အာဟာရပညာရှင်တွေ အကြံပြုထားတဲ့ အိပ်ပျော်၊၀ိတ်ကျ စေတဲ့ အစားအသောက်(၆)မျိုး

Image:freepik/prostooleh

စိတ်ဖိစီးမှုကြောင့်ပဲ ဖြစ်ဖြစ် တခြား အ ကြောင်း  ကြောင့်ပဲ ဖြစ်ဖြစ် ညဖက် အိပ် မ ပျော်တဲ့  ဝေဒနာ က လူတိုင်း လိုလို ခံစား နေရတဲ့ ရောဂါ တစ်ခု ဖြစ်လာခဲ့ပါတယ်။မကြာ သေးခင် တုန်းက လန်ဒန်ရဲ့ King College ရဲ့ လေ့လာမှု တစ်ခု မှာဆိုရင် ဗြိတိန် က လူ (၁၀) ယောက်မှာ (၆) ယောက် လောက်က ညဖက် အိပ် မ ပျော် တဲ့ ဝေဒနာကို ခံစား နေကြရတယ်လို့ ဆိုပါတယ်။ညဖက် လဲ ကောင်းကောင်း အိပ် ပျော်ပြီး ၀ိတ် ချ တဲ့ နေရာမှာလည်း အ ထောက် အကူဖြစ်စေတဲ့ အစားအစာတွေအ ကြောင်းကိုတော့ The Sun မှာ ဖော်ပြ ထားပါတယ်။

(၁) မြေပဲ

Image:freepik/alexgrec

မြေ ပဲ က တော့ ခန္ဓာကိုယ် အတွက် ကောင်းတဲ့ အစား အစာ တွေထဲက တစ်မျိုးပါ။ဒါပေမယ့် မွေးရာ ပါ ပင်ကိုယ်ဓါတ် မတည့် သူတွေ အတွက် တော့ မ ရွေးချယ် သင့်ပါဘူး။ကျန်းမာရေး နဲ့ ပတ်သက်တဲ့ ကျွမ်းကျင်ပညာရှင်  တစ်ဦး က တော့ေ မြ ပဲ က  ကောင်းကောင်း အိပ် ပျော် စေ ဖို့ အ ထောက်အကူဖြစ်စေတဲ့ melatonin ရဲ့ အရင်း အမြစ် ပါ။မြေပဲ မှာတော့ အဆီ နဲ့ ကယ်လိုရီ ပါဝင် မှုနှုန်း က  မြင့်ပါတယ်။ဒါပေမယ့် ဒါနဲ့ ၀ိတ် တတ်တာက တော့ မသက်ဆိုင် ဘူးလို့ ဆိုပါတယ်။ တစ်ပတ် မှာ မြေပဲ တစ်ယောက် စာ ( အများကြီး မဟုတ်) စားတဲ့ သူတွေ ဟာ  မစားတဲ့ သူတွေ ထက် ပိုအိပ် ပျော် ပြီး ၊၀ိတ်ကိုလည်း ထိန်းနိုင်တယ်လို့ လေ့လာမှု တစ်ခု မှာ ဖော်ပြထားပါတယ်။

READ
ကိုးရီးယားစတိုင်လ် ကင်ချီသုံးထပ်သားကြော် ချဉ်ငံစပ်

(၂) အစိမ်းရောင် အသီးအရွက် များ

Image:freepik/yuliyafurman

အာဟာရ ပညာရှင် Susan Alexander က တော့Magnesium ပေါ ကြွယ်ဝတဲ့ အစားအစာ တွေက အိပ် မ ပျော်တဲ့ ရောဂါ ဝေဒနာကို သက်သာ ပျောက် ကင်းစေတယ်လို့ ဆိုပါတယ်။ဒါ ကြောင့် Magnesium   ပေါ ကြွ ၀တဲ့ အစားအစာ တွေ ဥ ပမာ- အဆီ လျော့ ထားတဲ့ နွားနို့၊ ဖရုံ စေ့၊ ထောပတ် သီး.. အစရှိတာ တွေကို စား ပေးပါ။ Tryptophan ဆိုတဲ့ Amino Acid က တော့ အိပ် ပျော် စေပါတယ်။ Tryptophan ကို တော့ ဒိန်ချဉ်၊အုတ်ဂျုံ၊ဥ ၊ပဲ အမျိုးမျိုး တို့ မှာ တွေ့နိုင်ပါတယ်။

(၃) Herbal tea

Image:freepik/yummypic

ညဖက် ကောင်းကောင်း အိပ် ပျော်ချင်တယ်ဆိုရင် တော့ Herbal tea ကို ည ဖက် အိပ်ယာ မ ၀င် ခင် မှာ ပုံမှန် သောက် ပေးပါ။ Chamomile( အဖြူ နဲ့ အ၀ါ ပန်းလေးတွေ ပွင့်တဲ့ အပင်) Tea က ဆို၇ှု တော့ စိတ် ဖိစီးမှုတွေ ကို လျော့ ကျ စေသလို၊ရောင်ရမ်းတာတွေကိုလည်း သက်သာ စေပါတယ်။ဒါ ကြောင့် ညဖက် မှာ အိပ် မ ပျော်ရင် တော့ Green Tea ၊ဂျင်းပြုတ်ရည် ၊ Herbal tea တို့ ကို သောက် ပေးပါ။အိပ်လဲ ပျော်၊၀ိတ်လဲ ကျ စေမှာပါ။

READ
ဝက်သုံးထပ်သားလေးကို ချိုချိုစပ်စပ်၊ မွှေးမွှေးလေးဖြစ်အောင်ကြော်ချက်နည်း

(၅)ငါးကြီး ဆီ

Image:freepik/sergofoto

ငါးကြီးဆီ မှာ ဆိုရင်တော့ vitamin D, protein, B vitamins နဲ့ selenium တို့ ပါဝင်ပါတယ်။ဒါ့အပြင် omega 3 fatty acids လည်း ပေါ ကြွယ်ဝ စွာ ပါဝင် ပါတယ်။ဒါ ကြောင့် စား ပေးရင် တော့ နှလုံး ရောဂါ၊လေဖြတ်  ရောဂါ တို့ အတွက်လည်း ကောင်းပါတယ်။ငါးကြီး ဆီ တစ်နေ့ သုံး လုံး လောက်စား ပေးရင် ၀ိတ်လဲ ကျ စေ၊ကောင်းကောင်းလဲ အိပ် ပျော်စေပါတယ်။

(၆)ချယ်ရီ

Image:freepik/devmaryna

ဝိတ် ကျ စေ ၊အိပ်လဲ ပျော် စေ တဲ့  နောက်ထပ် အစား အစာ တစ်ခု က တော့ ချယ်ရီ သီးပါ။ချယ်ရီ သီးမှာဆိုရင် melatonin  ပေါ ကြွယ်ဝ စွာ ပါဝင်ပြီး ဒီ ဟော်မုန်းက အိပ် စက် ခြင်း အတွက် ကောင်း ကောင်းကြီးအ ထောက်အကူဖြစ်စေပါတယ်။အုတ်ဂျုံ နဲ့ ချယ်ရီ သီးကို ရောစား မယ်ဆိုရင် တော့  ည အိပ် မ ပျော်တဲ့ ဒုက္ခကို ကောင်း ကောင်း ကြီး ကုစား ပေးနိုင်မှာပါ။

#SHWEMOM

SHARE