ဘယ်တော့မှ ရိုးမသွားတဲ့ ဖက်ရှင်တွေနဲ့ ဘယ်လာဟက်ဒီး

ဒီနေ့ခေတ်ဖက်ရှင်အကြောင်းကို စိတ်ဝင်စားသူတွေကတော့ ဘယ်လာဟက်ဒီးနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ သူ့ရဲ့အစ်မ ဂျီဂျီဟက်ဒီး လောက် နာမည်မကျော်ကြားပေမယ့် အနက်ရောင်ဖက်ရှင်တွေနဲ့ အထာကျတဲ့ ဘယ်လာ ဟာ အမေရိကန်ရဲ့ မော်ဒယ်လ်လောကမှာတော့ လူပြောများသူပါ။

Splash News

၂၀၁၆ ခုနှစ်မှာ Model.com က ချီးမြှင့်ခဲ့တဲ့ တစ်နှစ်တာမော်ဒယ်လ်ဆုကို ရရှိခဲ့တဲ့ ဘယ်လာက တစ်စတစ်စနဲ့ အောင်မြင်တဲ့ ဖက်ရှင်မော်ဒယ်လ်တစ်ယောက်ရဲ့ ဘ၀ကို ရောက်လာခဲ့ပါတယ်။

AKM-GSI

အနက်ရောင်ဖက်ရှင်တွေကို စွဲစွဲမြဲမြဲဝတ်တတ်တဲ့ ဘယ်လာက ဒီဇိုင်းဆန်းတဲ့ဖက်ရှင်တွေကိုလည်း အထာကျကျ ၀တ်ဆင်တတ်သူပါ။

Splash/AKM-GSI

ဒီနေ့မှာတော့ ဖက်ရှင်ပရိသတ်တွေအတွက် Elle.com ကရွေးချယ်ပေးလိုက်တဲ့ ဘယ်လာရဲ့ အကောင်းဆုံးဖက်ရှင်ဒီဇိုင်းတွေထဲက တချို့ကို ပြန်ပြီး ဖောက်သည်ချလိုက်ပါတယ်နော်။

Splash News
ELLE
ELLE
Splash News

 

Linn

Source : Elle.com

SHARE