Airbnbs ကညွှန်းထားတဲ့ ကမ္ဘာအနှံ့က သာယာလွန်းတဲ့ တည်းခိုစရာနေရာလေးများ

@cumacevikphoto/Airbnb

ခရီးသွားတဲ့အခါ သာမန်အချိန်လိုမျိုး ရုန်းကန်လှုပ်ရှားရတာထက် စိတ်ပင်ပမ်းမှုပြေပျောက်စေတယ်ဆိုပေမယ့်လည်း ခန္ဓာကိုယ်အတွက်တော့ လမ်းတစ်လျှောက်အကြာကြီး ကားတွေ၊ လေယာဉ်တွေစီးလာတာကြောင့် ပင်ပမ်းတာတွေ၊ တစ်နေကုန်လျှောက်လည်ပြီး activities တွေအများကြီးကို စမ်းလုပ်ကြည့်နေလို့ နွမ်းနယ်တာမျိုးတွေရှိတတ်ကြပါတယ်။ ဒါတွေကြောင့် ညဖက်အိပ်တဲ့အချိန်မှာတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ဖို့ သက်တောင့်သက်သာရှိတဲ့ ဟိုတယ်မျိုးတွေကို ရွေးလေ့ရှိကြပါတယ်။

တချို့ဆို ခရီးကပြန်ခါနီးတစ်နေ့ကုန်ကို အချိန်သက်သက်ပေးပြီး ဟိုတယ်ကောင်းကောင်းတစ်ခုမှာ ဘယ်မှမသွားပဲ အနားယူကြတာမျိုးတွေတောင် ရှိပါတယ်။ ခရီးသွားတဲ့အခါ အဓိကစဉ်းစားဖြစ်ကြတာလည်း နေစရာနေရာလေးတွေပဲမဟုတ်လား။ ဒါကြောင့် Airbnbs ကညွှန်းထားတဲ့ နိုင်ငံအနှံ့က တမူထူးခြားပြီး အပြင်မထွက်ချင်လောက်အောင် သာယာလွန်းလှတဲ့ နေစရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဘာလီက eco ဝါးအိမ်လေးကတော့ သဘာဝတရားကြီးရဲ့နှလုံးသားအလည်တည့်တည့်မှာ နားခိုနေရသလိုမျိုး ခံစားချက်မျိုး ပေးနိုင်မှာပါ။ ဈေးနှုန်းကတော့ တစ်ညကို ၂၂၇ ဒေါ်လာပဲမလို့ မဆိုးဘူးပေါ့နော်။

Valentino Luis/Airbnb
@cumacevikphoto/Airbnb

ဘာလီကနောက်တစ်နေရာကတော့ ဝါးတွေနဲ့ဆောက်ထားတဲ့ ငါးထပ်အဆောက်အအုံလေးပါ။ Abiansemal မှာ တည်ရှိပြီး လူကြိုက်များလွန်းလို့ နောက်နှစ်အထိတောင် ဘိုကင်အလွတ်ကိုမရှိတော့ပါဘူး။ နေထိုင်နေစဉ်တစ်လျှောက် ကိုယ်စားချင်တဲ့အစားသောက်မှန်သမျှကို ချက်ပေးမယ့် စာဖိုမှူးတွေလည်းရှိပြီး သဘာဝဆန်ဆန်အငွေ့အသက်တွေကို အပြည့်အဝခံစားရမျာပါ။

READ
ကမ္ဘာလှည့်ခရီးသည်တွေ နှစ်သက်စရာ ဖြစ်လာနေတဲ့ ပေါက်ပေါက်ဆုပ်ကမ်းခြေ
Airbnb
Airbnb

အတ္တလန္တာက Secluded Intown Treehouse လေးကတော့ Airbnb မှာ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ လူစိတ်ဝင်စားမှုအများဆုံး နံပါတ်တစ်နေရာမှာ ရှိနေခဲ့တာပါ။ နတ်သမီးပုံပြင်လေးထဲရောက်သွားသလို ခံစားရမှာဖြစ်ပြီး ဘယ်နေရာနဲ့မှ မတူဘဲ တမူထူးခြားတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ အဆောက်အအုံတွေကြောင့်ပဲလားမသိဘူး၊ တစ်ညကို ဒေါ်လာ ၄၅၀ ပါတဲ့။

Airbnb
Airbnb
Airbnb

နှင်းအိမ်လေးထဲနေရမယ့် Finland, Pelkosenniemi ကနေရာလေးပါ။ အိမ်တစ်လုံးကို ၅ ယောက်နေနိုင်ပြီး တစ်ညကို ၇၉၂ ဒေါ်လာပါတဲ့။

Airbnb
Airbnb

စကော့တလန်က ပုံစံအဆန်းလေးနဲ့ တည်းခိုစရာနေရာလေးကတော့ AirShip ဆိုတဲ့ နေရာလေးပါ။ တစ်ညကို ၂၂၁ ဒေါ်လာဖြစ်ပြီး ကြယ်တွေကိုယ်ထင်ပြတတ်တဲ့ ညဖက်မျိုးတွေမှာ ကောင်းကင်ကိုကြည့်ပြီး စိတ်ကူးယဉ်လို့ရအောင် မှန်တွေနဲ့ အလှဆင်ပေးထားပါတယ်။

ပီရူးနိုင်ငံက Skylodge လေးကတော့ စွန့်စားရတာ ကြိုက်နှစ်သက်တဲ့သူတွေနဲ့ နေရာတစ်နေရာရောက်ရင် အဲဒီနေရာရဲ့ ရှုခင်းကို အပေါ်စီးကနေ ခံစားချင်သူတွေဖို့ ကွက်တိကျစေမယ့် ဟိုတယ်လေးတစခုပါ။ တစ်ညတာတည်းခိုခကတော့ ၅၈၁ ဒေါ်လာကျသင့်ပါတယ်။

READ
ငွေကုန် လူပန်းပြီး အကျိုးမရှိဖြစ်ရတဲ့ ကမ္ဘာ့အထင်ကရ နေရာများ
Airbnb
Airbnb

Greenland, Ilulissat က Ilulissat Blue Guesthouse ပါ။ တစ်ဘကို ၁၆၅ ဒေါ်လာတည်းနဲ့ ရေခဲပြင်အလယ်မှာ အိပ်မနက်ဆန်ဆန်မနက်ခင်းတွေကို ပိုင်ဆိုင်ရဖို့ အသေအချာပဲဖြစ်ပါတယ်။

Illulissat Guest House
Illulissat Guest House

Penny

SHARE