နှစ်တိုင်း အခုလိုအချိန်ရောက်ရင် ကြော်ငြာအေဂျင်စီတွေနဲ့ နာမည်ကျော် brand တွေဟာ ၄င်းတို့အတွက် အကောင်းဆုံးနဲ့ တစ်သက်တာအမှတ်တရဖြစ်ဖွယ် ခရစ္စမတ်ကြော်ငြာတွေကို ဖန်တီးကြပါတယ်။ ဒါပေမဲ့ ကြော်ငြာပေါက်ဖို့ဆိုတာကလည်း လူတွေရဲ့ရင်ထဲကိုရောက်အောင်ထည့်နိုင်တဲ့ message က အားကောင်းမှဖြစ်မှာပါ။ ခုနောက်ပိုင်းတော့ ကြော်ငြာတွေအားလုံးလိုလိုက အိုင်ဒီယာအသစ်အဆန်းတွေနဲ့ လူစိတ်ဝင်စားအောင် ဖန်တီးလာကြတာ ဖြစ်ပါတယ်။

အခုအခါမှာတော့ ရိုးရိုးရှင်းရှင်းလေးနဲ့ ရင်ထဲရောက်သွားအောင်ဖန်တီးထားတဲ့ ကြော်ငြာလေးတစ်ခုကို boredpanda ကတဆင့်ဖော်ပြပေးလိုက်ပါတယ်။ ကြော်ငြာက ခရစ္စမတ်ကြော်ငြာဖြစ်ပြီး ဒတ်ခ်ျဆေးဝါးကုမ္ပဏီတစ်ခုဖြစ်တဲ့ DoCMorris ရဲ့ ကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်ဖို့အကြောင်း ကြော်ငြာဖြစ်ပါတယ်။

ကြာချိန်၂း၅၅မိနစ်သာရှိတဲ့ ဒီကြော်ငြာလေးကတော့ အဆုံးသတ်မှာ စာဖတ်သူတွေအတွက် ထူးခြားတဲ့ရသတစ်ခုကို ပေးသွားမှာဖြစ်ပါတယ်။ ကြည်နူးစရာကောင်းသလို ဝမ်းနည်းစရာလည်းကောင်းတဲ့ ဒီနှစ်ရဲ့အကောင်းဆုံး ကြော်ငြာလေးကိုတော့ အခုလိုဖော်ပြပေးလိုက်ပါတယ်။ နိုဝင်ဘာ၃၀ရက်နေ့ DocMorris ရဲ့ YouTube channel မှာ ပထမဆုံးတင်ပြီးကတည်းက အကြိမ်ရေ ၁၂သန်းကျော် ကြည့်ရှုခြင်းခံခဲ့ရတာပါ။
ShweMom