ရုပ်ရှင်ပရိသတ်တွေ ရွေးချယ်ပေးထားတဲ့ The Rock ရဲ့ အကောင်းဆုံး ဇာတ်ကား(၅)ကား

[email protected] Jumanji

The Rock လို့ပြောလိုက်တာနဲ့ ကြွက်သားတွေ အမြှောင်းမြှောင်းနဲ့ အရပ်မြင့်မြင့်ကတုံးကြီးတစ်ကောင်ကို လူတိုင်းနီးပါး ပြေးမြင်ကြမှာ အမှန်ပါပဲ။ WWE နပန်းလောကကနေ Hollywood ရုပ်ရှင်လောကအထိပါ တရှိန်ထိုး ထိုးဖောက်လာနိုင်ခဲ့တဲ့ The Rock ဟာ အချိန်တိုတိုအတွင်း လူသိများတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာတယ်ဆိုလည်း မမှားပါဘူး။ လက်ရှိအချိန်အထိလည်း ရုပ်ရှင်ဇာတ်ကားပေါင်း(၄၀)အထိ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။အခုပြောပြချင်တာကတော့ Insider ၀က်ဘ်ဆိုက်ဒ်ကနေ ရုပ်ရှင်ပရိသတ်တွေက မဲပေးရွေးချယ် ခိုင်းထားခဲ့တဲ့ မင်းသားကြီး The Rock ရဲ့ အနုပညာသက်တမ်းတစ်လျှောက် အကောင်းဆုံးဇာတ်ကားတွေပဲ ဖြစ်ပါတယ်။

၁။ Jumanji: Welcome to the Jungle (2017)

ဒီဇာတ်ကားကတော့ မင်းသားကြီး The Rock ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ အကောင်းဆုံးဇာတ်ကားလို့ သူ့ပရိသတ်တော်တော်များများ သတ်မှတ်ထားတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ သူငယ်ချင်းလေးယောက်ဟာ အမှတ်မထင်ပဲ ရှေးဟောင်းဂိမ်းစက်တစ်ခုကို ဆော့မိရာကနေ ဂိမ်းဇာတ်ထဲ လူကိုယ်တိုင် ဝင်သွားကာ ဂိမ်းရဲ့ Mission တွေအတိုင်း ကစားရပြီး ကျိန်စာသင့်နေတဲ့ ရတနာတစ်ခုကို မူလနေရာဆီ ပြန်သွားထားရတာပဲ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အခက်အခဲတွေကြားကနေ The Rock တို့ သူငယ်ချင်းတစ်သိုက် Jumanji တောအုပ်ကြီးရဲ့ ကျိန်စာကို ဘယ်လို ဖြေဖျောက်လိုက်လဲဆိုတာကို စိတ်ဝင်စားစွာ ကြည့်ရှု့နိုင်မယ့် ဇာတ်လမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

၂။ Fast Five (2011)

READ
လူမှုကွန်ရက်မှာ ခေတ်စားနေတဲ့ သီချင်းနဲ့ ချစ်စရာကောင်းနေတဲ့ သွန်းဆက်ရဲ့ ဗီဒီယိုဖိုင်

Fast and Furious ပရိသတ်တွေရဲ့ အကြိုက်ဆုံးကားတစ်ကားလို့တောင် သတ်မှတ်နိုင်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Vin Diesel တို့ သူငယ်ချင်းတစ်သိုက်ဟာ ဂိုဏ်းခေါင်းဆောင်ကြီးတစ်ယောက်ရဲ့ မီခံသေတ္တာအကြီးကြီးကို ခိုးဖို့ လုပ်ကြပါတယ်။ The Rock ကတော့ ဒီဇာတ်ကားထဲမှာ လူဆိုးတွေကို ဖမ်းတဲ့ ပြင်ပလက်နက်ကိုင်အေဂျင်စီရဲ့ ခေါင်းဆောင်နေရာက သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ အစပိုင်းမှာတော့ The Rock ကြီးဟာ Vin Diesel တို့သူငယ်ချင်းတစ်သိုက်ကို ဖမ်းဖို့ ဂိုဏ်းခေါင်ဆောင်ကြီးအောက်မှာ အလုပ်ဝင်လုပ်ခဲ့ပေမယ့် နောက်ဆုံးမှာ အခြေအနေအမှန်ကို သိသွားပြီး Vin Diesel တို့ သူငယ်ချင်းတစ်သိုက်နဲပ ပူးပေါင်းလိုက်ပါတယ်။ အပစ်အခတ်အသတ်အပုတ်တွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက်တော့ လုံးဝအကြိုက်ဖြစ်သွားစေမယ့် ဇာတ်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။

၃။ Central Intelligence (2016)

ဒီဇာတ်ကားလေးကတော့ ဟာသဆန်ဆန် အက်ရှင်ဇာတ်ကားလေးပါပဲ။ ဒါ့အပြင် ဒီဇာတ်ကားထဲမှာ The Rock အပြင် နာမည်ကြီးဟာသ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Kevin Hart ကပါ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းသွားကတော့ အရသာပျက်သွားမှာစိုးလို့ မပြောတော့ပါဘူး။ တစ်ခြားသူတွေတော့ မသိဘူး။ ကျွန်တော်ကတော့ ဒီဇာတ်ကားဟာ The Rock ရဲ့ အကောင်းဆုံးဇာတ်ကားလို့ ယူဆမိပါတယ်။ ဇာတ်ကွက်အပြောင်းအလဲအခန်းတွေမှာသာမက သူ့ရဲ့ ငယ်ဘဝကို ပြန်မြင်ယောင်လာတိုင်း ဖြစ်သွားတတ်တဲ့ The Rock ရဲ့ သရုပ်ဆောင်ပုံဟာ ဒီဇာတ်ကားထဲမှာ တော်တော်သရုပ်ဆောင် ပီပြင်လွန်းတယ်လို့ ပြောနိုင်ပါတယ်။

READ
IKON အဖွဲ့ကနေ နှုတ်ထွက်ချင်တဲ့အကြောင်း အသိပေးလိုက်တဲ့ B.I

၎။ Skyscraper (2018)

ဒီဇာတ်ကားမှာ သုံးသွားတဲ့ Graphic တွေကို ပထမဦးဆုံးစပြီး ချီးကြူးချင်ပါတယ်။ တကယ့် လုံးဝအမိုက်စားချည်းပါ။ မြို့လည်ခေါင်မှာ အထပ်ရာကျော်ရှိတဲ့ အဆောက်အအုံတစ်ခု တကယ်မီးလောင်နေတဲ့ ပုံစံလို ရိုက်ပြသွားတာပဲ ဖြစ်ပါတယ်။ မီးလောင်နေတဲ့ အဆောက်အအုံထဲမှာ သူ့မိသားစုကျန်ခဲ့တဲ့အချိန် The Rock ကြီးတစ်ယောက် သက်စွန့်စံဖျားကယ်တင်တဲ့ပုံကို ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ရိုက်ပြထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ခုပါပဲ။

၅။ Journey 2: The Mysterious Island (2012)

ဒီဇာတ်ကားထဲမှာတော့ The Rock ဟာ အစပိုင်းမှာတော့ မယားပါသားဖြစ်သူ Shawn ကို သိပ်မကြိုက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Shawn ဟာ ဖခင်ဖြစ်သူသေပြီးနောက်ပိုင်းမှာ ဆိုးသွမ်းလာတဲ့ လူငယ်လေးတစ်ယောက်ဖြစ်နေလို့ပါပဲ။ ဒါပေမယ့် Shawn စီကို တစ်နေ့မှာ ခရီးသွားပြီး သေဆုံးသွားတယ်လို့ ယူဆရတဲ့ အဖိုးဖြစ်သူက စာတစ်စောင်နဲ့ မြေပုံကို ထည့်ပေးလိုက်ပြီး သူ့ဆီလိုက်လာဖို့ ပြောပါတယ်။ ဒါနဲ့ The Rock ဟာ Shawn ကို တစ်ယောက်တည်း စိတ်မချတာကြောင့် သူအပြင် လမ်းပြ သားအဖနှစ်ယောက်နဲ့ အတူတူ ခရီးထွက်ခဲ့ပါတယ်။ အဖိုးဖြစ်သူဆီမရောက်ခင် တောထဲမှာ သတ္တဝါဆန်းကြီးတွေနဲ့ ကြုံတွေ့ရပြီး အန္တရယ်အသွယ်သွယ်ကို ကျော်ဖြတ်ကာ နောက်ဆုံး အဖိုးဖြစ်သူဆီရောက်သွားတဲ့အပြင် ပျောက်ဆုံးနေတဲ့ အတ္တလန္တိတ် ရွှေမြို့တော်ကြီးကိုပါ ရှာဖွေ့တွေ့ရှိခဲ့တဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။

Pyi Hein Kyaw

SHARE