မင်္ဂလာပွဲမှာ ကောင်းချီးပေးနေတုန်း ကံဆိုးခဲ့တဲ့ သတို့သားအရံရဲ့ ဖြစ်ရပ်

Goood Times

မင်္ဂလာဆောင်တယ်ဆိုတာ သတို့သမီးနဲ့ သတို့သားတို့အတွက် စိတ်အလှုပ်ရှားရဆုံးအချိန်ပါပဲ။ ခရစ်ယာန်ဓလေ့အရ ဘုန်းတော်ကြီးကနေ မင်္ဂလာကောင်းချီးပေးတဲ့အချိန်ဆိုရင် ပရိတ်သတ်တွေကအစ တိတ်ဆိတ်မင်သက်ပြီး နေနေတတ်ကြပါတယ်။ ဒီမင်္ဂလာပွဲမှာကတော့ ဒီလိုတိတ်ဆိတ်နေတဲ့အချိန်ကို ဝက်ဝက်ကွဲရယ်သံတွေနဲ့ ဖြိုခွင်းခဲ့သူကတော့ သတို့သားအရံပဲဖြစ်ပါတယ်။

Good Times

ကောင်းချီးပေးနေတုန်း သတို့သားဘေးနားမှာ မတ်တပ်ရပ်နေရတဲ့ သတို့သားအရံဟာဆိုရင် သူတောင်မသိဘဲ ဝတ်ထားတဲ့ ဘောင်းဘီက ချောင်ပြီး ကျွတ်ကျသွားခဲ့တာပါ။ အောက်ကဘောင်းဘီတိုလေးနဲ့ ကြောင်နေတဲ့ သတို့သားအရံကို သတို့သားကတောင် ဘောင်းဘီကူဆွဲတင်ပေးလိုက်ရပါသေးတယ်။ ဒီအဖြစ်ကြောင့်ပဲ ဘုန်းတော်ကြီးကစလို့ သတို့သားရော၊ သတို့သမီးရော၊ ပွဲလာတဲ့ ပရိတ်သတ်တွေပါ အခမ်းအနားမပြီးမချင်း ရယ်လို့ကို အတောမသတ်နိုင်ကြပါဘူးတဲ့။

Good Times
Good Times
Good Times

ဘောင်းဘီကျွတ်ကျခဲ့တဲ့ သတို့သားအရံအတွက်တော့ ရှက်စရာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သတို့သားနဲ့ သတို့သမီးအတွက်ကတော့ မင်္ဂလာဆောင်မှာ အမှတ်တရကောင်းတစ်ခုအဖြစ် တစ်သက်လုံး ကျန်နေတော့မှာပါ။

Source : Good Times

Penny

SHARE