ဘဏ္ဍာရေးဝန်ကြီးအဖြစ်ခန့်အပ်ခံရတာတောင် မပျော်နိုင်တဲ့သူတွေရှိတယ်ဆိုရင်ယုံမလား

Twitter "The World News"

သမ္မတကိုယ်တိုင်က ၀န်ကြီးအဖြစ် ခန့်လိုက်တာကို ကြေကွဲနေတဲ့သူတွေ ရှိတယ်ဆိုရင် ယုံနိုင်မလား။

ဒါပေမယ့် တွစ်တာပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်တစ်ခုထဲမှာတော့ မက္ကဆီကိုသမ္မတ မန်နျူယယ်လိုပက်ဇ်က သူ့ရဲ့ဘဏ္ဍာရေးဝန်ကြီးအဖြစ် အာတူရို ဟာရဲရား ကို ခန့်အပ်ကြောင်း အသိပေးစကားပြောနေခဲ့ပြီး ၀န်ကြီးအသစ်ရဲ့ မျက်နှာက တကယ့်ကို မရွှင်မပျ ဖြစ်နေခဲ့တာပါ။

ကမ္ဘာ့ဘဏ်မှာ မန်နေဂျာတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဟာရဲရား ဟာ မမျှော်လင့်ပဲ နုတ်ထွက်သွားခဲ့တဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်း ကားလို့စ် အာဇူရာ ရဲ့နေရာကို အစားထိုး ခန့်အပ်ခံလိုက်ရတာဖြစ်ပြီး သူ့ရဲ့မျက်နှာအမူအရာကြောင့် ဘဏ္ဍာရေးဝန်ကြီး ဖြစ်လာတာတောင် ပျော်ရွှင်ပုံမရဘူးလို့ ပြောဆိုခံနေရတာပါ။

ခန္ဓာကိုယ်အမူအရာနဲ့ လူတွေရဲ့စရိုက်လက္ခဏာတွေကို လေ့လာဆန်းစစ်မှု ပြုလုပ်နေတဲ့ ပါမောက္ခ အင်းနရစ် ကတော့ ဟာရဲရားရဲ့ မျက်လုံးအကြည့်တွေဟာ ပုံမှန်အခြေအနေထက် ပိုမိုလှုပ်ရှားနေခဲ့ပြီး အဲဒါဟာ စိုးရိမ်ပူပန်နေတဲ့ အဓိပ္ပာယ်မျိုး၊ မပျော်ရွှင်တဲ့အဓိပ္ပာယ်မျိုဖြစ်တယ်လို့ ကောက်ချက်ချလိုက်ပါတယ်။

READ
ဘဝမှာ နောင်တမရဖို့အတွက် ဘယ်လိုအချိန်မှာမဆို သင်လျှို့ဝှက်ထား သင့်တဲ့အရာများ

မက္ကဆီကိုနိုင်ငံတွင်းမှာ လာဘ်စားမှုတွေနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ကိုင်တွယ်နေချိန်၊ ဘဏ္ဍာရေးဝန်ကြီးဖြစ်လာတာကလည်း ဟာရဲရားကို မပျော်မရွှင်ဖြစ်စေတယ်လို့ ဆိုရှယ်မီဒီယာ သုံးစွဲသူတွေက မှတ်ချက်ချကြပါတယ်။

 

 

တချို့ကတော့ နိုင်ငံရေးအမှုနဲ့ ထောင်ချခံထားရတဲ့ မက္ကဆီကို နိုင်ငံရေးသမားဟောင်း ဂျားဗီးယား ဒူအာတီ နဲ့ ဟာရဲရားတို့ကို နှိုင်းယှဉ်ဖော်ပြနေကြပြီး ဒူအာတီတစ်ယောက် အဖမ်းခံရပြီး ထောင်ထဲရောက်တော့မယ့်အချိန်မှာတောင် ဟာရဲရားထက် ပိုမိုပြုံးပျော်နိုင်သေးတယ်လို့ မှတ်ချက်ပေးနေကြတာပါ။

READ
ကယ်လီဖိုးနီးယား မူလတန်းကျောင်းအတွင်း ပစ်ခတ်မှုဖြစ်ပွား၊ (၅)ဦး သေဆုံး

ဘယ်လိုပဲဖြစ်ဖြစ် ၀န်ကြီးရာထူးကို ခန့်အပ်ခံရလို့ ၀မ်းနည်းကြေကွဲနေတဲ့ ရှားပါး ပုဂ္ဂိုလ်အဖြစ် ဟာရဲရားက သတ်မှတ်ခြင်းခံခဲ့ရပြီဖြစ်ပြီး သူ့ရဲ့အနေအထားကို သူကိုယ်တိုင်အသိဆုံး ဖြစ်လိမ့်မယ်လို့ ဆိုရှယ်မီဒီယာ အသုံးပြုသူတွေက မှတ်ချက်ပေးခဲ့ကြပါတယ်။

Linn

Ref : CNN ,Eldeforma.com

SHARE