်တုံးရဲ့ အသုံးဝင်ပုံအမျိုးမျိုးပါ။

Freepik_Post12

ဖိနပ်တွေထဲမှာ ဆပ်ပြာတုံးတွေထည့်ထားခြင်းဟာ ဖိနပ်တွေကို အနံ့အသက်ကောင်းမွန်စေပါတယ်။ ကိုယ့်အကြိုက်ဆုံးဖိနပ်ကို အသစ်အတိုင်းပဲ အနံ့ထွက်စေချင်တယ်ဆိုရင်တော့ ဆပ်ပြာတုံးတွေကို ဖိနပ်ထဲထည့်ပြီး တစ်ညတာထားပေးပါ။ မနက်လင်းတော့မှ ဆပ်ပြာတုံးတွေကို ထုတ်ပစ်လိုက်ပါ။ တစ်ပတ်ကို (၂-၄) ကြိမ်ဆက်တိုက် လုပ်ပေးသွားရင် သိသာလာပါလိမ့်မယ်။

brightside

ရေချိုးခန်းထဲက မှန်နဲ့ဖန်သားတွေ ညစ်ထေးနေလို့ သန့်ရှင်းတောက်ပြောင်စေလိုရင် ဆပ်ပြာကို သုံးနိုင်ပါတယ်။ ဆပ်ပြာတစ်တုံးကိုယူပြီး မှန်သားပေါ်မှာ ပွတ်တိုက်လိုက်ပါ။ ဆပ်ပြာဟာ ခြောက်သွေ့နေပါစေ။ ရေမသုံးရပါဘူး။ ပြီးနောက်မှ အ၀တ်အခြောက်နဲ့ မှန်ကိုတိုက်ပေးရင် မှန်တွေမှုန်ဝါးဝါးဖြစ်နေတာ ပျောက်သွားတာကို တွေ့ရမှာပါ။

READ
ခွင့်ရက်တွေအကြာကြီးယူထားပြီးမှ ရုံးပြန်တက်မယ်ဆိုရင် ဒီအချက်တွေကိုသိထားသင့်တယ်
brightside

အင်္ကျီဝတ်တုန်း ဇစ်က အပေါ်လည်းဆွဲလို့မရ အောက်လည်းချလို့မရနဲ့ အခက်တွေ့နေတယ်ဆိုရင် ဆပ်ပြာတစ်တုံးကိုယူပြီး ဇစ်ပေါ်မှာ ဘေးတိုက်ပွတ်တိုက်ဆွဲပေးပါ။ ပြီးတဲ့အခါ ဇစ်တွေကိုအရမ်းမဆွဲပဲ ညင်ညင်သာသာနဲ့ အတင်အချပြုလုပ်ပေးပါ။

brightside

တံခါးတွေ တကျွီကျွီမြည်နေတယ်၊ အံဆွဲတွေညှပ်နေတယ်ဆိုရင် ဆပ်ပြာကို ချောဆီအဖြစ် သုံးနိုင်ပါတယ်။ တံခါးပတ္တာတွေနဲ့ အံဆွဲအစွန်းနားတွေကို ဆပ်ပြာနဲ့သာ ပွတ်တိုက်ပေးလိုက်ပါ။ အားလုံး ရှောရှောရှူရှူဖြစ်သွားပါလိမ့်မယ်။

brightside

အ၀တ်အစားတွေကို အနံ့အသက်ကောင်းမွန်စေဖို့ ဆပ်ပြာတုံးကိုအသုံးပြုနိုင်ပါသေးတယ်။ ဆပ်ပြာတုံးတစ်တုံးကို အ၀တ်ပိုင်းလေးတစ်ပိုင်းနဲ့ပတ်ပြီး အ၀တ်အစားတွေထည့်

SHARE