ဘ၀ အ မောတွေ ကို ပြေ စေမယ့် ဟာသဇာတ်ကား (၄)ကား

Image:imdb

စိတ်ပူပန်မှု တွေ ကြောင့် မောပန်းနေကြရတဲ့ အချိန် မှာ စိတ်ပြေ လက် ပျောက် ဟာသ ဇာတ်ကား ကောင်းလေး တွေ ကို ကြည့်ရှုတာက ပူပန်မှုတွေ ကိုအနည်းအပါး လျော့ ကျ စေပါတယ်။ဘ၀ရဲ့ မောပန်းမှုတွေ ကို ခဏ တာ ချွေး သိပ် အနားယူနိုင်ဖို့ အတွက် ထွက်ရှိထားတာလည်း သိပ်မကြာ သေးတဲ့ ဟာသ ဇာတ်ကား ကောင်းလေးတွေ ကို ရွေးချယ် ပေးချင်ပါတယ်။

Hitman: Agent Jun

ဒီဇာတ်ကားလေးက တော့ မြန်မာပရိသတ်တွေ အရမ်းကို ကြိုက်ကြတဲ့ ကိုရီးယား မင်းသား Kwon Sang-Woo ပါဝင် ထားတဲ့ ဇာတ်ကားလေးပါ။(၂၀၂၀) ဇန်န၀ါရီ (၂၂)ကမှ ထွက်ထားတာပါ။ဟာသ ဇာတ်ကား လေးပါ။ဒီကား မှာတော့ Kwon Sang-Woo ရဲ့ ဖိုက်တင် Skill တွေကိုလည်း တွေ့ရမှာ ဖြစ်သလို  မထင်မှတ်ထားတဲ့ ဟာသ အခန်း လေးတွေ ကလည်း စိတ်ပင်ပန်း နေသူတွေ အတွက်ခ ဏတာ အ မေ ပြေ စေမှာပါ။အကြမ်းဖက် နှိမ် နင်း ရေး ဖွဲ့ဝင် တစ်ယောက်က ဇာတ်မြှုပ် နေပြီး comics ရေးတဲ့ သူ အဖြစ်  ရပ်တည်နေခဲ့ပါတယ်။သူဖန်တီးရေး ဆွဲတဲ့ Comic  အ ကြောင်းအရာတွေ က မ အောင်မြင် တော့ သူ့ဘ၀ ဇာတ်ကြောင်းသူ ရေးဆွဲ ခဲ့ပါတယ်။အဲ့ဒီအခါ မှာ တော့ေ မျှာ်လင့်မထားတဲ့ အခြေအနေ တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

READ
ပုရိသတွေမျက်လုံးပြူးခဲ့ရတဲ့ တင်ဆက်ပုံကြောင့် နာမည်ကြီးလာတဲ့ ပေါ်တူဂီ DJမလေး

Good Newwz

ရုံတင်ပြသ ထားတာ သိပ်မကြာ သေးပါဘူး။(၂၀၁၉)ဒီဇင်ဘာ (၂၇) ကမှ ထွက်ရှိထားတာပါ။ဒီဇာတ်ကား မှာတော့ ဘောလိဝုဒ်ရဲ့ ဒိတ်ဒိတ်ကြဲ နှစ်ယောက် ဖြစ်တဲ့  Akshay Kumar, Kareena Kapoor Khan တို့က အဓိက ပါဝင်ထားပါတယ်။ကလေး အသည်းအသန် လိုချင်နေတဲ့ လင်မယားက ဖန်ပြွန်​​သေ​န္ဓ သား နဲ့ က လေးယူဖို့ လုပ်ခဲ့ပါ တယ်။နာမည်တူ အမျိုးသားနှစ်ယောက် ကို ဆေးရုံက သုတ်ပိုးထည့်ရာမှာ အလွဲအမှားတွေ ဖြစ်ချိန် မှာ တော့ စုံတွဲ နှစ်တွဲ ကြား ဖြစ်တဲ့ အလွဲ လေးတွေကို ရိုက်ပြထားတာပါ။

Tootsies & the Fake (2019)

ဒီဇာတ်ကားလေးကလည်း ရုံတင်ပြသ ထားတာ မကြာသေးပါဘူး။(၂၀၁၉) ဒီဇင်ဘာ (၅) ရက်နေ့ကမှ ထွက်ရှိထား တာပါ။ထိုင်းမင်းသမီးချော  Araya A. Hargate က နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားပါတယ်။ဗရုတ် ကျတဲ့ သူငယ်ချင်း သုံးယောက် အဖွဲ့ ကြောင့် ထိုင်းနိုင်ငံရဲ့ နာမည်ကြီး မင်းသမီးက သတိ လစ်ခဲ့ရပါတယ်။ဒါကြောင့် ဒီမင်းသမီး သတိ မေ့ နေချိန်မှာ တခြားလူ တစ်ယောက်ကို မင်းသမီး အဖြစ် အစားထိုး ရာမှာ  ရယ်စရာ အလွဲ လေးတွေ နဲ့ ကြုံ ခဲ့ရပါတယ်။

READ
စင်ကာပူက ပွဲတစ်ပွဲမှာ တွေ့ရတဲ့ အာရှရဲ့နတ်မိမယ်လေး ဆောင်းဟေကို

The Hustle (2019)

(၂၀၁၉) မေ လက ထွက်ရှိထားတာပါ။လူတွေ ကို မတူညီတဲ့ နည်းလမ်းတွေ နဲ့ လိမ် လည် နေကြတဲ့ အမျိုးသမီး နှစ်ေ ယာက်ရဲ့ အကြောင်းပါ။တစ်ယောက်တစ်မျိုးစီနဲ့ အမျိုးသားတွေ ဆီက ငွေ လိမ်နေကြတဲ့ အမျိုးသမီး နှစ်ယောက် Fre nch Riviera ကို သွားတဲ့ လမ်းမှာ ထင်မှတ် မထားပဲ ဆုံတွေ့ ခဲ့ကြပါတယ်။သူတို့နှစ်ယောက် ပညာ အစွမ်း တွေ ကို ဘယ်လို ပြိုင်ကြမလဲ ၊နှစ်ယောက်ပေါင်းပြီး ဘယ်လိုတွေ လိမ်ကြမလဲ ဆိုတာကို ဒီဇာတ်ကားထဲမှာ တွေ့ ရမှာပါ။ေ ဟာလိဝုဒ်ရဲ့ နာမည်ကြီးဟာသ မင်းသမီး Rebel Wilson  နဲ့ Anne Hathaway  တို့  က အဓိက ပါဝင် သရုပ်ေ ဆာင်ထားပါတယ်။

#shwemom

SHARE