(၉၂) ကြိမ်မြောက် အော်စကာဆုပေးပွဲရဲ့ လူစိတ်ဝင်စားမှု အများဆုံး အခိုက်အတန့်များ

YouTube/ABC

ဟောလိဝုဒ်ရုပ်ရှင်လောကရဲ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးဖြစ်တဲ့ ၉၂ ကြိမ်မြောက်အော်စကာဆုပေးပွဲကြီးဟာ ပြီးဆုံးသွားခဲ့ပါပြီ။တောင်ကိုရီးယားရုပ်ရှင် Parasite ရုပ်ရှင်ဟာ အကောင်းဆုံးရုပ်ရှင်၊ အကောင်းဆုံးဒါရိုက်တာအပါဝင် ဆုတော်တော်များများကိုလည်း ရရှိခဲ့ပြီး အောင်ပွဲခံခဲ့တဲ့ နှစ်တစ်နှစ်လည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အော်စကာဆုပေးပွဲမှာဘာတွေ ထူးခြားခဲ့သလဲ၊ ဘယ်သူတွေက ဘယ်လိုဖြစ်ခဲ့သလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။

– ဆန်စကာတင်ဆုစာရင်းမှာ မပါဝင်လာတဲ့ အမျိုးသမီးဒါရိုက်တာတွေရဲ့နာမည်တွေကို အကျီ င်္မှာ ရိုက်ဝတ်လာတဲ့ Natalie Portman

ယခုနှစ် အကောင်းဆုံးဒါရိုက်တာဆု စကာတင်စာရင်းမှာ အမျိုးသမီးဒါရိုက်တာတစ်ယောက်မှ မပါဝင်ခဲ့ပါဘူး။ ဒါကြောင့်မို့ မင်းသမီးNatalie Portmanဟာ ပွဲတက်သူ့ရဲ့ အကျီ င်္မှာ အမျိုးသမီးဒါရိုက်တာတွေရဲ့ နာမည်စာရင်းကို ရေးထိုးပြီး အော်စကာဆုပေးပွဲကို တက်ရောက်လာခဲ့ပါတယ်။ မြင်သာထင်သာတဲ့ နာမည်တွေထဲမှာတော့ Hustlers ရုပ်ရှင်ရဲ့ ဒါရိုက်တာLorene Scafaria ၊ The Farewell ရဲ့ ဒါရိုက်တာ Lulu Wang ၊ Little Women ရဲ့ ဒါရိုက်တာGreta Gerwig တို့ရဲ့ နာမည်ကို တွေ့ရပါတယ်။ LA Times နဲ့ တွေ့ဆုံမေးမြန်းရာမှာတော့ မင်းသမီးNatalie Portmanဟာ ဘာကြောင့် ဒီလိုဝတ်လာရတာနဲ့ ပတ်သက်ပြီး အခုလိုပြောခဲ့ပါတယ်။ “ကျမ နည်း ကျမဟန်နဲ့ သူတို့ရဲ့ အံ့သြစရာကောင်းတဲ့ လက်ရာတွေကို ဂုဏ်ပြုတာပါ။ အသိအမှတ်ပြုခြင်းမခံရတဲ့ အမျိုးသမီးဒါရိုက်တာတွေ ကျမ အသိအမှတ်ပြုချင်ပါတယ်”

–  ကွယ်လွန်သူ Kobe ကို ဂုဏ်ပြုခဲ့တဲ့ ဒါရိုက်တာ Spike Lee

READ
အမိုက်စား တင်ဆက်မှုတွေနဲ့ ဖျော်ဖြေခဲ့တဲ့ ဝိုင်းစုခိုင်သိန်း

 

 

View this post on Instagram

 

Da Lee’s Are In Da House.💜💜💜

A post shared by Spike Lee (@officialspikelee) on

အမေရိကန်လူမည်းဒါရိုက်တာတစ်ယောက်ဖြစ်တဲ့  Spike Lee ဟာ ဇန်နဝါရီ ၂၆ မှာ ရဟတ်ယာဉ်မတော်တဆမှုနဲ့ ကွယ်လွန်ခဲ့တဲ့ Kobe Bryant ကို ဂုဏ်ပြုတဲ့ သဘောအနေနဲ့ သူ့ရဲ့ ကျောနံပတ် 24 ကို ပွဲတက်ဝတ်စုံမှာ ထည့်သွင်းလာပြီး ဝတ်ဆင်ခဲ့ပါတယ်။ ဖိနပ်ကိုလည်း Nike ကုမ္ပဏီက Kobe နာမည်နဲ့ ထုတ်လုပ်ခဲ့တဲ့ Nike Kobe 9 Elite ကို ဝတ်ဆင်လာခဲ့တာ တွေ့ရပါတယ်။

– Rooney Mara ဓာတ်ပုံရိုက်နေတာကို ဘေးကနေ ရပ်စောင့်နေခဲ့တဲ့ Joaquin Phoenix

Twitter/JeffKravitz

Joaquin Phoenix နဲ့Rooney Mara တို့ နှစ်ယောက်ဟာ စေ့စပ်ထားတဲ့ စုံတွဲတွေပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ Her ရုပ်ရှင်ဇာတ်ကားထဲမှာ အတူတူ သရုပ်ဆောင်ခဲ့ဖူးကြပါတယ်။ ကော်ဇော်နီကို အတူတူဖြတ်လျှောက်လာရင်းနဲ့ ဓာတ်ပုံဆရာတွေက မင်းသမီးဖြစ်သူကို ဓာတ်ပုံရိုက်ဖို့ ခွင့်တောင်းရာမှာ အတူတူရှိနေတဲ့ Joaquin Phoenix ဟာ ဘေးကို ခဏ ထွက်ရပ်ပြီး ဓာတ်ပုံရိုက်နေတာကို စောင့်ကြည့်နေခဲ့ပါတယ်။

 

– Eminem သီချင်းဆိုနေတုန်း အိပ်ငိုက်ခဲ့တဲ့ Martin Scorsese

READ
(၂၀၁၈)မှာ ချစ်ရသူတွေနဲ့ ရွှေလက်တွဲခဲ့ကြတဲ့ မြန်မာဆယ်လီများ

Eminem ဟာ သူ့ရဲ့ နာမည်ကျော်သီချင်းဖြစ်တဲ့ Lose Yourself သီချင်းကို သီဆိုဖျော်ဖြေပြီး အော်စကာဆုပေးပွဲတစ်ခုလုံးကို အံ့အားသင့်အောင် လုပ်ခဲ့ပါတယ်။ လူတိုင်းဟာ Eminem ရဲ့ ဖျော်ဖြေမှုကြောင့် အံ့အားသင့်ခဲ့ရပေမယ့် ဝါရင့်ဒါရိုက်တာကြီး Martin Scorsese တစ်ယောက်တော့ မပါဝင်ပါဘူး။ Martin ဟာ Eminem သီချင်းဆိုနေတုန်းမှာ အိပ်ငိုက်နေတဲ့ ပုံတွေ ထွက်လာခဲ့ပါတယ်။

– Eminem သီချင်းဆိုနေတာကို စိတ်ပျက်နေပုံပေါက်တဲ့ Billie Eilish

YouTube/ABC

Billie Eilishဟာ အော်စကာဆုပေးပွဲမှာ Beatles ရဲ့ Yesterday သီချင်းနဲ့ ရုပ်ရှင်နာမည်က ကွယ်လွန်သူတွေကို ဂုဏ်ပြုခဲ့ပါတယ်။  Billie Eilish ဟာ Eminem သီချင်းဆိုနေတုန်းမှာ သူ့ရဲ့ မျက်နှာက သိပ်ပြီး ပျော်ရွှင်ပုံမေါ်ပါဘူး။ (၂၀၁၉)ခုနှစ်တုန်းက Billboard နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာတော့ Billie ဟာ Eminem ကို ကြောက်ရွံ့ကြောင်း ဖြေကြားခဲ့ဖူးပါတယ်။

– သူ့ချစ်သူကို ခေါ်ပြီး အော်စကာဆုပေးပွဲတက်ရောက်လာတဲ့ Leonardo DiCaprio

YouTube/ABC

Leonardo DiCaprio ဟာ အော်စကာဆုပေးပွဲမှာ သူ့ရဲ့ ချစ်သူ Camila Morroneနဲ့ အတူ တက်ရောက်လာခဲ့တာပါ။ သူတို့နှစ်ယောက်ဟာ တွဲနေခဲ့တာကြာခဲ့ပေမယ့် အော်စကာဆုပေးပွဲကို အခုမှသာ အတူတူ တက်ရောက်လာခဲ့ခြင်းဖြစ်ပါတယ်။ ဆုပေးပွဲအခမ်းအနားထဲမှာ အတူတူထိုင်နေခဲ့ကြပေမယ့် ကောဇော်နီကိုတော့ အတူတူ ဖြတ်ပြီး မလာခဲ့ပါဘူး။ မီဒီယာတွေကို ကြောက်လို့ တူပါရဲ့။

– အော်စကာဆုကို စိုက်ကြည့်နေတဲ့ Bong Joon-ho

 

Parasite ရုပ်ရှင်ရဲ့ ဒါရိုက်တာဖြစ်သူ ဘွန်ဂျွန်ဟိုးဟာ သူ့ရဲ့ အော်စကာဆုရုပ်ထုကို ငေးကြည့်နေတဲ့ ပုံရိပ်ဟာလည်း ဆုပေးပွဲရဲ့ အမှတ်တရတစ်ခုဖြစ်ခဲ့ပါတယ်။ Bong Joon-ho ဟာ Parasite ရုပ်ရှင်အတွက် အကောင်းဆုံးoriginal screenplay ကို  Han Jin-won နဲ့ တွဲဖက် ရရှိခဲ့ချိန်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အော်စကာဆုကို ငေးကြည့်နေခဲ့တာပဲဖြစ်ပါတယ်။

Ye Yint Kyaw

SHARE