လောကကြီးမှာ သူငယ်ချင်းကောင်းရဖို့ဆိုတာ တော်တော်ကံကောင်းမှရတာပါ။ သင်ဟာ သူငယ်ချင်းကောင်းတစ်ယောက်ကို ရထားပြီးဆိုရင်တော့ အရမ်းကိုကံကောင်းတဲ့သူမျိုးပါ။ သူငယ်ချင်းကောင်းက ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ သင့်ကိုယ်သင် ဂုဏ်ယူလိုက်ပါ။ သင်ဟာ ကမ္ဘာပေါ်မှာ အရမ်းကံကောင်းတဲ့သူဖြစ်နေလို့ပါ။
၁။ အကူအညီလိုနေတယ်ဆိုတာကို ဖွင့်ပြောစရာမလိုဘဲ သိနေတတ်တယ်
သူငယ်ချင်းကောင်းဆိုတာ အကူအညီလိုတယ်ဆိုရင်တောင် အောက်ကျနောက်ကျနဲ့ “ကူညီပေးပါ” ဆိုပြီးပြောစရာမလိုပါဘူး။ သူငယ်ချင်းကောင်းဆိုတာ ” နောက်ဆိုပြောနော်။ ငါကူညီမယ်။ အားမနာနဲ့” ဆိုပြီးပြောတတ်တဲ့သူမျိုးတွေပါ။အကူအညီလိုနေရင် ဘယ်လိုပဲဖြစ်ဖြစ် ကူညီပေးဖို့ဝန်မလေးကြပါဘူး။ ကျန်းမာရေးအရ တစ်ခုခု အစားထိုးရမယ်ဆိုရင်လည်း ကိုယ့်ဆီက အစားထိုးပေးကြဖို့ကိုလည်း ၀န်မလေးကြပါဘူး။ အဲ့ဒါမှ သူငယ်ချင်းကောင်း စစ်စစ်ပါ။ ဒီလိုသူငယ်ချင်းမျိုးကိုပိုင်ဆိုင်ထားရတာ ချစ်သူထက် သာပါတယ်။
၂။ ညီအစ်မလို၊ မောင်နှမလို နေကြတယ်
တကယ်ကို သူငယ်ချင်းကောင်းဆိုရင် ညီအစ်တွေလိုမျိုးနေကြတယ်။ တစ်ယောက်အိမ် တစ်ယောက်လိုက်အိပ်၊ အချင်းချင်းကူညီရိုင်းပင်းတတ်ကြတယ်။ သူငယ်ချင်းကောင်းဆိုတာ သွေးမတော်ကြတဲ့ညီအစ်မတွေပါ။ တချို့ဆို ညီအစ်မအရင်းတွေထက်ပိုချစ်ကြတယ်။ သူငယ်ချင်းဆိုတာ ရွယ်တူဖြစ်ကြလို့ အချင်းချင်း ပွင့်လင်းကြတယ်။ ခံစားချက်တွေကလည်းတူတတ်ကြတော့ ပိုနားလည်ပေးတတ်ကြတယ်။
၃။ မနာလိုတာတွေမရှိကြဘူး
တချို့က သူငယ်ချင်းကောင်းဆိုတဲ့ခေါင်းစဉ်အောက်မှာ အချင်းချင်း မနာလိုတာတွေရှိတတ်ကြတယ်။ တကယ်တော့ သူငယ်ချင်းကောင်းတွေဆိုတာ အချင်းချင်းမနာလိုကြပါဘူး။ သူငယ်ချင်းကောင်းစားနေတာမြင်ရရင်ကို ပျော်နေတတ်ကြတာ သူငယ်ချင်းကောင်းတွေရဲ့ လက္ခဏာတွေပါ။ တချို့ကကျ ပါးစပ်ကသာ ” သူနဲ့က best friend တွေလေ” ဆိုပြီး ကွယ်ရာမှာ အတင်းချနေတတ်တာတွေရှိတယ်။ အဲ့ဒါတွေက သူငယ်ချင်းကောင်းမဟုတ်ပါဘူး။
၎။ အနားမှာ ဘယ်သူမှမရှိတော့တဲ့အချိန်မှာတောင် ရှိနေပေးတတ်ကြတယ်
အခက်အခဲတွေနဲ့ရင်ဆိုင်နေရတာတောင် ဘေးနားမှာ အမြဲရပ်တည်ပေးတတ်တာ သူငယ်ချင်းကောင်းတွေပါ။ ဒီလိုအချိန်မှာ ဘယ်သူက အနားမှာကျန်နေခဲ့ပြီး ဘယ်သူကတော့ထွက်သွားခဲ့လည်းဆိုတာပါ သိနိုင်တယ်။ တကယ်ကို သူငယ်ချင်းကောင်းတစ်ယောက်ဆိုရင်တော့ အခက်အခဲဖြစ်နေတဲ့အချိန်မှာ ဘေးကနေ ကူညီပေးတယ်၊ စိတ်ဓာတ်ကျနေချိန်မှာ စိတ်ခွန်အားတွေပေးတယ်၊ ၀မ်းနည်းနေရင် ပျော်အောင် ရယ်စရာလေးတွေ ပြောပေးနေတတ်တယ်။ အဲ့ဒါမျိုးမှ သူငယ်ချင်းကောင်တွေပါ။
၅။ သင်မုန်းတဲ့သူကို သူတို့ကလည်းမုန်းတတ်ကြတယ်
တစ်စုံတစ်ယောက်က သင့်ကိုအနှောက်အယှက်ပေးလို့ သင်က မုန်းနေတယ်ဆိုရင် သူငယ်ချင်းတွေကလည်း လိုက်မုန်းတတ်ကြတယ်။ အကြောင်းက ဘာပဲဖြစ်ဖြစ် လိုက်မုန်းနေတော့တာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သူငယ်ချင်းကောင်းတွေမို့လို့ပါ။
Hannwe Soe (Shwemom)
Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။