ဟောလီဝုဒ်က နာမည်ကြီး ဆယ်လီ Gamer မမများ…..

စိတ်အပန်းဖြေဖို့ အတွက် လူတွေဟာ ဂိမ်းကို အမျိုးစုံအောင် ဆော့ကြပါတယ်။ ဂိမ်းသေးသေးလေးတွေကနေ အကြီးကြီးတွေ အထိထိ တစ်ယောက်တစ်မျိုး ဆော့ကြတယ်၊ အဲ့ဒီ့မှာမှ နည်းနည်း ၀ါသနာပိုရင့်သွားသူတွေက ခုံခုံမင်မင် အချိန်ပေးပြီး ဆော့ကြတယ်။ ပရိုလုပ်ပြီး ပိုက်ဆံရှာနေတဲ့ သူတွေလည်းရှိတယ်။

ဂိမ်းကို စွဲစွဲလမ်းလမ်းဆော့တဲ့ အားကစားသမား တစ်ချို့လည်းရှိတယ်၊ Gamer တွေမှာဆိုလည်း သူတို့ရဲ့ လက်ရည်လက်သွေးတွေကို ထုတ်ဖော်နိုင်တဲ့ e-sport လောက သီးသန့်ရှိတယ်။ ဒီမှာတော့ PUBG ကို လူဆော့များကြပြီး အမေရိကန်နဲ့ ဥရောပနိုင်ငံမှာတော့ Fortnite က ခေတ်စားနေပြီး ဟောလီဝုဒ် ဆယ်လီ တစ်ချို့လည်း ခုံခုံမင်မင်ဆော့နေကြတာကိုတွေ့ရတယ်။ အဲ့ဒီ့မှာ အမျိုးသမီး ဇာတ်ဆောင်တစ်ချို့ပါဝင်နေတာကိုလည်းတွေ့ရပါတယ်။ ၄င်းတို့ဟာ အချိန်ရရင် ရသလို ဆော့ကစားကြတဲ့ သူတွေလည်း ဖြစ်ကြပါသတဲ့.. ဘယ်သူတွေလည်း ကြည့်ကြည့်ကြရအောင်..။

Mila Kunis

View this post on Instagram

❤️

A post shared by Mila Kunis (@milakunisactress) on

Mila Kunis လို လှပတဲ့ မင်းသမီးတစ်လက် မသိတဲ့သူ ခပ်ရှားရှားပါပဲ။ သူမဟာ အွန်လိုင်း ဂိမ်းဆော့ရတာကို နှစ်သက်တဲ့သူလည်းဖြစ်ပါတယ်။ ဘယ်လိုဂိမ်းမျိုးကိုဆော့သလဲဆိုတော့ World of Warcraft လို၊ Call of Duty လို ဂိမ်းမျိုးတွေကိုမှ ဆော့တာပါ။ Call of Duty ကိုလည်း စွဲစွဲလမ်းလမ်း ဆော့ပါသတဲ့။

 

Cameron Diaz

သူမကတော့ အထူးပြောစရာမလိုတဲ့ နာမည်ကျော် မင်းသမီး တစ်ယောက်ဖြစ်ပါတယ်။ Cameron Diaz ဟာ ၁၉၉၅ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Mortal Combat နဲ့ လူသိများခဲ့တယ်။ သူမဟာလည်း World of Warcraft ဖန်တစ်ယောက်ဖြစ်ပါတယ်။

 

Zoey Deschanel

ချစ်စဖွယ်ကောင်းတဲ့ Zoey Deschanel ကတော့ ပေါ့ပေါ့ပါးပါး Nintendo ဂိမ်းတွေကို စွဲလမ်းပါသတဲ့။ Legend of Zelda ကို နှစ်ခြိုက်စွာဆော့ကစားတယ်လို့ သိရတယ်။

 

Janina Gavankar


Janina က ပုံမှန် အွန်လိုင် ဂိမ်းဆော့တဲ့သူဖြစ်ပါတယ်။ သူမက Boderlands နဲ့ Assassin Creed III လို ဂိမ်းမျိုးတွေကို ထက်ထက်သန်သန် ပုံမှန်ဆော့ကစားတဲ့သူဖြစ်တယ်။ သူမရဲ့ ဘလော့ဂ်တွေမှာလည်း ဂိမ်းဆော့ကစားနေပုံတွေကို မကြာခဏ တိုက်ရိုက်ထုတ်လွှင့်တတ်ပါတယ်။

READ
နှစ်သစ်ကူးပိတ်ရက်မှာ ချစ်သူနဲ့အတူ သာသာယာခရီးထွက်နေတဲ့ နေခြည်ဦး

 

Olivia Munn

View this post on Instagram

🕴🏻

A post shared by Olivia Munn (@oliviamunn) on

Olivia က သူမ အနှစ်အသက်ဆုံး အစားအသောက်တွေရယ် အကြိုက်ဆုံး ဂိမ်းဖြစ်တဲ့ Guitar Hero ကို ဆော့ကစားနေရရင် နေ့ရက်တွေဟာ စိုပြေနေတယ်လို့ ထုတ်ဖော်ဖူးပါတယ်။ အခုနောက်ပိုင်းမှာတော့ Call of Duty: Modern Warfare 3 ကို ဆော့ကစားနေတယ်လို့ သိရပါတယ်။

 

Jessica Alba

Jessica Alba ကလည်း Nintendo ပရိသတ်ပါပဲ။ Bomberman, Pac-Man, Super Mario Brothers နဲ့ Wii Sports ဂိမ်းစတဲ့ ပေါ့ပေါ့ပါးပါး ပျော်စရာတွေကို နှစ်သက်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

 

Megan Fox

View this post on Instagram

#happyholidays @fredericks_hollywood

A post shared by Megan Fox (@meganfox) on


Megan Fox က Mortal Kombat ကို အကြိုက်ဆုံးလို့ သိရပါတယ်၊ ဒီ့အပြင် Halo ကိုလည်း အချိန်တော်တော်ပေးပြီး ကစားဖြစ်တယ်လို့ သိရတယ်။

 

Gemma Atkinson

Gemma ရဲ့ အကြိုက်တွေက Tom Raider နဲ့ Call of Duty ဖြစ်ပြီး အွန်လိုင်းမှာလည်း ပုံမှန် ကစားဖြစ်တယ်လို့ သိရတယ်။

 

Kim Kardashian

View this post on Instagram

I’ve dreamed of this moment for so long, many said it would never come. Words cannot begin to express how much of an honor it is to have my first solo US cover of @VogueMagazine. I remember as a little girl flipping through my mom’s subscription each month and dreaming of one day gracing the cover of this iconic magazine. Thank you to the incredible Anna Wintour for your support as always, it means the world to me. @Tonnegood, @Mikaeljansson and the glam team were an absolute dream to work with. I’m so incredibly grateful to writer @Jonathanvanmeter for illustrating a glimpse into my life in a way that I don’t think has ever been done –  from juggling family, my businesses and pursuing a law degree with such care and seriousness. Special thank you to my husband Kanye for speaking into existence that one day I would grace the cover of Vogue when everyone told me to be “more realistic.” #dreamsdocometrue #speakitintoexistence #voguemagazine Photographer: Mikael Jansson @mikaeljansson Stylist: Tonne Goodman @tonnegood Makeup: Hannah Murray @hannah_murray1 Hair headpieces: Shay Ashual @shayashual Cover Look: Chanel top @chanelofficial; Irene Neuwirth necklace @ireneneuwirth. Vogue Team @sergiokletnoy & @jilldemling

A post shared by Kim Kardashian West (@kimkardashian) on

Kim ဟာ Call of Duty: Black Ops II ကို နှစ်နှစ်ခြိုက်ခြိုက် ဆော့ကစားတဲ့သူတစ်ယောက်ပါ။ စွဲနေတယ်လို့တောင်မှ တွစ်တာပေါ်မှာ ပြောခဲ့ပြီး နာမည်ကြီးခဲ့ပါသေးတယ်။

READ
အလောင်းအစားလုပ်ပြီး Body Transformation လုပ်ပြခဲ့ကြတဲ့ သူတို့

 

Adrianne Curry

Adrianne ကတော့ World of Warcraft ကို အကြီးအကျယ် ဆော့ကစားတဲ့သူဖြစ်ပါတယ်။ Comic-cons နဲ့ Star Wars နဲ့ ပတ်သက်သမျှကို နှစ်သက်သဘောကျတယ်လို့လည်း သိရပါတယ်။

 

Ref: Butterfly Labs

Matthew (ShweMOM)

SHARE