သေချာပေါက် ကြည့်သင့်တဲ့ ဘောလိဝုဒ်နိုင်ငံရေး ဇာတ်ကား(၄) ကား

Image:youtube screenshot

နိုင်ငံရေးအ ကြောင်း ရိုက်ထားတဲ့ ဇာတ်ကားဆိုတာနဲ့ တော်တော်များများက ပျင်းစရာဇာတ်ကားတစ် ကား လို့ ထင် တတ်ကြပါတယ်။နိုင်ငံရေးကို သိပ်စိတ်မ၀င်စားတဲ့ သူတွေ အတွက်တော့ တစ်ချို့နိုင်ငံရေး ဇာတ်ကားတွေ က နည်းန ည်း တော့ ပျင်းစရာကောင်းချင်ကောင်းမှာပါ။ဒါပေမယ့် အရမ်းကို စိတ်ဝင်စားစရာကောင်းအောင် ရိုက်ပြထားတဲ့ နိုင်ငံ ရေး ဇာတ်ကားကောင်းတွေလည်းရှိပါတယ်။အဲ့ဒီလို ဇာတ်ကားတွေထဲမှာဆိုရင် လူတွေရဲ့ အကြောင်း၊လူ့သဘော၊လူ့ မနော  အကြောင်းတွေကိုတောင် ဇာတ်ကားကတစ်ဆင့် သင်ယူလို့ ရပါတယ်။နိုင်ငံရေးဇာတ်ကားတွေကို ကြည့်ရတာ မကြိုက်ပါဘူးဆိုရင်တောင်မှ ဒီဇာတ်ကားလေးတွေကိုတော့ တစ်ခါ လောက် ကြည့်ကြည့်ပါ။တခြားနိုင်ငံရေး ဇာတ်ကား ကောင်းလေးတွေရှိရင်လည်း အချင်းချင်း ဝေမျှပေးခဲ့အုံးနော်………………..။

(1)The Accidental Prime Minister

(2019)ကမှ ထွက်ထားတဲ့ ဇာတ်ကားလေးပါ။The Accidental Prime Minister ကတော့ အတ္ထုပ္ပတ္တိ ဇာတ်ကား လေးပါ။ဘောလိဝုဒ်ရဲ့ အတ္ထုပ္ပတ္တိ ဇာတ်ကား တွေက ဘယ်သူ့ အကြောင်းကိုပဲ ပြန်ရိုက်ရိုက် နည်းနည်း လေးမှ ပျင်း စရာ မကောင်းပဲ စိတ်ဝင်စားအောင်ရိုက်ပြနိုင်စွမ်းရှိပါတယ်။ဒီဇာတ်ကားမှာလည်း ဒီလိုပါပဲ။ဒီဇာတ်ကား လေး ကေတာ့ အိန္ဒိယ၀န်ကြီးချုပ်ဟောင်း Manmohan Singh ရဲ့ အကြောင်းကို ရိုက်ထားတာပါ။အိန္ဒိယရဲ့ (၁၃) ယောက် မြောက် ၀န်ကြီးချုပ်ဖြစ်ပြီး (၂၀၀၄-၂၀၁၄) အထိ ၀န်ကြီးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့သူပါ။မင်းသားကြီး Anupam Kher က Manmohan Singh  ရဲ့ နေရာကနေ သရုပ်ဆောင်ထားပါတယ်။နိုင်ငံရေး အလှည့်အပြောင်းနဲ့ လူတွေရဲ့ အကြောင်းကို မျက်ဝါးထင်ထင်မြင်ရမယ့် ဇာတ်ကားလေးပါ။

READ
ရူးခါသွားလောက်တဲ့ အလှပုံလေးတွေကို Instagram မှာဝေမျှလိုက်တဲ့ Demi Rose

(2)Bhoothnath Returns

Bhoothnath Returns (The Lord of Ghosts Returns) ကတော့ (၂၀၁၄)အိန္ဒိယ စိတ်ကူးယဉ် နိုင်ငံ ရေး ဟာသ ဇာတ်ကားလေးပါ။အိန္ဒိယရွေးကောက်ပွဲ ကော်မရှင် က Bhoothnath Returnsကို အခွန် Tax free လုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ပြည်သူတွေဆီကို နိုင်ငံရေး နဲ့ ပတ်သက်တဲ့ မက်ဆေ့ခ်ျ တွေကို ပို့ပေးနိုင်တဲ့ ဒီလို ဇာတ်ကားကောင်းမျိုးကို ပံ့ပိုးပေးသင့်တယ်လို့ တောင်း ဆိုခဲည တာပါ။(2014) ဧပြီမှာတော့ အခွန်ကင်းလွတ် ခွင့်ြ ပုကြောင်း Uttar Pradesh  အစိုးရကနေ ကြေညာခဲ့ပါတယ်။ရုပ်သံတွေမှာလည်း ခဏခဏ ပြသနေ တာမို့ ကြည့်ဖူး တဲ့ သူတော့ များမှာပါ။Amitabh Bachchan ရဲ့ ဇာတ်ကားလေးမို့ အထူးညွှန်းနေစရာ မလိုပါဘူး။နိုင်ငံရေး အြေ ကာင်း ကို ရုပ်ရှင်ကြည့်သူ့ရဲ့ စိတ်ထဲဝင်သွားအောင် ပါးပါးလေးပုတ်ထည့်ပေးနိုင်တဲ့ ဇာတ်ကားလေးပါ။ရယ် လည်း ရယ်ရပါတယ်။

(3)Thackeray

ဒီဇာတ်ကားကလည်း (၂၀၁၉)က ထွက်ထားတဲ့ ဇာတ်ကားလေးပါ။Shiv Sena ဆိုတဲ့ နိုင်ငံ ရေး ပါတီ  ကို ထူထော င်ခဲ့သူပါ။Nawazuddin Siddiqui က Thackeray  ရဲ့ နေရာကနေ ပါဝင် ထားပြီး Amrita Rao ကတော့ Tha ckeray  ရဲ့ ဇနီးနေရာကနေ ပါဝင်ထားပါတယ်။ဒီရုပ်ရှင်ကတော့ (၂၀၁၉) ဇန် န၀ါရီ (၂၅) ရက်နေ့ Bal Thacke ray ရဲ့ အသက် (၉၃)နှစ်ပြည့်မွေးနေ့မှာ ထွက်ရှိခဲ့တာပါ။သူ့ရဲ့ အလုပ်က ကာတွန်း ဆရာ တစ်ယော က်ပါ။ဒါပေမယ့် နောက်ပိုင်းမှာတော့ အကြောင်းကြောင်းတွေကြောင့် နိုင်ငံရေး လောကထဲ ရောက် လာခဲ့ တာပါ။ ထူြး ခားတာတစ်ခု ကတော့ Thackeray  ဟာ သေသွားတဲ့ အချိန်ထိ တရားဝင် ခန့်အပ်တာဝန် ပေးခံ ရတဲ့ ရာထူး ကို  position ကိုမ ရလိုက်သလို သူ့ပါတီရဲ့ ခေါင်းဆောင်အဖြစ်  နည်းလမ်းတကျ တရားဝင် ရွေးချယ်ခံခဲ့ရတာမျိုးလည်း မရှိ ခဲ့ ပါဘူး။ဒါေ ပမယ့် သူကွယ်လွန်ချိန်မှာတော့ သူ့ရဲ့ ဈာပနကို နိုင်ငံ တော်ဈာပန အခမ်းအနားအဖြစ်ကျင်းပ ပေးခဲ့ ပါတယ်။

READ
ဘိုမရုပ်လေးတစ်ရုပ်အလား အထင်မှားရတဲ့ အိန်ဂျယ်လမုန်

(4)Sarkar 3

Amitabh Bachchan ရဲ့ သရုပ်ဆောင်ချက်တွေနဲ့ သူ့ရဲ့ ဇာတ်ကားတွေကို ကြိုက်တဲ့ အတွက် သူ့ ဇာတ်ကား နောက် တစ်ကားကိုပဲ ထပ်ပြီး ရွေးချယ်ပေးလိုက်တာပါ။ဝေဖန်သူတွေ ဆီကနေ တောင်မှ ချီးကျူး စကား တွေ အများ ကြီး ရထားတဲ့ ဇာတ်ကားကောင်းလေးပါ။နိုင်ငံရေးဆိုတာမျိုးက ရွေးကောက်ပွဲမှာအနိုင်ရရုံနဲ့ ပွဲသိမ်းပြီလို့ ပြောလို့ မရ ပါဘူး။ခေါင်းဆောင်နေရာကို ရလိုက်ပြီ ဆိုရင်တော့ တကယ့် ဇာတ်လမ်း ၊ပွဲကြီးပွဲကောင်းက အခု မှ စတာပါ။အာဏာ ရှိတဲ့ နိုင်ငံရေးသမားတစ်ယောက်က သူ့ရဲ့ နေရာ ထိုင်ခုံမြဲဖို့ ဘာတွေ၊ဘယ်လို လုပ်ရမလဲ…? သိချင်ရင်တော့ ဒီ ဇာတ်ကားလေးကို ကြည့်လိုက်ပါ။

Ref;Wiki

SHARE