ဂျင်းဘောင်းဘီCrazyလေးတွေအတွက် အထာကျပြီးမြင်သူငေးစေမယ့် ဂျင်းဖက်ရှင်(၇)မျိုး

မိန်းကလေးတွေမှာ ဂျင်းဘောင်းဘီအရမ်းကြိုက်တဲ့ Jean Crazy လေးတွေ ရှိပါတယ်။ ဂျင်းဘောင်းဘီတွေဟာ လိုက်ဖက်ညီစွာဝတ်ဆင်တတ်ရင် ဘယ်တော့မှ ရိုးမသွားတဲ့ ဖက်ရှင်တစ်ခုဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ဂျင်းဘောင်းဘီလေးတွေကို ဘယ်လိုအထာကျအောင်ဝတ်လို့ရလဲဆိုတဲ့နည်းလေးပဲ ဖြစ်ပါတယ်။

(၁) မှိုတက်ဂျင်းနဲ့ အကွက်

(၂) ဆွယ်တာအကျပ်နဲ့ ဂျင်းခါးရှည်

ဒီပုံစံလေးဟာ အရမ်းကို စမတ်ကျပြီး ဘိုဆန်တဲ့ ဖက်ရှင်ဖြစ်ပါတယ်။ အဓိကကတော့ အင်္ကျီအရောင်နဲ့ ဖိနပ်အရောင်ဟာ တူနေရပါမယ်။ အိတ်ကိုတော့ ဖိနပ်နဲ့အရောင်တူ ဒါမှမဟုတ် ဘောင်းဘီနဲ့အရောင်တူတာ ရွေးချယ်ပေးပါနော်။

(၃) ရှပ်အင်္ကျီနဲ့ ဂျင်း

ဂျင်းနဲ့ ရှပ်အင်္ကျီဟာ တကယ်ကို လိုက်ဖက်ညီတဲ့ ဖက်ရှင်ဖြစ်ပါတယ်။ ဆံပင်ကိုတော့ ချထားတာပိုကောင်းပါတယ်။ ပေါ့ပေါ့ပါးပါးဖြစ်ချင်ရင်တော့ ဒေါက်ဖိနပ်အစား ဖိနပ်အပါး အဖြူရောင်လေးကို စီးပေးရင်လည်း အရမ်းမိုက်ပါတယ်။

READ
အရမ်းလန်းပြီး စတိုင်ကျသွားစေမယ့် မထူမပါးဆောင်းရာသီဖက်ရှင်များ

(၄) ကြိုးတစ်ချောင်းနဲ့ ခါးမြင့်ဂျင်း မပွမချောင်လေး

ဒီဖက်ရှင်ကတော့ အရမ်းကို လွတ်လပ်ပေါ့ပါးတဲ့အပြင် ကြည့်လိုက်တာနဲ့ အရမ်းကိုအထာကျနေစေမယ့် ဖက်ရှင်ပါ။ ဒီလိုဖက်ရှင်ကို ဝတ်ရင် Accessories တွေ ဖိနပ်တွေ၊ အိပ်တွေအားလုံးကို အင်္ကျီအရောင်နဲ့ တူတာဝတ်ပေးလိုက်ပါ။ ဆံပင်ကို ချရင်ချ၊ မချရင်လည်း ခပ်မြင့်မြင့်ထုံးရင်လှပါတယ်။

(၅) ခြေမျက်စိအထက်ခါးမြင့်ဂျင်းနဲ့ Crop top

ပုံစံတော်တော်များများနဲ့လိုက်ဖက်တဲ့ Crop Top လေးတွေကို ဒီပုံစံလေးဝတ်ကြည့်လိုက်ပါဦး။ လန်ထွက်နေမှာနော်။

(၆) ဂျင်းနဲ့ဂျင်း

ဂျင်းနဲ့ဂျင်းတွဲဝတ်ချင်ရင် အရောင်တူတာကိုပဲ တွဲဝတ်ပါ။ မဟုတ်ဘဲနဲ့ အရောင်တော်တော်ကွဲတဲ့ဟာ (၂)ခုကို တွဲဖက်ဝတ်ဆင်ရင်တော့ မလှပါဘူးနော်။ ဂျင်းဖက်ရှင်နဲ့ အမိုက်စားလန်းချင်ရင် အရောင်တူတဲ့ ဂျင်းကို ရွေးချယ်ပါ။

(၇) လက်ပြတ်နဲ့ဂျင်း

လက်ပြတ်နဲ့ဂျင်းအပြဲလေးတွေကို ဒီလိုလေးတွဲဝတ်လို့ ရပါတယ်။ အကျီင်္ရဲ့ အရောင်အလိုက် ဖိနပ်နဲ့ အိတ်ကို ရွေးချယ်ဝတ်ဆင်လိုက်ပါ။ အရမ်းကို မိုက်သွားမှာနော်။

READ
ထွင်းဖောက်မြင်ရတဲ့ ဘောင်းဘီရှည်ကို အ၀တ်အစားကုမ္ပဏီတစ်ခုမှ ထုတ်လုပ်ခဲ့

Em Em (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE