သေချာပေါက်ကြည့်သင့်တဲ့ Christmas Horror Movie (၆)ကား

Image: imdb

ခရစ်စမတ် အငွေ့ အသက်တွေ အများကြီး လွှမ်းခြုံနေတဲ့ ဒီလို အချိန်မှာ ခရစ်စမတ်ရဲ့ အငွေ့ အသက် တွေ ပါဝင်  နေတဲ့ ဇာတ်ကားကောင်းလေးတွေကို ညွှန်းပေးချင်ပါတယ်။ခရစ်စမတ်နဲ့ ပတ်သက်တဲ့ ကြည်နူးစရာ၊လွမ်း ဆွတ်စရာ ဇာတ်ကားကောင်းလေးတွေကို ပြီးခဲ့တဲ့ အပတ်မှာ ဖော်ပြ ပြီးခဲ့ပြီမို့ ဒီတစ်ပတ်မှာ ထိတ်လန့် ရင်ဖို စရာ ဇာတ်ကားလေးတွေကို ညွှန်းပေးချင်ပါတယ်။

(1)Better Watch Out (2017)

Better Watch Out (2017) မှာ တော့Olivia DeJonge, Levi Miller နဲ့ d Oxenbould တို့ ပါဝင် ထားပါတယ်။လူခြေတိတ်တဲ့ ဆင်ခြေ ဖုံး လမ်းလေးလေးထဲက အိမ်တစ်လုံးကို လာရောက်ကျူးကျော်ကြသူတွေကို (၁၂)နှစ်အရွယ် ကောင်လေးက ဘယ်လို ခုခံကာကွယ်မလဲ ဆိုတာကို  ကြည့်ရမယ့် ဇာတ်ကားလေးပါ။

(2)Krampus (2015)

 

စိတ်ကူးယဉ် ဟာသ ထိတ်လန့် သည်းဖို ဇာတ်ကား အမျိုးအစားလေးပါ။ဒီဇာတ်ကားလေးထဲမှာတော့ ခရစ်စမတ်မှာ မကောင်းဆိုးဝါးကို မတော်တဆ ခေါ် မိသွားတဲ့ အကြောင်းလေးပါ။ခရစ်စမတ် အငွေ့ အသက် လေးတွေ လည်း ပါ Horror ဇာတ်ကား မျိုးကိုလဲ ကြိုက်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို ရွေးချယ်သင့်ပါတယ်။

READ
သစ္စာမသိတဲ့သူနဲ့ပတ်သတ်ပြီး ခံစားချက်တွေဖွင့်ဟလာတဲ့ မအေးသောင်း

(3)Rare Exports: A Christmas Tale (2010)

Rare Exports: A Christmas Tale (2010) ဆိုတဲ့ ဇာတ်ကားလေးကတော့  အဖွဲ့ တစ်ဖွဲ့ဟာ သိပ္ပံ စူးစမ်းလေ့လာ ရေးတွေ လုပ်ရင်းနဲ့ Arctic  အကျဉ်း ထောင် က နေ ယုတ်မာပြီး မ ကောင်းတဲ့ Santa Claus  ကို မတော်တဆ လွှတ်ပေးမိခဲ့ပါတယ်။ဒီဖြစ်ရပ်ကြောင့် နောက်ဆက်တွဲ ဘယ်လို အခြေအနေ ဆိုးတွေ နဲ့ ရင်ဆိုင်ရမလဲ ဆိုတာကိုတော့ ဇာတ်ကားထဲမှာ သည်းထိတ်ရင်ဖို ကြည့်ရမှာပါ။

(4)Silent Night Official Trailer  (2012)

ဒီဇာတ်ကားကတော့ ခရစ်စမတ်ကာလကို နောက်ခံပြုထားတဲ့ လူသတ်ကားပါ။ မြို့ငယ်လေးတစ်ခုမှာ ဆန်တာကလော့စ်လို ၀တ်ထားပြီး လူမြင်ကွင်းမှာ ပေါ်ပေါ်တင်တင် ပုန်းအောင်းနေတဲ့ စိတ္တဇလူသတ်သမားတစ်ဦးဟာ ခရစ်စမတ်ကာလအတွင်း စိတ်ထင်သလို လိုက်လံသတ်ဖြတ်မှုတွေ ပြုလုပ်နေပါတယ်။ သူ့ကို မြို့ခံလူတွေ ဘယ်လိုကာကွယ် ရင်ဆိုင်မလဲဆိုတာ ရင်တမမနဲ့ ရှုစားရမှာပါ။

(5)Anna and the Apocalypse (2017)

ဒိဇာတ်ကားလေးကတော့ ခရစ်စမတ် ဇွန်ဘီ ဇာတ်ကားလေးပါ။Anna  နဲ့ သူမရဲ့ သူငယ်ချင်းတွေက မြို့ထဲမှာကျ ရောက်လာတဲ့ ဇွန်ဘီ အန္တရာယ်ကို နှိမ်နင်းကြမယ့် အကြောင်းလေးပါ။Anna နဲ့  သူမရဲ့ သူငယ်ချင်း တစ်သိုက် လွတ်လမ်းကို ဘယ်လို ရှာကြမလဲ ဆိုတာကိုတော့ ဒီဇာတ်ကားထဲမှာ တွေ့ရမှာပါ။သွေးထွက်သံယိုအခန်းတွေ တော့ များပါတယ်။ဒါပေမယ့် Horror နဲ့ ဇွန်ဘီ ဇာတ်ကားကြိုက်သူတွေ အတွက်တော့  အဆင်ပြေတဲ့ ဇာတ်ကားလေးပါ။

READ
ပထမဆုံးသီချင်းမှာတင် အောင်မြင်သွားတဲ့ ဇနီးချောလေးအတွက် ဂုဏ်ယူနေတဲ့ ရွှေထူး

(6)Black Christmas(2019)

လက်တလော ရုံတင်ပြသနေပြီး December 13-15 မြောက် အမေရိက Box Office ရဲ့ စာရင်းအရ ဆိုရင် တော့ ၀င်ငွေ အကောင်းဆုံး ဇာတ်ကား စာရင်းရဲ့ နံပါတ်ငါးနေရာမှာရှိနေခဲ့ပါတယ်။ဝင်ငွေ ($4.42)သန်းနဲ့ နံပါတ်ငါးနေရာကို ရခဲ့တာပါ။ဇာတ္ကားကော့ Horror ဇာတ္ကား အမ်ိဳးအစားပါ။ခရစ်စမတ်အားလပ်ရက်မှာခရီး ထွက်လာတဲ့ အမျိုးသမီး ကျောင်းသူ အဖွဲ့ ရဲ့ နောက်ကို တစိမ်းတစ်ယောက်က လိုက်လာခဲ့ပါတယ်။သာမန် Stalker ပဲလား၊ဒါမှမဟုတ် သူမတို့ ကို ဘယ်လို ရန်ပြု မယ့် လူမျိုးလဲ ဆိုတာကိုတော့ သည်းထိတ်ရင်ဖို စရာ ကြည့်ရမှာပါ။

Ref;wiki & imdb

SHARE