ပရိသတ်တွေ သေချာပေါက် ကြည့်သင့်တဲ့ Ma Dong-seok ရဲ့ ဇာတ်ကား (၇) ကား

Image:IG/Ma Dong-seok

တောင်ကိုရီးယားမင်းသား Ma Dong Seok ကိုတော့ ပရိသတ်တော်တော်များများသိကြ မှာ ပါ။အချော အလှ တွေမှ နာမည်ကြီးတဲ့ ကိုရီးယားအနုပညာလောကမှာ သဘာဝကျကျနဲ့ ကြမ်းကြမ်းရမ်းရမ်းသရုပ်ေ ဆာင် မင်းသား တစ်ေ ယာက် အောင်မြင်ဖို့ ဆိုတာ လွယ်ကူတဲ့ အရာတော့မရှိပါဘူး။ဘယ်လိုနေရာကပဲ သရုပ်ေ ဆာ င်ရပါစေ အေ ကာင်း ဆုံး ကိုးစားသရုပ်ဆောင်တယ်ဆိုတာကိုတော့ သူ့ရဲ့ ဇာတ်ကားတွေကို ကြည့်ရင် သိနိုင် မှာပါ။ ဒီလို ကြိုးစား မှု တွေရဲ့ အသီးအပွင့်တွေကို အခုတော့ ခံစားနေရပါပြီ။Ma Dong Seok ကတော့ အခုဆိုရင် Marvel Studios ရဲ့ ရုပ်ရှင် ကား “The Eternals” မှာ ပါဝင်သရုပ်ဆောင်တော့မှာပါ။Angelina Jolie, Salma Hayek, Richard Madden,  Kumail Nanjiani တို့ လို ဒိတ်ဒိတ်ကြဲ ဟောလိဝုဒ် နာမည်ကြီး တွေနဲ့ အတူ တွဲပြီး သရုပ်ေ ဆာင်ရမယ့် အခွင့် အရေးကောင်းကို ရခဲ့တာပါ။Ma Dong-seok ရဲ့ ဇာတ်ကားကောင်းတွေ အများကြီးထဲကမှ သေချာ ပေါက် ကြည့်သင့်တဲ့ ဇာတ်ကားလေးတွေကို ရွေးပေးချင်ပါတယ်။

Image:IG/Ma Dong-seok

1. Train to Busan

ဒီဇာတ်ကားကိုတော့ မကြည့်ဖူးတဲ့ သူမရှိသလောက်ဖြစ်မှာပါ။ကိုရီးယားZombie ဇာတ်ကားကောင်းလေးပါ။ဒီ ဇာ တ်ကား က Ma Dong Seok ကို အာရှပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးစေခဲ့တဲ့ ဇာတ်ကား ကောင်း လေးပါ။လူ့စရိုက်၊လူ့သဘာကို ဒီဇာတ်ကားလေးထဲမှာ တွေ့ရမှာပါ။Ma Dong Seok  က သူကျတဲ့ ဇာတ် ကောင် ကို အကောင်းဆုံး ပီပြင်အောင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပါ။

READ
ချစ်သမီးလေးတွေအပေါ် မေတ္တာထားပေးကြသူတွေကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ ချစ်သုဝေ

2.The Villagers

The Villagers  ဇာတ်ကားလေးကတော့ တော်တော်လေး ကောင်းပါတယ်။အက်ရှင် သည်းထိတ်ရင်ဖို ဇာတ် ကားေ ကာင်းကြိုက်တဲ့ သူတွေ မလွတ်တမ်းကြည့်သင့်ပါတယ်။ဒီဇာတ်ကားမှာတော့ Ma Dong-seok က ဇာတ်လိုက် မင်း သားနေရာကနေ ပါဝင်ထားပါတယ်။သူ့ရဲ့ ဇာတ်ကားဆိုတော့ တိုက်ခိုက်တဲ့ အခန်းတွေ မပါ မှာတော့ စိတ်ပူ စရာမလို ပါဘူး။ကာယဆရာ(ကျောင်းကို ပေးစရာ အကြွေးကျန်တဲ့ ကျောင်းသား၊ကျောင်းသူတွေကို ကြွေး လိုက် တောင်း)အဖြ စ်နဲ့ နယ်က မြို့ သေးသေးလေးမှာ အလုပ်ဝင်ခဲ့ပါတယ်။အဲ့ဒီကျောင်းက ကျောင်းသူတစ်ယောက် ပျောက် ဆုံးတဲ့ အမှုကို ၀င်ပါရင်းနဲ့ ဘယ်လို မျိုး အရာတွေကို ရှာတွေ့ သွားမလဲ ဆိုတာကိုတော့ ……။

(3)Murderer

ဒီဇာတ်ကားလေးမှာ ပါတဲ့ တစ်ချို့ လူသတ်တဲ့ အခန်းတွေက ကြောက်တတ်တဲ့ သူတွေ အတွက်တော့ နည်းနည်း အဆင် မပြေတာမျိုးတော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ Ma Dong-seok ကတော့ ဒီဇာတ်ကားမှာ ကွင်းဆက်လူသတ် သမား အဖြစ် သရုပ်ဆောင်ထားပါတယ်။သားဖြစ်သူရဲ့ သူငယ်ချင်းက သူ့ရဲ့ လျှို့ဝှက်ချက်ကို သိသွားတဲ့ အခါ မှာေ တာ့…………Ma Dong-seok တစ်ယောက် ဘာတွေ ဆက်လုပ်မလဲ ဆိုတာကို ဒီဇာတ်ကားမှာ ကြည့် ရမှာပါ။

(4)Unstoppable

အက်ရှင်ဇာတ်ကားတွေဆို အရမ်းကို ပီပြင်စွာသရုပ်ဆောင်နိုင်လွန်းတဲ့ Ma Dong-seok ရဲ့ ဇာတ်ကားမို့ မကြမ်းမှာ မရမ်းမှာတော့ လုံးဝပူစရာမလိုပါဘူး။အနားယူလိုက်တဲ့ ဂန်းစတားကြီးက ဇနီးဖြစ်သူ ပြန်ပေး ဆွဲ ခံလိုက်ရတာကို သိတဲ့ အခါမှာတော့ ဘယ်လိုကယ်တင်ဖို့ ကြိုးစားမလဲဆိုတာကို ဒီဇာတ်ကားမှာ တွေ့ရမှာပါ။

READ
အမိုက်စား ဘော်ဒီကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ ဘေဘီမောင်

(5)The Gangster, The Cop, The Devil

လူဆိုးကြီးကိုမှ သွားသတ်ဖို့ ကြိုးစားမိတဲ့ ကွင်းဆက်လူသတ်သမားကို ဖမ်းဆီးကြတဲ့ အကြောင်းလေးပါ။ရဲနဲ့ လူဆိုး ဆရာကြီးတို့ ပေါင်းပြီး ကွင်းဆက်လူသတ်သမားကို ဘယ်လို တွေ ဖမ်းဆီးကြမလဲ ဆိုတာကို ဒီဇာတ်ကား မှာ တွေ့ ရမှာပါ။ဇာတ်ကားလေးက တော်တော် ကောင်းပါတယ်။ဒရမ်မာကားကောင်းကို ကြည့်ချင်သူတိုင်း သေချာ ပေါက် ကြည့်သင့်တဲ့ ဇာတ်ကားလေးပါ။

(6)Champion 

Ma Dong-seok ရဲ့ ဖိုက်တင်အကြမ်းတွေကို ကြည့်ချင်တဲ့ သူတွေ ရွေးချယ်သင့်တဲ့ ဇာတ်ကားပါ။အမေရိကန်  မှာကြီးပြင်းလာတဲ့ လက်မောင်းလှဲ အားကစားသမားအဖြစ်သရုပ်ဆောင်ထားပါတယ်။ဇာတ်ကားက ရယ်လဲ ရယ် ရပါတယ်။ဗလကြီးတွေနဲ့ ဘယ်လိုတွေ လက်မောင်းလှဲ ကြမလဲ ဆိုတာကိုတော့ ဒီဇာတ်ကား မှာ တွေ့ ရမှာပါ။

(7) The Outlaws

ကိုရီးယားနိုင်ငံရဲ့ R Rated ( ၁၈ နှစ်အောက်ကလေးများ မကြည့်ရ) ဇာတ်ကားတွေထဲမှာ တတိယမြောက် ၀င်ငွေအများဆုံး ဇာတ်ကားအဖြစ် မှတ်တမ်း တင်ထားနိုင်တဲ့ ဇာတ်ကားပါ။ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်ကား ကြိုက်သူတွေ၊ မှုခင်းဇာတ်ကားကြိုက်သူတွေ လက်မလွတ်စတမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

#SHWEMOM(REF:WIKI)

SHARE