တမူထူးခြားတဲ့အပြင်အဆင်တွေကြောင့် အကောင်းဆုံးလို့တင်စားခံနေရတဲ့ သြစီဟိုတယ်

Supplied

Jackalope ဆိုတဲ့ ဟိုတယ်ဟာ ရုပ်လုံးပေါ်လို့ ဧည့်သည်တွေစတင်လက်ခံလာခဲ့တာ ၂၀၁၇ ခုနှစ်ကတည်းကပါပဲ။ Victoria’s Mornington Peninsula မှာတည်ရှိပြီး Gourmet Traveller မှာတော့ သြစတေးလျရဲ့အမိုက်စား အကောင်းဆုံးဟိုတယ်အဖြစ် နေရာယူလို့ထားပါတယ်။

Supplied

နောက်ပိုင်းမှာလည်း ခရီးသွား blogger တော်တော်များများ အရမ်းညွှန်းကြပြီး ခရီးသွားဝဘ်ဆိုက်တွေ တော်တော်များများမှာလည်း သိပ်လှပြီး တမူထူးခြားလွန်းတဲ့ အတွင်းပိုင်းအပြင်အဆင်တွေကြောင့် ခဏတိုင်း ဖော်ပြခြင်းခံခဲ့ရတာပါ။

Supplied
Supplied

အခုလိုတွေ့ရတဲ့အတိုင်း အပြင်ပိုင်းအဆောက်အအုံပိုင်းအရ ပြောရမယ်ဆိုရင်တော့ သိပ်ပြီး ဆန်းပြားတဲ့ ပုံသဏ္ဍာန်မျိုးမဟုတ်ပေမယ့်လည်း သပ်သပ်ရပ်ရပ်ရိုးရိုးရှင်းရှင်းနဲ့ကိုမှ အတတ်နိုင်ဆုံး ခေတ်မီအောင် ဖန်တီးထားတာကို တွေ့ရတယ်။ နောက်ထပ် ထူးခြားချက်တစ်ခုအနေနဲ့က ဟိုတယ်တစ်ခုလုံးနီးပါးကို နာမည်ကြီး အနုပညာရှင်တွေရဲ့ရုပ်ထုတွေ၊ ပန်းချီကားတွေနဲ့ တခြားသော လက်ရာပေါင်းစုံနဲ့ ထည့်သွင်းကာ တန်ဆာဆင်ထားတာမို့လို့ အမြင်ဆန်းပြီး အနုပညာကိုစိတ်ဝင်စားတဲ လူတွေအတွက် သိပ်ကိုကွက်တိကျလွန်းတဲ့ ဟိုတယ်တစ်ခုလို့ ဆိုရမှာပါပဲ။

ဟိုတယ်ဝန်းထဲဝင်ဝင်ချင်း အဆောက်အအုံအနားမှာပဲ Emily Floyd ရဲ့ အဖိုးတန်လက်ရာရုပ်ထုကြီးတစ်ကိုကို အခုလိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။

READ
Marvel ရုပ်ရှင်တွေမှာပါတဲ့ နေရာတွေထဲက ကိုယ်တိုင်လည်ပတ်နိုင်မယ့်နေရာ ၇ ခု
Supplied

ဟိုတယ်ထဲကို စစဝင်လိုက်ပြီဆိုတာနဲ့ အမြင်အာရုံကို စတင်ဖမ်းစားပေးမှာကတော့ ဘားနဲ့စားသောက်ဆိုင်နေရာပါ။ အတွင်းခံတွေကို မဟူရာရောင်မည်းနက်နေအောင် ပြင်ဆင်ထားပြီး ဘားကောင်တာနဲ့ မျက်နှာကျက်က နီယွန်ပုံစံမီးတွေကိုကြည့်လိုက်မယ်ဆိုရင် ညကြီးသန်းခေါင်မှာ လျှပ်စီးလက်သလို ခံစားမှုမျိုးပေးနိုင်ကာ ထိုင်ခုံတွေဟာလည်း ရွှေရောင်နဲ့ နက်ပြာရောင်ကို လိုက်လျောညီထွေစွာ ပြင်ဆင်ထားတာမို့ အရမ်းကို ပနံသင့်လှတယ်လို့ ပြောလို့ရပါတယ်။

Supplied

Jackalope ရဲ့ အဓိကဖော်ပြချင်တဲ့ hightlight တွေဟာ အနုပညာလက်ရာတွေဖြစ်တာကြောင့် ဟိုတယ်နေရာအနှံ့မှာ ရုပ်ထုတွေအပြင်ကိုမှ လျှောက်လမ်းတစ်လျှောက်ဟာဆိုရင်လည်း မှိန်ပြပြအလင်းရောင်အောက်မှာ မျက်နှာကျက်က မီးတွေကြောင့် တခြားဟိုတယ်တွေနဲ့မတူဘဲ ထူးထူးခြားခြားအမြင်လေးကို ပေးစွမ်းနေပါတယ်။

Supplied
Supplied

သိပ်လှတဲ့ရေကူးကန်နဲ့ spa လည်းရှိပြီး ဟိုတယ်အတွင်းမှာပဲ နေပြီး staycation လုပ်မလား အပြင်ဖက်ကိုထွက်ပြီးပဲ လေကောင်းလေသန့်ရှုရင်း အဝေးက ရှုခင်းတွေကို ကြည့်ဦးမလား။

Supplied
Supplied

ဟိုတယ်ရဲ့ဈေးအနည်းဆုံး Terrace ဆိုတဲ့ အခန်းတောင်မှ ဒေါ်လာ ၅၄၀ တောင်ပေးရတာဆိုတော့လည်း တစ်မျိုးတော့ အင်တင်တင်ဖြစ်မိပေမယ့်လို့ နာမည်ကျော်တွေရဲ့ အနုပညာလက်ရာအေစစ်တွ၊ မော်ဒန်ဆန်ပြီး ကျက်သရေရှိတဲ့ အနုပညာနဲ့ဗိသုကာ လက်ရာလေးတွေကို ခံစားကြည့်ချင်တယ်ဆိုရင်တော့ ဒေါ်လာ ၅၄၀ ဆိုတာ စိတ်ထားတတ်ရင် တန်ပါတယ်လေ။

READ
အသက်ရှူမှားလောက်အောင် လှပလွန်းတဲ့ ကိုလံဘီယာက သက်တန့်မြစ်

Source: News.AU

Penny

 

SHARE