ကိုဗစ်အလွန်ခရီးသွားရာသီအတွက် ဗီဇာအသစ်တစ်မျိုးနဲ့ ကမ်းလှမ်းလိုက်တဲ့ ဘာမြူုဒါဒေသ

Freepik/AARP

ဗြိတိန်ပိုင် မြောက်အတ္တလန္တိတ် သမုဒ္ဒရာထဲက ဘာမြူဒါဒေသဆိုတာ ကမ္ဘာလှည့်ခရီးသွားတွေကြား အလွန်ရေပန်းစားတဲ့ ဒေသဖြစ်ပါတယ်။ ပန်းနုရောင် သဲသောင်ပြင်လေးတွေကြောင့်လည်းကောင်း၊ ကြည်လင်အေးမြတဲ့ သမုဒ္ဒရာရေကြောင့် နွေရာသီဆို လူအလွန်စည်ကားပါတယ်။

အခု ဘာမြူဒါဒေသက ခရီးသွားဗီဇာအတွက် ကမ်းလှမ်းမှုအသစ်တွေ ပြုလုပ်လိုက်ပါပြီ။ အလုပ်သမားတွေနဲ့ ကျောင်းသားတွေ(ဘွဲ့လွန်နဲ့ဒေါက်တာဘွဲ့တက်ရောက်ကြမယ့် ကျေင်းသားများ)ဆိုရင် နေထိုင်ခွင့်တစ်နှစ်ဗီဇာ ပေးသွားမှာ ဖြစ်တယ်လို့ CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အလုပ်သမားတွေ ဝန်ထမ်းတွေအနေနဲ့တော့ ကျန်းမာရေးထောက်ခံစာနဲ့အတူ တရားဝင်ဖွင့်လှစ်ထားတဲ့ြ့ပည်ပလုပ်ငန်းတစ်ခုမှာ တာဝန်ထမ်းဆောင်နေကြောင်း၊ သို့တည်းမဟုတ် ကိုယ်ပိုင်ကုမ္ပဏီ ရှိထားကြောင်း ထောက်ခံစာတွေလိုမယ်လို့ သိရပါတယ်။ လူတွေအဖို့ ကိုဗစ်အလွန်ကာလမှာ ညည်းငွေ့မှုပေါင်းစုံနဲ့ နေထိုင်နေသမျှ ဘာမြူဒါက အပန်းပြေစေလိမ့်မယ်လို့ ဆိုပါတယ်။

ဘာမြူဒါမှာကောင်တီ တာဝန်ရှိလူကြီးမင်းတွေကိုယ်တိုင်က ဒေသတွင်းမှာ ကိုဗစ်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေကြပါတယ်။ ဘာမြူဒါမှာ ကိုဗစ်ကူးစက်ခံရသူ (၁၅၀)ရှိခဲ့ပြီး၊ ပြီးခဲ့တဲ့ သောကြာနေ့မှာပင် လူနာအသစ်(၆)ဦး ထပ်တိုးခဲ့ပါတယ်။ ဒါကြောင့် စည်းမျဉ်းအသစ်တွေ ချမှတ်ထားတာပါ။

ဘာမြူဒါရဲ့ အကြီးအကဲ David Burt က “ ကမ္ဘာကြီးက ပြောင်းလဲနေပြီလေ … ကျွန်တော်တို့ကလည်း ဘာမြူဒါကို လာမည့်သူတွေအနေနဲ့ ရေရှည်နေထိုင်တာမျိုးကိုပဲ လိုလားကြပါတယ် … ”လို့ ပြောခဲ့ပါတယ်။ လက်ရှိယာယီနေထိုင်နေကြသူများအနေနဲ့လည်း အသစ်ချမှတ်လိုက်တဲ့ စည်းကမ်းချက်တွေအတိုင်း လိုက်နာသွားရမှာပါ။ ကိုဗစ်ကြောင့် စီးပွားရေးတွေလည်း ကမောက်ကမဖြစ်နေပြီး၊ ခရီးသွားဧည့်သည်တွေအပေါ်မှာ ကြီးကြီးမားမား မှီခိုနေကြရပါတယ်။ Burt က “ စူပါမားကတ်သွားတာတောင်မှ စိုးရိမ်နေရတဲ့ ခင်ဗျားတို့ နေနေတဲ့ နေရာတွေနဲ့တော့ ဒီမှာက မတူပါဘူး .. ဒီက စည်းမျဉ်းစည်းကမ်းတွေက ရှင်းလင်းပါတယ် … ”လို့ ပြောပါတယ်။

https://www.instagram.com/p/CC_wUQbBP0I/

READ
နင်ဂျာအတွေ့အကြုံတွေကို အပြည့်အ၀ရရှိနိုင်မယ့် ကော်ဖီဆိုင် တိုကျိုမြို့မှာ ဖွင့်လှစ်ဖို့ရှိ

အခု အသစ်ချမှတ်လိုက်တဲ့ အစီအစဉ်အသစ်ဟာ သြဂုတ်လတစ်ရက်မှာ စတင်သက်ရောက်မှာပါ။ ကုန်ကျစာရိတ်မှာ ဒေါ်လာ (၂၆၃)ကျသင့်မှာဖြစ်ပြီး၊ Barbados ကျွန်းကလည်း ဘာမြူဒါရဲ့ ခရီးသွားဗီဇာလိုပဲ ပြန်လည် အသွင်ပြောင်းထားကြောင်း သိရပါတယ်။

လင်းသူရိန်

SHARE