Joe Biden အမေရိကန်သမ္မတသစ်အဖြစ် ကျမ်းကျိန်ပွဲတုန်းက အရမ်းကို နာမည်ကြီးသွားခဲ့တဲ့ Bernie Sanders ရဲ့ ပုံကို အားလုံးပဲ မှတ်မိကြမယ်လို့ထင်ပါတယ်။ အအေးဒဏ်ပိုကဲနေတော့ အမတ် Bernie Sanders တစ်ယောက် ကုတ်အင်္ကျီအထူကြီးဝတ်၊ လက်အိတ်လေးနဲ့ နေရာမှာ ကျုံ့ကျုံ့လေးထိုင်နေတဲ့ဓာတ်ပုံလေးဟာ လူမှုကွန်ယက်က နေရာတိုင်းမှာ meme ဖြစ်သွားခဲ့တာပါ။

အခုလည်း အမနတ် Bernie Sanders ရဲ့ ပုံအတိုင်း တစ်ပုံစံတည်းထပ်တူကျအောင် အရုပ်ကလေးဖန်တီးခဲ့တဲ့ အမျိုးသားတစ်ယောက်ရှိနေပါတယ်။ သူကတော့ Tobey King ပါ။ Tobey King ကတော့ တစ်ချောင်းထိုးပညာနဲ့ နာမည်ကြီးတွေရဲ့ ပုံလေးတွေကို အရုပ်လေးတွေအဖြစ် ပြန်လည်ဖန်တီးနေတဲ့သူဖြစ်ပါတယ်။
View this post on Instagram
View this post on Instagram
Bernie Sanders ပုံကိုအရမ်းနာမည်ကြီးလွန်းလို့သာ ထိုးပြီး Instagarm ပေါ်မှာ ထုံးစံအတိုင်း တင်ထားခဲ့ပေမယ့်လို့ ရောင်းချဖို့တော့ စိတ်ကူးမရှိခဲ့ပါဘူး။ ဒါပေမဲ့ သူငယ်ချင်းတစ်ယောက်စီကနေ Bernie Sanders ရဲ့ ပုံကိုဝယ်ပြီး ဆေးရိုက်ကာ hoodie တွေကို ရောင်းပြီး ရောင်းလို့ရတဲ့ငွေတေါနဲ့ Meals on Wheels Vermont ဆိုတဲ့ ပရဟိတအဖွဲ့စည်းကို လှူဒါန်းနေတယ်လို့ သိလိုက်ရတဲ့အခါမှာတော့ သူလည်းပဲ အဲဒီလို ကူညီပေးလို့ရတယ်ဆိုပြီး စိတ်ကူးပေါက်သွားခဲ့တာပါ။
ဒါနဲ့ပဲ သူထိုးထားတဲ့အရပ်လေးကို အွန်လိုင်းပေါ်မှာ လေလံစွဲပြီးတော့ ဒီ Meals on Wheels America မှာပဲ လှူဒါန်းဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ လေလံပွဲဟာတော့ လက်ရှိအချိန်မှာ ဒေါ်လာ ၄ သောင်းကျော်တောင် ရနေခဲ့ပါပြီတဲ့။ ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ ဒေါ်လာ ၄ သောင်းကျော်နဲ့ လေလံအောင်သွားခဲ့ပြီးတော့ ငွေအားလုံးကိုလည်း နေ့မကူးဘဲ Tobey King တစ်ယောက်လှူဒါန်းခဲ့တာပါ။
View this post on Instagram
penny