သူငယ်ချင်းတွေနဲ့အတူတူနေရဖို့ ကိုယ်ပိုင်မြို့တည်ထောင်ကာနေခဲ့ကြတဲ့လူတစ်စု

Alexander Stross

အခင်ဆုံးသူငယ်ချင်းတွေနဲ့ အိမ်ဘေးချင်းကပ်လျက်မှာနေ့၊ ဘယ်သွားသွားအတူတူ၊ စားလည်းအတူတူနဲ့ နေချင်တယ်ဆိုပြီး စိတ်ကူးကြဖူးလားမသိဘူး။ ဒီသူငယ်ချင်းအုပ်စုကတော့ အချင်းချင်းသိပ်ခင်ကြလွန်းလို့ သူတို့ချည်းတစ်စုတစ်စည်းတည်း သီးသန့်နေနိုင်ဖို့အတွက် မြို့လေးတစ်မြို့ကို တည်ထောင်ခဲ့ပါတယ်။

Alexander Stross

Texas က Austin အပြင်ဖက်နား Llano မြစ်ကိုမျက်နှာမူထားတဲ့နေရာလေးမှာ Llano Exit Strategy ဆိုတဲ့နာမည်လေးပေးကာ မြို့လေးတစ်မြို့တည်တောင်ခဲ့ပါတယ်။ အတွဲ ၄ တွဲ၊ စုစုပေါင်း အမျိုးသား ၄ ယောက်နဲ့အမျိုးသမီး ၄ ယောက်တို့ဟာ သူငယ်ချင်းဖြစ်နေခဲ့ကြတာ နှစ်ပေါင်း ၂၀ ကျော်လာခဲ့ပါပြီ။ မနည်းမနောသံယောဇဉ်တွေကြောင့်ပဲ အခင်ဆုံးသူငယ်ချင်း ၈ ယောက်တို့ရဲ့ စိတ်ကူးယဉ်မြို့လေးကို အခုလိုအကောင်အထည်ဖော်ခဲ့တာပဲဖြစ်ပါတယ်။

သူငယ်ချင်း ၈ ယောက်ထဲ အတွဲဖြစ်နေတာ ၄ တွဲရှိနေတဲ့အတွက် တစ်တွဲကို အိမ်တစ်လုံးစီနဲ့ စုစုပေါင်းအိမ် ၄ လုံး တည်ဆောက်ခဲ့ပါတယ်။ အိမ်တစ်လုံးကို စတုရန်းပေ ၄၀၀ ဆီကျယ်ဝန်းပြီး ပျမ်းမျှဒေါ်လာ ၄ သောင်းလောက်ကုန်ကျခဲ့ပါတယ်။

READ
ဖိအားများလွန်းတဲ့ လူမှုကွန်ယက်ကြောင့် မိမိကိုယ်ကို သတ်သေခဲ့တဲ့ ကောင်မလေး
Alexander Stross

အမိုးတွေမှာ ရေဒလျှောက်တွေတပ်ဆင်ထားပြီး အိမ်ဘေးမှာရှိတဲ့ ရေစည်ကြီးထဲ သိုလှောင်ဖို့အတွက် လမ်းကြောင်းပေးထားတဲ့အတွက် သဘာဝမိုးရေကို ဂါလံ ၅ ထောင်အထိ သိုလှောင်ထားနိုင်မှာပါ။ အိမ်ဆောက်ထားတဲ့ နေရာလေးဟာ ခြောက်သွေ့ပြီး ခေါင်တဲ့ရာသီဥတုရှိတာကြောင့် မြေအောက်ရေရဖို့ အနည်းငယ်အခက်အခဲရှိနေပြီး မြို့ပြင်လည်းဖြစ်တဲ့အတွက် ရေပိုက်လိုင်းဆွဲဖို့ဆိုရင် ကုန်ကျစရိတ်လည်း မနည်းဘူးကျသွားပါလိမ့်မယ်။ ဒါကြောင့် မိုးရေကို အဓိကအားထားကြရတာပါ။

Alexander Stross

အိမ်အပြင်ဖက်မှာ ယုန်ရိုင်းလေးတွေ၊ တောကြောင်၊ သမင်စတဲ့သတ္တဝါလေးတွေ ကြင်လည်ကျက်စားကြတာ ခဏခဏတွေ့ဖူးပြီး သူတို့နေနေတဲ့တစ်လျှောက် အပင်တွေကိုလည်း တတ်နိုင်သလောက် စိုက်ပျိုးသွားပါမယ်တဲ့။

Alexander Stross
Alexander Stross

Penny

SHARE