အယ်လ်ဇိုင်းမားရောဂါ ကာကွယ်ဖို့ မဖြစ်မနေ စားသင့်တဲ့ အစားအစာ(၅)မျိုး

Unsplash/EverydayHealth

သင့်ကျန်းမာရေးနဲ့ဦးနှောက်ဖွံ့ဖြိုးဖို့ အထောက်အကူပြုတဲ့လေ့ကျင့်ခန်းတွေများစွာရှိပေမယ့်၊ သင့်တင့်တဲ့အစားအစာတွေကလည်း ကျန်းမာရေးကောင်းမွန်ဖို့ တစ်ဖက်တစ်လမ်းက အထောက်အကူပြုသလို၊ တစ်ချို့အစားအစာတွေဟာဆိုရင် စိတ်ကစဉ့်ကလျားဖြစ်တာ မေ့တတ်တာနဲ့ အယ်လ်ဇိုင်းမားရောဂါဖြစ်မှုကို လျှော့ချပေးနိုင်တဲ့အထိ အကျိုးကျေးဇူးကောင်းတွေများစွာရှိတယ်ဆိုတာ သင်သိထားသင့်ပါတယ်။ မကြာသေးခင်ကမှ  MIND diet, လို့ခေါ်တဲ့ အထူးအစားအစာတစ်ချို့ဟာ အဆိုပါရောဂါဖြစ်ပွားမှုအန္တရာယ်ကို လျှော့ချပေးနိုင်ကြောင်းလေ့လာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဘာတွေလဲဆိုတာ ကြည့်ကြည့်ရအောင်။

၁- ဘယ်ရီသီးတွေ များများစားပေးပါ

Unspalsh/Burpee

ဘယ်ရီသီးတွေဟာ စားသင့်တဲ့ နံပါတ်(၁)အသီးတွေဖြစ်ပါတယ်။ဘယ်ရီသီးတွေဟာ ဦးနှောက်အတွက် အကျိုးကျေးဇူးကောင်းများစွာရှိတဲ့flavonoids ဓာတ်များစွာပါရှိပါတယ်။ အသီးအနှံစားသုံးတဲ့လူထောင်နဲ့ချီ ကို နှစ်(၂၀)လေ့လာမှုတွေလုပ်ခဲ့ရာမှာ ဘယ်ရီသီးစားသုံးသူအများစုမှာ အာရုံကြောအားနည်းမှုကို လျော့နည်းစေတယ်လို့သိရပါတယ်။ ဒါကြောင့် သင့်အနေနဲ့ blueberries၊ strawberriesနဲ့ cranberriesတွေကို သရေစာအဖြစ်စားသုံးပေးပါ။ သင့်ဦးနှောက်ကသင့်ကို ကျေးဇူးတင်လာပါလိ့မ်မယ်။

၂-အစိမ်းရောင် အသီးအနှံတွေကိုစားသုံးပါ

Unsplash/HealthEdu

အစိမ်းရောင်ပါတဲ့ အသီးအနှံ့တွေဟာ  ဖောလစ်၊ flavonoids, vitamin E, နဲ့ carotenoidsတို့လို အာဟာရဓာတ်တွေပါဝင်တာကြောင့် သင့်ဦးနှောက်ကျန်းမာရေးအပါအ၀င် ကျန်းမာရေးကိစ္စတော်တော်များများကို အထောက်အကူပြုစေပါတယ်။ ဟင်းနုနွယ်၊ ဂေါ်ဖီ၊ ဆလပ်၊ ကိုက်လန်စတဲ့ အစိမ်းရောင်အရွက်ပါတဲ့အရွက်တွေဟာ ကျန်းမာရေးတဲ့အကောင်းဆုံးရွေးချယ်စရာဖြစ်ပြီးတော့ ဦးနှောက်ယိုယွင်းမှုနှုန်းကို ကျဆင်းစေတာမို့ မကြာခဏစားပေးဖို့ တိုက်တွန်းပါရစေ။

၃- အခွံမာအသီးတွေ စားပါ

READ
အ၀လွန်ခြင်းကိုလျှော့ချဖို့နည်းလမ်း(၉)မျိုး
Unspalsh/Healthline

အသင့်ထုတ်ပိုးပြီးသား ရယ်ဒီမိတ်သရေစာမုန့်တွေ အချိုတွေစားမယ့်အစား မြေပဲတို့ သီဟိုဋ္ဌ်သီးတို့လို အစေ့အဆန်တွေရွေးချယ်စားသုံးပါ။ သူတို့မှာ ဦးနှောက်လုပ်ငန်းစဉ်ကို အထောက်အကူပြုတဲ့ vitamin E ၊ကျန်းမာရေးနဲ့ညီညွှတ်တဲ့အဆီဓာတ်၊ အမျှင်ဓာတ်နဲ့ antioxidants တို့ပါဝင်တာကြောင့် ကျန်းမာရေးတစ်ခုလုံးကို အထောက်အကူပြုတာပါ။သင့်အနေနဲ့ ဘယ်ရီသီးရော အစေ့အဆန်တွေပါ ရောစားလိုက်ရင်တော့ သင့်ဦးနှောက်ကို boostလုပ်ပြီးသားဖြစ်သွားပါလိမ့်မယ်။

၎- သံလွင်ဆီကို ရိုးရိုးရော ဟင်းချက်ရာမှာရော အသုံးပြုပါ

Alibaba.Com

သင့်အနေနဲ့မြေထဲပင်လယ်စားသောက်နည်းအကြောင်းအနည်းသိမယ်ဆိုရင် ဒီသံလွင်ဆီဟာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ကောင်းမွန်စေတဲ့အစားအစာတစ်မျိုးဆိုတာ အထူးပြောပြစရာ လိုမယ်မထင်ပါဘူး။  ဒါပေမယ့် ဆရာဝန်တွေက သံလွင်ဆီတွေအပါအ၀င် အခြားအဆီတွေနဲ့ ထောပတ်တို့ကို အလွန်အကျွံမစားဖို့အကြံပေးထားပြီး ၊ဘာမှမရောတဲ့သံလွင့်ဆီစစ်စစ်ဟာ သင့်ဦးနှောက်အတွက် မေ့တတ်တဲ့ရောဂါကို အကောင်းဆုံးကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။

၅- တစ်ပတ်တစ်ခါလောက် ငါးကို စားပေးပါ

Unsplash/foodnetwork

 လေ့လာတွေ့ရှိချက်အရ ငါးအမြဲတမ်းစားတဲ့ အသက်(၆၅)နှစ်ကျော် လူတွေဟာ ငါးသိပ်မစားတဲ့ ပြီးတော့ လုံးဝမစားသူတွေနဲ့နှိုင်းယှဉ်ရင်  မှတ်ဥာဏ်စစ်ဆေးမှုမှာ ပိုပြီးအသာစီးရကြပါတယ်။ ငါးမှာ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အဆီဓာတ် B-6, B-12 တို့ပါဝင်ပြီးတော့ သင့်ဦးနှောက်ကို အကျိုးကျေးဇူးကောင်းတွေများစွာရစေပါတယ်။ မြေထဲပင်လယ်စားသောက်နည်းစနစ်အရဆိုရင် အနည်းဆုံးတော့ တစ်ပတ်ကို တစ်ကြိမ်ငါးစားပေးရင်ကို လုံလောက်တယ်လို့သိရပါတယ်။

SHARE