လက်ရှိမှာ အကောင်းဆုံးဆိုတဲ့ ဇိမ်ခံ ဖိနပ်ဘရန်းတွေအကြောင်း

အခုခေတ်မှာ လူသားတွေဟာ များစွာသော နေ့စဉ်ထုတ်ကုန်တွေကို ဖန်စီကျအောင်၊ ထောက်ပြစရာမရှိအောင် ပြောင်းလဲပြင်ဆင်နေကြပါတယ်။ ဘယ်လောက်တောင်လဲဆို ဇိမ်ခံ အသင့်စားစရာ၊ ဇိမ်ခံ သောက်ရည်သန့်၊ ဇိမ်ခံ အရောင်ချွတ်ဆေး စသဖြင့် သာမန် ပစ္စည်းတွေရဲ့ အရှေ့မှာ ဇိမ်ခံဆိုတဲ့ အသုံးအနှုန်းထည့်လိုက်တာနဲ့ကို ပြောင်းလဲသွားတော့တာပါပဲ။

အခုဆို နာမည်ကြီး  အ၀တ်အစား ဘရန်းကုမ္ပဏီတွေက ချမ်းသာကြွယ်ဝတဲ့ အသိုင်းအ၀ိုင်းအတွက် ရည်ရွယ်ပြီး များစွာသော ဇိမ်ခံ အသုံးအဆောင်တွေကို ထုတ်လုပ်လျက်ရှိနေပါတယ်။ ဒီနေ့ခေတ် လူတွေကလည်း အ၀တ်အစားဆို ကောင်းကောင်း ၀တ်ကြတယ်၊ တစ်ခါဝတ်ပြီး လွှတ်ပစ်လိုက်ရမယ့်အရာတွေထက် အထူးဖက်ရှင်ကျအောင် ပြုလုပ်ထားတဲ့ အရာတွေကို ဦးစားပေးလာကြတယ်။ အဲ့ဒီလို ဇိမ်ခံပစ္စည်းတွေထဲက ရူးဖိနပ်တွေဟာဆိုလည်း လူတိုင်းကို အသည်းခိုက်စေပါတယ်။

ဒါကြောင့် ကမ္ဘာပေါ်က အမိုက်စား ဇိမ်ခံ ဖိနပ် ဘရန်းတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

 

Gucci

Gucci

Gucci ဟာ ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး ဘရန်းတွေက တစ်ခုပါ။ အီတလီ နိုင်ငံမှာ ထုတ်လုပ်ပြီး အခုဖော်ပြထားတဲ့ ဖိနပ်တွေရဲ့ Gucci ရဲ့ ပေါ်ပြူလာ အဖြစ်ဆုံး ဖိနပ်တွေဖြစ်ပါတယ်။

READ
ဘ၀မှာအမှန်တကယ်ပျော်ရွှင်ချင်ရင် စွန့်လွှတ်သင့်တဲ့အရာများ

 

CQP

CQP

ဆွီဒင်နိုင်ငံ စတောခ့်ဟုမ်းမြို့က အကောင်းစာ ဖိနပ်ဖြစ်ပါတယ်။ CQP (Conversations & Quintessential Products) က သူတို့ရဲ့ ဖိနပ်တွေကို ဆွီဒင်မှာ ဒီဇိုင်ဆွဲတယ်၊ ပေါ်တူဂီနိုင်ငံမှာ လက်ချုပ်လိုက်တယ်၊ ဒါကြောင့်လည်း ဈေးကမသေးဘူး ပြောနိုင်ပါတယ်။ CQP ရဲ့ လူအကြိုက်များဆုံး ကော်လက်ရှင်က Racquet ဖြစ်ပါတယ်။

Balenciaga

Balenciaga

ဒီ ဘရန်းကတော့ အခုနောက်ပိုင်း ဟောလီဝုဒ်က ဆယ်လီတွေ သိပ်ဝတ်လာကြတဲ့ ဘရန်းပါ။ ရပ်တည်လာတဲ့ ရာစုနှစ် နီးပါရှိနေပြီဖြစ်တဲ့ ကုမ္ပဏီဟာ တီထွင်မှုမြောက်တဲ့ ဒီဇိုင်းတွေနဲ့ ကမ္ဘာကြီးကို လှုပ်ခတ်နေတုန်းပါပဲ။ အိုဗာဆိုက် Triple S ဖိနပ်ဟာ နာမည်အကြီးဆုံးဖြစ်တယ်၊ ထရိန်နာ ထရန်းမှာတော့ လုံးဝဘုရင်ပဲ။

READ
သင်ဟာ လိင်စိတ်ကင်းမဲ့နေသူ တစ်ယောက်လားဆိုတာ သိနိုင်တဲ့အချက်များ

 

Saint Laurent

Saint Laurent

လည်သာ ဂျက်ကက်တွေ၊ အနက်ရောင် ဘွတ်ဖိနပ်တွေ ထုတ်လုပ်ရာမှာ နာမည်ကြီး ဘရန်းတစ်ခုဖြစ်တယ်။ ဒီ ပြင်သစ် ဖက်ရှင်ဟောက်စ်က အခုဆို ထရိန်နာ ဖိနပ်တွေကို ကင်ဗတ်ပုံစံမှာ များစွာသော ပုံစံရှိတ်တွေထည့်သွင်း ချုပ်လုပ်ပြီး ဈေးကွက်ကို ထိုးဖောက်နေပါတယ်။

 

John Lobba

John Lobb

John Lobb ဘရန်းက အီတလီ အခြေစိုက်ဖြစ်တယ်။ တကယ်ကိုပဲ လက်ရာမြောက်ပြီး သပ်ရပ်သန့်ရှင်းတဲ့ retro sneaker တွေကို ထုတ်လုပ်နေပါတယ်။ ကြာရှည်စွာ စီနိုင်အောင်၊ ပေါ့ပါအောင်လည်း ဖန်တီးထားတယ်။ ဘိုးလင်ပစ်မလား၊ လမ်းလျှောက်ထွက်မလား လုံးဝကွက်တိကျနေစေမှာပါ။ ဒါတင်မက ကိုယ်ပိုင် သီးသန့် ချုပ်ချင်တယ်ဆိုလည်း Lobb’s By Request service နဲ့ ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

Ref: Fashionbean

Matthew (ShweMOM)

SHARE