ရုပ်ရှင်ချစ်သူတွေက သတ်မှတ်ပေးထားတဲ့ အကောင်းဆုံး Animation ရုပ်ရှင်ကားများ

Imdb/Incredibles2_Imdb/CoCo

ကမ္ဘာအနှံ့က ရုပ်ရှင်ကားတွေကို အမှတ်ပေးဆုံးဖြတ်ပေးနေကြဖြစ်တဲ့ Rotten Tomatoes ဆိုတဲ့ Website က သတ်မှတ်ထားတဲ့ ကမ္ဘာအကောင်းဆုံး၊ လူကြိုက်အများဆုံး ၈ ကားဖြစ်ပါတယ်။ ကမ္ဘာအနှံ့က ရုပ်ရှင်ချစ်သူတွေ၊ ရုပ်ရှင်ဝေဖန်ရေးဆရာတွေက သတ်မှတ်ပေးထားတဲ့  Animation ရုပ်ရှင်ကားတွေလည်း ဖြစ်ပါတယ်။

Imdb/ToyStory
၈ – Toy Story 3

နာမည်ကျော် Toy Story ရုပ်ရှင်စီးရီးရဲ့ တတိယမြောက် ရုပ်ရှင်ကားဖြစ်ပါတယ်။ သူ့ရှေ့က Toy Story နဲ့ Toy Story 2 တို့ရဲ့ရိုက်ခတ်မှုကြောင့် Toy Story 3 ဟာ လူကြိုက်များတဲ့ Animation ရုပ်ရှင်ကားတစ်ကားဖြစ်လာခဲ့တာပါ။ ရှေ့ ၂ ကားမှာ Toy Story ရုပ်ရှင်ကားထဲက အရုပ်တွေဟာ ကလေးဆန်ဆန် ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတွေလို့ အကြမ်းဖျင်းဆိုနိုင်ပေမယ့် ဒီ Toy Story 3 ကတော့ လုံးဝကို အမျိုးအစားမတူတဲ့ ခံစားမှုတွေ ပေးစွမ်းနိုင်ခဲ့တာပါ။ အရုပ်တွေရဲ့ ပိုင်ရှင်ဖြစ်သူ Andy ဟာ အရွယ်ရောက်ကြီးပြင်းလာတဲ့အခါမှာ ငယ်စဉ်ကတည်းက ဆော့ကစားခဲ့တဲ့ သူ့ရဲ့ အချစ်တော် အရုပ်တွေနဲ့ ခွဲခွာသွားခဲ့ရပါတယ်။ Toy Story 3 ဟာ ရှေ့ ၂ကားနဲ့ လုံးဝမတူညီတဲ့ ဇာတ်အိမ်နဲ့ဖြစ်ပြီး ပရိသတ်ကို ခံစားမှုမျိုးစုံပေးစွမ်းနိုင်ခဲ့ပါတယ်။

RT – 98%

Imdb/Pinocchio
၇ – Pinocchio

ဒစ္စနေးကုမ္ပဏီရဲ့ ဂန္ထဝင် Animation ရုပ်ရှင်ကားဖြစ်တဲ့ Pinocchio ဖြစ်ပါတယ်။  Pinocchio ရုပ်ရှင် စထွက်တဲ့ ခုနှစ်ဟာ ၁၉၄၀ ဖြစ်ပါတယ်။ ထွက်ရှိခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေပေမယ်လည်း အခုအချိန်အထိ လူကြိုက်အများဆုံး ရုပ်ရှင်ကားတစ်ကားအဖြစ် တည်ရှိနေဆဲပါပဲ။

အပြာရောင်နတ်သမီးလေးရဲ့ အသက်သွင်းပေးမှုကြောင့် အသက်ဝင်လာတဲ့ သစ်သားရုပ်ထုလေးတစ်ရုပ်ရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒါ့အပြင် ဒီ Animation ရုပ်ရှင်ရဲ့ ထူးခြားချက်တစ်ခုကတော့ ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။  သမားရိုးကျ ရုပ်ရှင်တစ်ခုမဟုတ်ဘဲ musical fantasy အဖြစ် သရုပ်ဖော်ထားပါတယ်။

RT – 100%

READ
ကြည့်ရှုသူပရိသတ်တိုင်းကို ရင်ထဲထိစေခဲ့တဲ့ Junior Creative Dance အဖွဲ့ရဲ့ တင်ဆက်မှု
Imdb/Up
၆ – UP 

Pixar ကုမ္ပဏီက၂၀၀၉ ခုနှစ်မှာ ရိုက်ကူးတဲ့ Up ရုပ်ရှင်ကားဟာ Animation ရုပ်ရှင်ချစ်သူတွေကြားမှာ အမြဲအမှတ်ရစေမယ့် ရုပ်ရှင်ကားတစ်ကားဖြစ်လောက်မှာပါ။ ငယ်ငယ်တုန်းကတည်းကစပြီး အင်မတန်ချစ်ခဲ့ရတဲ့ ဇနီးဖြစ်သူကွယ်လွန်သွားချိန်မှာ ဇနီးဖြစ်သူကို ဂုဏ်ပြုချင်တဲ့ စိတ်ဆန္ဒတစ်ခုတည်းနဲ့ စွန့်စားခန်းဖွင့်ခဲ့တဲ့ အဘိုးအိုတစ်ယောက်အကြောင်းဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာကို ပုံဖော်ရမှာ Up ဟာ အကောင်းဆုံး Animation ရုပ်ရှင်ကားတစ်ကားလည်းဖြစ်ပါတယ်။

RT – 98%

Imdb/Zootopia
၅ – Zootopia

၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ Zootopia ကလည်း လူကြိုက်အများဆုံး ရုပ်ရှင်ကားတစ်ကားလည်းဖြစ်ပါတယ်။ တိရစ္ဆာန်ပေါင်းစုံကို အသက်သွင်းပြီး ရေးဆွဲထားတဲ့ Animation တွေဟာလည်း အသေးစိတ်ကအစ ပုံဖော်ထားတာ အင်မတန်ကို လှပပါတယ်။ အထူးသဖြင့် ကလေးငယ်တွေအတွက် ကြည့်သင့်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပြီး လူကြီးတွေက အစ ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ပြသချိန်ကတည်းကစ ရုံဝင်ငွေများစွာလည်း ရရှိခဲ့ပြီး ကမ္ဘာ့ရုံဝင်ငွေအကောင်းဆုံး ရုပ်ရှင်ကားတွေထဲမှာ အဆင့် ၃၄ ချိတ်ပါတယ်။ ဒါ့အပြင် Zootopia ရုပ်ရှင်ကားဟာ ၂၀၁၆ ခုနှစ်ရဲ့ အကောင်းဆုံး Animation ရုပ်ရှင်ဆုအဖြစ် အော်စကာဆု၊ ရွှေကမ္ဘာလုံးဆုအပြင် တခြား နာမည်ကြီးဆု တော်တော်များများကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

လျှို့ဝှက်ဆန်းကြယ်အမှုတစ်ခုကို လိုက်ရတဲ့ ယုန်သူငယ်မလေးရဲ့ စွန့်စားခန်းရုပ်ရှင်ဖြစ်ပါတယ်။

RT – 97 %

Imdb/Incredibles 2
၎- Incredibles 2

ပထမတစ်ကားထွက်ပြီး ပျောက်ခြင်းမလှပျောက်သွားခဲ့တဲ့ Incredibles ရုပ်ရှင်ရဲ့ sequel ဖြစ်တဲ့  Incredibles 2 ဖြစ်ပါတယ်။ Pixar ရဲ့ စူပါဟီရိုး Animation ရုပ်ရှင်ကားတစ်ကားပါ။ ပထမကားဖြစ်တဲ့ Incredibles ရဲ့အဆက်ဖြစ်တဲ့ Incredibles 2ဟာ ထွက်ရှိလာချိန်မှာ မျှော်လင့်နေတဲ့ Animation ရုပ်ရှင်ချစ်သူတွေရဲ့ ဆန္ဒကို ကောင်းကောင်းဖြည့်ဆည်းပေးနိုင်ခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ အရုပ်တွေ၊  အရုပ်တွေရဲ့ အမွှေးအမျှင်တွေက အစ လုံးဝကို အသေးစိတ်အထိ ဆွဲထားတဲ့ Animation ကို မြင်တွေ့ရမှာပါ။

RT – 94 %

READ
ရင့်ကျက်ပြီး နုပျိုနေဆဲ အလှတရားတွေနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်တဲ့ အိန္ဒြာကျော်ဇင်
Imdb/SnowWhiteAndTheSevenDwarfs
၃ – Snow White and the Seven Dwarfs

စနိုးဝှိုက်နှင့် လူပုလေးခုနှစ်ယောက် ရုပ်ရှင်ဇာတ်ကားဟာ ကမ္ဘာကျော်ပုံပြင်အဖြစ်လည်း ထင်ရှားပြီး ရုပ်ရှင်လည်း နာမည်ကြီးပါတယ်။ စနိုးဝှိုက်လို့ဆိုလိုက်တာနဲ့ လူတိုင်းသိကြတဲ့ Animation ဇာတ်ကောင်တစ်ကောင်လည်းဖြစ်ပါတယ်။ ဝေါ့ဒစ္စနေးရုပ်ရှင်ထုတ်လုပ်ရေးက ၁၉၃၇ ခုနှစ်က ရိုက်ကူးခဲ့တဲ့ စနိုးဝှိုက်နှင့် လူပုေုလးခုနှစ်ယောက် ရုပ်ရှင်ဇာတ်ကားဟာ အခုအချိန်အထိ လူကြိုက်အများဆုံး ရုပ်ရှင်ကားတစ်ကားအဖြစ် တည်ရှိနေဆဲပါပဲ။ ကျိန်စာကြောင့်မို့ ထာဝရအိပ်စက်နေတဲ့ စနိုးဝှိုက်လေးကို ပြန်လည်ကောင်းမွန်စေဖို့အတွက် ဖြေဆေးအဖြစ်အသုံးပြုခဲ့တဲ့ အချစ်စစ်ရဲ့ အနမ်းဟာ အခုအချိန်တိုင်အောင် နာမည်ကြီးနေဆဲပါပဲ။

RT – 98%

Imdb/CoCo
၂ – Coco

Remember Me သီချင်းကို ကြားလိုက်တာနဲ့ Coco ဆိုတဲ Animation ရုပ်ရှင်ကားတစ်ကားကို မြင်ယောင်မိကြမှာပါ။ မက္ကဆီကန်ရိုးရာ သေသူတွေရဲ့ ပွဲတော်ကို အခြေခံဇာတ်အိမ်ဖွဲ့ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ ထူးခြားတဲ့ ဇာတ်အိမ်၊ ဆန်းသစ်တဲ့ အရောင်ကာလာတွေနဲ့ Coco ရုပ်ရှင်ဟာ ရုပ်ရှင်ချစ်သူတွေရဲ့ရင်ဘတ်ထဲမှာ ရှိနေမယ့် ရုပ်ရှင်တစ်ကားလို့ဆိုရရင်လည်း မလွန်လောက်ပါဘူး။

RT – 97%

Imdb/InsideOut
၁- Inside Out

၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Inside Out ရုပ်ရှင်ဟာ နံပတ်တစ်နေရာမှာ ရှိနေပါတယ်။ အသက် ၁၁ နှစ်အရွယ်မိန်းကလေးတစ်ယောက်ရဲ့ စိတ်ထဲမှာ ရှိနေတဲ့ စိတ်ခံစားချက် ၅ ခုကို လှလှပပ ရိုက်ကူးနိုင်ခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ထွက်ရှိခဲ့တာ ကြာပေမယ့်လည်း အခုအချိန်အထိ ပြန်ကြည့်နေကြဆဲဖြစ်တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ထူးခြားတဲ့ ဇာတ်အိမ်၊ creative ဖြစ်တဲ့ ဖန်တီးမှုတွေနဲ့အတူ Inside Out ရုပ်ရှင်ဟာ Animation ရုပ်ရှင်သမိုင်းအတွက်လည်း ထူးခြားတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ရုံဝင်ငွေ ကောင်းကောင်းရခဲ့ပြီး ထူးချွန်ဆုများစွာကိုလည်း ရရှိခဲ့တဲ့ Animation ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။

RT – 98%

YYK

SHARE