မျက်နှာအသားအရေကို ရေခဲနဲ့ ပွတ်လိမ်းပေးခြင်းက ကမ္ဘာတစ်ဝှမ်းက ကျင့်သုံးလာတဲ့ အလှအပရေးရာနည်းလမ်းတစ်ခုဖြစ်ပြီး တကယ်ကိုလည်း ထိရောက်ပါတယ်။ အသားအရေကို ရေခဲပွတ်ပေးခြင်းကြောင်း ရမယ့်အကျိုး (၅)သွယ်ကို ဖော်ပြပေးလိုက်တယ်နော်။
(၁) ဝက်ခြံတွေကို ပျောက်ကင်းသက်သာစေတယ်။
အသားအရေကို ရေခဲကပ်ပေးခြင်းက ဝက်ခြံကြောင့်ဖြစ်တဲ့ မျက်နှာအဖုအထစ်တွေကို လျော့နည်းသက်သာစေပါတယ်။ ဝက်ခြံရှိတဲ့နေရာတွေကို စက်ဝိုင်းပုံစံနဲ့ ညင်သာစွာ ပွတ်တိုက်ပေးခြင်းကို ပြုလုပ်ပေးပါ။
(၂) အသားအရေချောမွေ့စေတယ်။
ရေခဲပွတ်ပေးပါက မျက်နှာပေါ်ရှိ ချွေးပေါက်တွေကို ကျဉ်းစေပြီး အသားအရေချောမွေ့သွားစေပါတယ်။ အရေပြားသွေးလည်ပတ်မှုကိုလည်း လှုံ့ဆော်ပေးတာကြောင့် မျက်နှာအသားအရေကို ကြည်လင်တင်းရင်းစေပါတယ်။

(၃) အရေးအကြောင်းလျော့နည်းစေတယ်။
ရေခဲကပ်ခြင်းက မျက်နှာအာရုံကြောတွေနဲ့ ကြွက်သားတွေကို ပြေလျော့စေပါတယ်။ မျက်နှာပေါ်က ကြွက်သားတွေ အားစိုက်ရပြီဆိုရင် အရေးအကြောင်းပေါ်လာတတ်တာကြောင့် ရေခဲသုံးပြီး ဖြေလျော့ပေးခြင်းက အထောက်အကူဖြစ်စေပါတယ်။
(၄) မျက်ကွင်းညိုတာကို သက်သာစေတယ်။
မျက်လုံးတစ်ဝိုက်ကိုတော့ ရေခဲနဲ့ တိုက်ရိုက်မကပ်သင့်ဘဲ အဝတ်တစ်ခုခုခံပြီးတော့ ကပ်ရပါမယ်။ ရေခဲကပ်ပေးခြင်းက မျက်လုံးတစ်ဝိုက် ဖောင်းအစ်နေတာမျိုးတွေနဲ့ ညိုမည်းနေတာမျိုးတွေကို သက်သာစေပါတယ်။

(၅) မိတ်ကပ်အစားထိုး
မျက်နှာပေါ် ရေခဲပွတ်ပေးခြင်းကြောင့် အသားအရေလေးဟာ ချွေးပေါက်ကျဉ်းပြီး ကြည်လင်လှပနေမှာဖြစ်တဲ့အတွက် မိတ်ကပ်မလိမ်းဘဲနဲ့တောင်လှနေနိုင်ပါပြီ။ ဆယ်လီတစ်ဦးဖြစ်တဲ့ ကိတ်မော့စ်ဆိုရင် မနက်တိုင်း သခွားသီးနဲ့ ရေခဲရောစိမ်ထားတဲ့ ဘေစင်ထဲကို မျက်နှာပုံမှန်နှစ်ချပါတယ်တဲ့။
White (Shwemom)
Ref: Relieved