တစ်ယောက်တည်း နေတတ်သူတွေပဲ သေချာပေါက် ပိုင်ဆိုင်နိုင်မယ့် ကောင်းကျိုး(၄)ချက်

Pexels/GWP

လူတွေနဲ့ ရောရောထွေးထွေးမနေတတ်ဘဲ တစ်ယောက်တည်းသီးသန့်နေတတ်တဲ့ လူတွေ အများကြီးပါပဲ။  လူတွေ အမျာကြီးနဲ့ ပတ်သက်ရမှာ၊ပေါင်းသင်းဆက်ဆံရမှာကို ရှောင်ရှားကြတဲ့ လူတွေမှာ ကောင်းကွက်တွေလည်း အများကြီး ရှိနေပါတယ်။ အများအမြင်မှာတော့ ဒီလိုလူတွေနဲ့ ခပ်ခွာခွာနေတဲ့ လူတွေကို အမြင်တစ်မျိုးနဲ့ မြင်တတ်ကြပေမယ်လို့ တကယ်တော့ သူတို့မှာ ဒီလို သီးသန့်နေခြင်းကြောင့် ရလာတဲ့ အကျိုးကျေးဇူးတွေလည်း ရှိပါတယ်။ 

သူငယ်ချင်းအပေါင်းအသင်းတွေက ရှိုးပွဲသွားမယ်၊ ပါတီသွားမယ်လို့ အမြဲခေါ်နေတတ်ပေမယ့် ကိုယ်က မသွားချင်ဘဲ တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်သူတွေအတွက်ပါပဲ။ အိမ်မှာနေရင်း ကိုယ့်ရဲ့ အားလပ်ချိန်လေးကို စာဖတ်တာပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ်၊ ဟင်းချက်တာပဲဖြစ်ဖြစ် ကိုယ့်အချိန်ကို ကိုယ်အသုံးချတတ်တဲ့ သူတွေအတွက် တစ်ယောက်တည်းနေတတ်သူတွေသာ ပိုင်ဆိုင်နိုင်မယ့် အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Pexels/GRD
(၁) သစ္စာရှိကြတယ်

တကယ်လို့ ကိုယ်က ဒီလို တစ်ယောက်တည်းသမားလို့ လူတွေ သတ်မှတ်ထားတဲ့သူရဲ့ သူငယ်ချင်းအပေါင်းအသင်းဖြစ်နေတယ်ဆိုရင် သင်ဟာ သူ့ကို လုံးလုံးစိတ်ချယုံကြည်လိုက်လို့ရပါပြီ။ ဘာလို့လဲဆိုတော့ တစ်ကိုယ်ရေသမားတွေမှာ ခင်မင်သူတွေ နည်းပါးလေ့ရှိပါတယ်။ ဒီလို နည်းပါးတဲ့ မိတ်ဆွေအပေါင်းအသင်းထဲမှာ ကိုယ်ဟာ သူ့ရဲ့ သူငယ်ချင်းတစ်ယောက်၊ မိတ်ဆွေတစ်ယောက်ဖြစ်နေပြီဆိုရင် နောက်ကျောကို ဓားနဲ့ အထိုးခံရတာတို့၊ သစ္စာဖောက်ခံရတာတို့က လုံးဝမဖြစ်နိုင်တော့တာပါ။ ဘာကြောင့်လဲဆိုတော့ တစ်ကိုယ်ရေသမားတွေဟာ သူ့နံဘေးနားမှာ နေတဲ့သူတွေအပေါ်မှာ အစစ်အမှန်ပဲ ပေးပြီး လုံလုံခြုံခြုံနေလေ့ရှိလို့ပါ။

(၂) အကြံဥာဏ်ကောင်း ရှိတတ်ကြတယ်

တစ်ယောက်တည်းနေတတ်သူဆိုလို့ သူတို့ကို အထင်မသေလိုက်ပါနဲ့ဦး။ တကယ်တော့ သူတို့က အများထင်နေသလို လျှောက်တွေးပြီး ဇီဇာကြောင်နေတာမျိုးတော့ မဟုတ်ပါဘူး။ သူတို့ဟာ အမြဲလိုလို ကိစ္စတစ်ခုခုကို ဟာကွက်မရှိအောင် တွေးနေတတ်တဲ့သူတွေ၊ ဘယ်နေရာကို ဘယ်လိုလုပ်ရင် ပိုကောင်းမှာဆိုပြီး တွေးနေတတ်တဲ့သူတွေမို့လို့ပါပဲ။  ဒီကောင်လေးကတော့ တစ်ကိုယ်တည်းသမား၊ ဒီကောင်မလေးကတော့ ခပ်ကြောင်ကြောင်ပါကွာဆိုပြီး ဆက်ဆံမိရင်တော့ မှားသွားမှာပါပဲ။

Pexels/GWB
(၃) သူတို့အတွေးနဲ့သူတို့ ငြိမ်းချမ်းနေတယ်

တစ်ယောက်တည်းသမား တစ်ကိုယ်တော်သမားဖြစ်ရတာဟာ သူများတွေနဲ့ မတူတာက ကိုယ့်အချိန်ကို ကိုယ်ပိုင်ဆိုင်တာပါပဲ။ မဟုတ်ရင် အရမ်းဆိုရှယ်ကျတဲ့လူဆိုရင် ဟိုပွဲသွားရ၊ ဒီပွဲတက်ရနဲ့ ကိုယ့်အချိန်တွေကို သူများတွေ လက်ထဲမှာပဲ ကုန်ဆုံးနိုင်ဖို့များပါတယ်။ တစ်ယောက်တည်းသမား တစ်ကိုယ်တော်သမားကတော့ ဒီလိုမဟုတ်ပါဘူး။ သူ့ရဲ့ အားလပ်ချိန်တွေ အများစုဟာ သူတို့ရဲ့ ကိုယ်ပိုင်အချိန်တွေ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ဟာ ခရေစ့တွင်းကျလည်း တွေးခေါ်နေတတ်တဲ့သူတွေပါတဲ့။  တစ်ယောက်တည်းသမားဖြစ်တာကြောင့်လည်း တခြားလူတွေလို ဗာဟီရကိစ္စတွေ မများပြားတာကြောင့် သူတို့ရဲ့ အတွေးတွေဟာ ကျန်တဲ့လူတွေရဲ့ အတွေးတွေထက်ပိုပြီး ငြိမ်းချမ်းပါတယ်။

(၄) အချိန်ရဲ့တန်ဖိုးကိုလည်း သိတယ်

တစ်ယောက်တည်းနေတတ်သူတွေဟာ အချိန်ရဲ့တန်ဖိုးကို ကောင်းကောင်းကြီး သိရှိသူတွေပါတဲ့။ ဘာလို့လဲဆိုတော့ တစ်ကိုယ်တည်းသမားဖြစ်တာကြောင့် သူများတွေထက် အချိန်ရဲ့ တန်ဖိုးကို ပို သိရှိတတ်ကြပါတယ်။ ဒါကြောင့် သူတို့နဲ့ ပတ်သက်ရင်၊ အလုပ်လုပ်ရင် အချိန်တွေ ကြာသွားမှာ၊ သင့်အချိန်တွေကို  ဖြုန်းတီးပစ်မှာကို စိတ်ပူနေစရာမလိုတော့ပါဘူး

Ye Yint Kyaw

SHARE